NEWS

တနဂ်နွေရုံးပိတ်ရက်ကိုအိုတီ(အချိန်ပို)ကြေးမပေးဘဲ အလကားဆင်းခိုင်းနေတယ်လို့ Myanmar Jiale Fashion Garment အထည်ချုပ်အလုပ်သမားတွေပြော

CoverLogo
2.9K Views

အလုပ်သမားတွေဆီက စံချိန်တွေတိုးတောင်းပြီးတော့ စံချိန်မပြည့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တနဂ်နွေရုံးပိတ်ရက်ကိုပါအိုတီကြေးမပေးဘဲ ဆင်းခိုင်းနေတဲ့အတွက် Myanmar Jiale Fashion Garment အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်တွေ့နေရတယ်လို့သိရပါတယ်။

အဆိုပါအထည်ချုပ်လုပ်ငန်းဟာ တရုတ်လူမျိုးပိုင်ဆိုင်တာဖြစ်ပြီးတော့ ချင်းတွင်လမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ် မှာလုပ်သားဦးရေ ၁၀၀၀ ဝန်းကျင်နဲ့လည်ပတ်လုပ်ကိုင်နေတဲ့လုပ်ငန်းတခုဖြစ်တယ်လို့ သိရပါတယ်။

"စက်ရုံကအလုပ်သမားတစ်ဦးချုပ်လုပ်နိုင်တာထက် စံချိန်တွေတောင်းတယ် အလုပ်သမားတွေကို‌‌တောင်းတဲ့ စံချိန်မပြည့်ရင်တနဂ်နွေနေ့မှာ OT အလကားဆင်း‌‌ခိုင်းတယ် အရင်ကဆို အထည်က(၄၀)ရာခိုင်နှုန်းပဲချုပ်‌ရတယ် အခုဆို(၆၀)ရာခိုင်နှုန်းချုပ်ပေး‌နေရတယ်"လို့ အလုပ်သမားတွေဖက်ကပြောပါတယ်။

Myanmar Jiale Fashion Garment အထည်ချုပ်စက်ရုံဖက်ကစံချိန်ကအရမ်း‌တောင်းတာများပြီး အထည်ကြေးကိုအရင်က(၁၀၀)ရာခိုင်နှုန်းပေးပေမယ့် ယခုအခုအခါမှာတော့ ကြေး(၆၀)ရာခိုင်နှုန်းပဲပေးတော့တဲ့အတွက် အထည်အရေတွက်များများပေးရပြီးအထည်ကြေးရတာနည်းသွားတယ်လို့အလုပ်သမားတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီးသမဂ္ဂ တွေကိုဖြိုခွဲတာသမဂ္ဂ ခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေကြောင့် စက်ရုံမှာအလုပ်သမားသမဂ္ဂရှိ‌‌ပေမဲ့‌ပေါ်‌ပေါ်လွင်လွင်လုပ်ခွင့်မရတော့တဲ့ အတွက်အလုပ်ရှင်‌တွေဖက်ပဥပ‌ဒေမဲ့ပုံစံအမျိုးမျိုးချိုး‌ဖောက်‌နေတာတွေရှိနေတာလို့အလုပ်သမားတွေကပြောပါတယ်။

Myanmar Jiale Fashion Garment အထည်ချုပ်စက်ရုံဟာ H&M အမှတ်တံဆိပ်အထည်များချုပ်လုပ်ကာစျေးကွက်ကိုပြန်လည်တင်ပို့ရောင်းချနေတဲ့စက်ရုံတခုလဲဖြစ်ပြီးအလုပ်သမားတွေဖက်ကတော့ယခုလိုအိုတီကြေးမပေးပဲခိုင်းနေတာတွေ စံချိန်မတရားတိုးပေးနေတာတွေကိုရပ်တန့်ပေးဖို့လိုလားနေကြတယ်လို့သိရပါတယ်။


 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026