NEWS

အော်ဒါကြေးတိုးမြှင့်သတ်မှတ်ပေးပြီး Rider များနှင့်သဘောတူညီမှု့ရရှိကြောင်း Food Panda ကြေညာ၊ မူလတောင်းဆိုထားတဲ့နှုန်းထားမဟုတ်တာကြောင့်လုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်တောင်းဆိုမှု့များရှိနေ

CoverLogo
1.5K Views

ယခင်ကလျော့ချထားတဲ့အော်ဒါကြေးတွေကိုယခုအချိန်မှာ တိုးမြှင့်သတ်မှတ်ပေးပြီး rider များနဲ့ သဘောတူညီမှုရရှိပြီ ဖြစ်တယ်လို့ food pandaကုမ္ပဏီက ကြေညာလိုက်ပေမယ့် Rider တွေရဲ့ပထမတောင်းဆိုထားတဲ့ တကီလိုအောက် ၆၅၀ နှုန်းမရရှိသေးတဲ့အတွက် Rider သမားတစ်ဝက်လောက်ကလုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်တောင်းဆိုသပိတ်မှောက်နေတယ်လို့ rider တွေကပြောပါတယ်။

အော်ဒါကြေးပြောင်းလဲသတ်မှတ်ဖို့ Rider တွေရဲ့တောင်းဆိုမှု့တွေရှိလာပြီးတဲ့နောက်မှာ Food panda ကုမ္ပဏီဖက်ကဆွေးနွေးညှိနှိုင်းမှုတွေလုပ်လာခဲ့တာဖြစ်ပြီး rider များနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တဲ့ အတွက် မတ်လ ၂၀ ရက်နေ့က စလို့ တိုးမြှင့်ထားတဲ့ အော်ဒါကြေး အတိုင်းပေးသွားမယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။

"သွားညှိထဲကပြောထားတဲ့အချက်တွေကညှိနှိုင်းတာအဆင်ပြေတယ်သူတို့ system အပ်ထားတဲ့ကုမ္ပဏီကိုလဲအော်ဒါလမ်းကြောင်းကိုအဖြောင့်အတိုင်းမတွက်ဖို့ဘာဖို့နဲ့ error မတက်အောင်လုပ်ပေးဖို့ပြောခဲ့တာပဲ ခုကတော့စောင့်ကြည့်ရမှာပေါ့"လို့ Riderတဦးက ပြောပါတယ်။

ခရီးအကွာအဝေး အတွက် အော်ဒါကြေး စာရင်းကိုပါ ပူးတွဲ ဖေါ်ပြထားပြီး လုပ်ငန်းတွေ ပြန်လည် လည်ပတ်နေပြီ ဖြစ်တဲ့ အတွက် rider တွေကို ကျေးဇူးတင်ကြောင်းလည်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက rider တွေဟာ အော်ဒါကြေး အဆမတန် ကျဆင်းသွားတာကြောင့်ရန်ကုန်၊ မုံရွာ၊ မန္တလေးအစရှိတဲ့မြို့ကြီးတွေက rider တွေဟာအော်ဒါမပို့ဆောင်ပဲသပိတ်မှောက်ခဲ့တဲ့အပြင် ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေကပါအတူတကွရပ်တည်ခဲ့ပြီး foodpanda ကို သပိတ်မှောက်ဖို့ ဆောင်ရွက်ခဲ့အပြီးနောက်မှာတော့အခုလိုညှိနှိုင်းပြီးကြေညာချက်ထုတ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။

"အခုက rider တွေကလိုချင်တာကအခြေခံ ၆၅၀ အခုခေါင်းဆောင်တွေနဲ့တွေ့ဆုံစဥ်က ၅၈၀ သာပေးလို့ မကျေနပ်တဲ့ rider တွေကလဲများနေပါတယ်၊ အခုအဲ့ဒါကိုမကျေနပ်လို့တဝက်လောက်အလုပ်ပြန်မဆင်းကြသေးပါဘူး"လို့ rider တစ်ဦးကဆိုပါတယ်။

ယခုလက်ရှိ Food Panda ကုမ္ပဏီဖက်မှတိုးမြှင့်
ပေးတဲ့ကြေးနဲ့အဆင်ပြေသွားပါပြီဆိုတာချပြဖို့အတွက် rider တွေစုနေရာနေရာကိုဓါတ်ပုံလာရိုက်သွားတယ်လို့ rider တွေရဲ့ပြောကြားချက်အရသိရပါတယ်။


Related posts

Cover
၂၀၂၆ ခုနှစ်တွင် အများပြည်သူ အလုပ်ပိတ်ရက် ၃၂ ရက် ရှိမည်
Dec 29, 2025
Cover
Sky Fashion Myanmar အထည်ချုပ် အလုပ်ထုတ်ထားသည့် ကလေးလုပ်သားများအား နေ့စားလုပ်ကိုင်ခိုင်း
Dec 29, 2025
Cover
RHEA WORKSHOP စက်ရုံ ဝင်ငွေခွန်ဆိုပြီး အထောက်အထားမပေးဘဲ ဖြတ်တောက်
Dec 29, 2025
Cover
Mai Yi Bei Garment အချိန်ပို လုပ်ကိုင်ခိုင်းလို့ ကျန်းမာရေးထိခိုက်၊ မဆင်းပါက အောစူပါက အများရှေ့မှာ ဆဲ
Dec 27, 2025
Cover
Myanmar Huasheng Kefu အထည်ချုပ် တစ်လ အချိန်ပို နာရီ ၁၀၀ ကျော် လုပ်ကိုင်ခိုင်း
Dec 26, 2025
Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025