NEWS

SIOEN Myanmar အထည်ချုပ် စက်ရုံမှအလုပ်သမားများကို ဥပဒေမဲ့ အကြိမ်ကြိမ်အလုပ်ထုတ်နေတဲ့အပြင် အလုပ်သမားများကိုပါဝင်ရောက်ဖမ်းဆီးခိုင်းတာတွေရှိနေ

CoverLogo
1.8K Views

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၊စက်မှုဇုန်(၂)၊အက္ခရာမင်းသားကြီးလမ်းတွင်ဖွင့်လှစ်ထားသောအိန္ဒိယနိုင်ငံသားပိုင် SIOEN Myanmar Garment 
စက်ရုံမှာအလုပ်သမားများကိုဥပဒေမဲ့စွာအကြိမ်ကြိမ်အလုပ်ထုတ်နေတဲ့အပြင်အလုပ်သမားခေါင်းဆောင်အမျိုးသမီး အပါအလုပ်သမားအမျိုးသားတဦး အမျိုးသမီးတဦးကိုပါ စစ်ကောင်စီတပ်သားတွေကစက်ရုံဝင်းထဲအထိဝင်ရောက်ဖမ်းဆီးခိုင်းတာတွေရှိနေတယ်လို့သိရပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမားအင်အား(၇၀၀)ကျော်တို့ဖြင့်လည်ပတ်လျှက်ရှိတဲ့အထည်ချုပ်စက်ရုံတခုလို့သိရပါတယ်။

"စက်ရုံမှာအလုပ်သမားများကိုအလုပ်ခန့်ပြီးနေ့စားလရှင်းဖြင့်အလုပ်စေခိုင်းပြီးအလုပ်ဆင်းရက်(၂)   လပြည့်သည့်နေ့တွင်အကြောင်းပြချက်မရှိလူအင်အားလျော့ချသည်ဟုဆိုကာအလုပ်ထုတ်ပယ်ခဲ့တယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

ဖေဖော်ဝါရီ လတွင်အလုပ်သမား(၆၀)ကျော်ကိုလည်းဥပဒေမဲ့အလုပ်ထုတ်မှုများလည်းရှိခဲ့တယ်လို့ သိရပါတယ်။

"အလုပ် ထုတ်မှုသည်အကြိမ်ကြိမ်ရှိနေတဲ့အပြင်
လစာသမားများကိုလည်းရုံးခန်းထဲသို့ခေါ်ယူကာနေ့စားအလုပ်သမားများအလုပ်လုပ်သည့်နေရာတွင် အလုပ်လုပ်ရမည်ဟုပြောကာလက်မှတ်ထိုးခိုင်းပြီးလက်မှတ်မထိုးသောအလုပ်သမားများကိုလည်း အလုပ်မှထုတ်ပယ်ခဲ့တယ်"လို့နစ်နာသူအလုပ်သမားတွေကပြောပါတယ်။

SIOEN Myanmarစက်ရုံမှ၂လပြည့်သည့်နေတွင်လူအင်အားလျော့ချခံခဲ့ရသောအလုပ်သမားများကိုလူသစ်အလုပ်သမားများအနေ ဖြင့်ထပ်မံခေါ်ယူစေခိုင်းမှုလည်းရှိပြီးထိုလုပ်ရက်သည်အလုပ်သမားများအပေါ် အလုပ်ရှင်မှအ ကြိမ်ကြိမ်ချိုးဖောက်မှုများပြုလုပ်လျှက်ရှိနေတယ်လို့နစ်နာသူအလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

SIOEN စက်ရုံမှာသမဂ္ဂအဖွဲ့အစည်းရှိပေမယ့်နိုင်ငံရေးအခြေအနေကြောင့်သမဂ္ဂများလှုပ်ရှားမှုရပ်တန့်နေရတယ်လို့လဲအလုပ်သမားတွေကဆိုပါတယ်။


"စကစဘက်မှလည်းအလုပ်သမားဦးဆောင်သူအမျိုးသမီးတစ်ဦးကိုစက်ရုံထဲ၀င်‌ရောက်ဖမ်းဆီးမှုရှိပြီး၊ မကြာမှီအချိန်အတွင်းမှာလည်းအလုပ်သမားအမျိုးသားတစ်ဦးနှင့်အမျိုးသမီတစ်ဦးကိုစက်ရုံအတွင်းထဲမှစကစလာရောက်ဖမ်းဆီသွားသည့်အထိဖြစ်ပွားခဲ့ပါတယ်"လို့အမည်မဖော်လိုတဲ့အလုပ်သမားတဦးပြောပါတယ်။

လက်ရှိအလုပ်သမားများအနေနှင့်စက်ရုံရဲ့
အလုပ်ရှင်မှဥပ‌ဒေမဲ့အလုပ်သမားကိုအလုပ်ထုတ်ခြင်းများမပြုလုပ်ရန်နှင့်နေ့စားအလုပ်သမားခေါ်ယူခိုင်းစေခြင်းများကိုဥပဒေနှင့်အညီဆောင်ရွက်‌ပေးဖို့လိုလားနေကြတယ်လို့သိရပါတယ်။

SIOEN Myanmarအထည်ချုပ်စက်ရုံဟာ SIOEN အမှတ်တံဆိပ်နဲ့ကိုယ်ပိုင် Brand အထည်တွေချုပ်လုပ်ပြီးစျေးကွက်ထဲကိုတင်ပို့ရောင်းချနေတဲ့စက်ရုံတခုဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026