NEWS

Food panda Rider များသပိတ်မှောက်မှု ဆက်လက်ဆင်နွှဲနေဆဲ

CoverLogo
3.2K Views

ရန်ကုန် မန္တလေးနဲ့ မုံရွာ စတဲ့ မြို့တွေက အစားသောက်ပို့ဆောင်ပေးသူတွေ ဖြစ်တဲ့ Food panda Rider တွေဟာ ကုမ္ပဏီကနေ အော်ဒါကြေးပြောင်းလဲသတ်မှတ်တာကို ကျေနပ်မှုမရှိတဲ့အတွက်  အလုပ်မဆင်းဘဲ သပိတ်မှောက်နေတာပါ။


အခုလို အလုပ်မဆင်းဘဲ သပိတ်မှောက် ဆန္ဒဖော်ထုတ်နေတာကို စားသုံးသူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကပါ ဝန်းရံကာ ခေါင်းပုံဖြတ်ခံနေရတဲ့ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုနေကြပါတယ်။
မနေ့က မတ်လ ၁၉ ရက် နေ့လည် ၂ နာရီမှာတော့ Food panda Rider ၁၀ ဦးကိုခေါ်ယူတွေ့ဆုံခဲ့ပေမယ့် Rider တွေရဲ့ တောင်းဆိုချက်တွေကို ပြေလည်အောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့အတွက် တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့ဘူးလို့ ဆန္ဒပြ နေတဲ့ Food panda Rider တစ်ဦးက ဆိုပါတယ်။


"စာထုတ်တာက ၁ နာရီ ပြီးတော့ ၂ နာရီမှာတွေ့ဆုံညှိနှိုင်းမယ်တဲ့ အချိန်ကို အရမ်းကပ်ပြီး ပြင်ဆင်ချိန်မရအောင်လုပ်တဲ့သဘောပါ Rider တွေကတော့ တိကျတဲ့ အဖြေတစ်ခုမရမချင်း တောင်းဆိုတာတွေမရမချင်း ဆက်မလုပ်ပါဘူးလို့ Rider တစ်ဦးကပြောပါတယ်။


"အခုလက်ရှိသူတို့ရဲ့လှည့်ကွက်က ၂၀ ရက်နေ့သပိတ်ကို မဖြစ်စေချင်တဲ့ ပုံစံမျိုးပါ ကျွန်တော်တို့ကတော့ သပိတ်ကို အပျက်မခံပါဘူး ကျွန်တော်တို့ဘက်ကဝန်းရံပေးထားတဲ့ သူတွေကို ပြန်ပြီးလေး စားရမှာ ဖြစ်လို့ သပိတ်ကို ဆက်လုပ်သွားမှာပါ"လို့ ယင်းကဆက်ပြောပါတယ်။


လက်ရှိမှာတော့ ဆန္ဒပြမှု အခြေအနေဟာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပေမယ့်   Food panda တာဝန်ရှိသူတွေကတော့ မနေ့က   Rider တွေနဲ့ ခေါ်ယူတွေ့ဆုံခဲ့တဲ့အတွက် ပြေလည်မှုရခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေကနေ ဖြန့်ဝေနေဆဲပါ။


Food panda company ဘက်ကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ rider တစ်ဦးက
"အဓိကပြောရရင်သူ့ဖက်ကိုယ့်ဖက်ညှိလာနိုင်ခဲ့တယ်ပေါ့နော်၊ ဒါပေမယ့်သူတို့ဖက်ကပေးမပေးတော့စောင့်ကြည့်သွားရမှာပါ၊ ဒါပေမယ့်အခုပေးမယ့်၅၈၀ကအော်ဒါမှာမှရမှာခုလို Boycott လုပ်ပုံနဲ့အဆင်မပြေနိုင်ဖူးပေါ့ အဲ့​ဒါကြောင့်စားသုံးသူတွေကို rider တွေအခုလိုတကီလိုအောက်ကို ၅၈၀ နှုန်းပြန်ရဖို့ Food    Panda App ကိုပြန်သုံးပြီးအော်ဒါမှာပေးကြဖို့ပြောချင်ပါတယ်လို့  ယင်းကဆိုပါတယ်။ 


ဒါပေမယ့် ခေါင်းဆောင် ၁၀ ယောက်က ရုံးချုပ်ကို သွားတွေ့ဖို့ ပြင်ဆင်ချိန်ဟာ ၂၁ မိနစ်သာ အချိန်ရတာကြောင့် ပြင်ဆင်ချိန်မရခဲ့ဘဲ တိကျတဲ့တောင်းဆိုချက်မျိုးမရခဲ့ဘူးလို့ rider အများစုက ယူဆပါတယ်။


"စားသုံးသူတွေကအသိပေးချင်တာကတော့ သေချာတာတစ်ခုကတော့ Rider တွေအကုန်လုံးကထွက်နင်းအုံးမှာမဟုတ်သေးပါဘူး စားဝတ်နေရေးအရရော ဘေးလွယ်အိတ်ဂဏန်းလိုလူတွေကတော့ထွက်ဆွဲချင်ဆွဲပါလိမ့်မယ်။
ဒါပေမယ့် မှာမစားချင်းဖြင့်ဆက်လက်သပိတ်မှောက်ပေးပါ အခုသူတို့ထုတ်ပြန်ထားတဲ့စာမှာ တိကျတဲ့အော်ဒါကြေးမျိုးမပါသေးပါဘူး စိတ်ကျေနပ်မှုလုံးဝမရှိပါဘူး ကျွန်တော်တို့ဘက်မှတရားဝင်တောင်းဆိုချက်ကို ထုတ်ပြန်ပါမယ် ဒါကိုရုံးမှတရားဝင်ညှိနှိုင်းပြီး တိကျတဲ့အဖြေတစ်ခုရမှ ဆက်လက်လုပ်ကိုင်ပါမယ်လို့ ဆန္ဒပြ Rider တစ်ဦးက ပြောပါတယ်။


Food Panda အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းက မြန်မာနိုင်ငံ၊  မြို့ပေါင်း ၁၉ မြို့ မှာ စားသောက်ဆိုင်ပေါင်း  ၃၀၀၀၀ ကျော်နဲ့ လက်တွဲ လုပ်ဆောင် နေပြီး အစားအသောက်ပို့ဆောင်ပေးသူ Rider ၈၀၀၀ ကျော်ကို အလုပ်အကိုင်ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။ 
 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026