NEWS

တော်လှန်ရေးတပ်ဦးဆီကပြည့်သူ့ကာကွယ်ရေးအမျိုးသမီးတပ်သားတဦးရဲ့ပေးစာ

CoverLogo
1.4K Views

အာဏာမသိမ်းခင်ကတော့ပျော်ပျော်ပါးပါးနေခဲ့တဲ့ မေ (အမည်လွှဲ) ဆိုတဲ့အမျိုးသမီးငယ်လေးဟာ စစ်အုပ်စုရဲ့ရက်စက်ယုတ်မာမှု့တွေကိုမျက်ဝါးထင်ထင်မြင်တွေ့ပြီးရတဲ့နောက်မှာယောကျာ်းသားတွေနဲ့ရင်ဘောင်တန်းပြီးအာဏာသိမ်းစစ်အုပ်စုကိုတွန်းလှန်တိုက်ခိုက်ဖို့လက်နက်ကိုင်လိုက်ပါပြီ။

စစ်တပ်ကမတရားသဖြင့်အာဏာသိမ်းပြီးနောက်ပိုင်းမှာမေ တို့လူငယ်တွေငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ပေမယ့် စစ်အုပ်စုဖက်ကတော့ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ပြီးတော့ အကြမ်းဖက်နည်းနဲ့သာတုန့်ပြန်ခဲ့တာပါ။

ဒီလိုအကြမ်းဖက်နည်းနဲ့တုံ့ပြန်တာဟာမတရားမှု့ကိုငုံ့မခံတတ်တဲ့ ၂၁ ရာစုလူငယ်တွေအတွေက်တော့ အတော်ကိုသွေးဆူပြီးဒေါသထွက်စေခဲ့တဲ့လုပ်ရက်တခုလို့ မေ ကသုံးသပ်ပါတယ်။

"အာဏာမသိမ်းခင်က လူငယ်သဘာဝကျောင်းသွားလိုက် ပျော်လိုက်ပါးလိုက်ပဲ 
အာဏာသိမ်းပြီးတော့ တစ်ရက်မှမပျော်ခဲ့ရဘူး နေ့တိုင်းဆန္ဒထွက်ပြတယ် အိမ်ကဆို စိတ်ပူလို့ အဖိုးအဖွားအိမ်ပြန်ပို့တယ် အဲ့ရောက်တော့လဲ ဆန္ဒထပ်ပြလို့ အိမ်ပြန်ခေါ်လာရတဲ့အခြေအနေထိပဲ အဲ့အချိန်မှာ စစ်တပ်ကပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းနေပြီဘာလို့ဒီလောက်ထိသွေးဆူလာလဲဆိုရင် ကိုယ်ချင်းစာစိတ်ကြောင့်ပဲ"လို့ မေ ကပြောပါတယ်။

တိုင်းပြည်ရဲ့အာဏာကိုအဓမ္မသိမ်းတဲ့အပြင်ငြိမ်းချမ်းစွာနဲ့အာဏာပြန်အပ်ဖို့တောင်းဆိုတဲ့ပြည်သူတွေကိုရက်ရက်စက်စက်ပစ်သတ်တာတွေက မေတို့လိုလူငယ်တွေအတွက်တော့ သိပ်ခံပြင်းစရာကောင်းတဲ့လုပ်ရက်တခုလို့ဆိုရမှာပါ။

ဒီလိုခံပြင်းစိတ်ကြောင့်လဲမိဘတွေအဖိုးအဖွားတွေတားနေတဲ့ကြားကပဲ မေ က ရန်ကုန်မြို့ပေါ် ကပြောက်ကျားသပိတ်တွေ လူငယ်ထုရဲ့ပြောက်ကျားတော်လှန်ရေးထဲမှာစိတ်နှစ်ကိုယ်နှစ်ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်တော်လှန်စိတ်အပြည့်ရှိနေတဲ့အမျိုးသမီးငယ်လေးတဦးအတွက်တော့အခက်အခဲကအပြည့်ပါ။

"သူများမိသားစုတွေမျက်ရည်ကျရတာ ကိုယ်တိုင်ဖြစ်နေသလိုခံစားရတယ်လက်နက်မကိုင်ခင်ကပြောက်ကျားသပိတ်တွေလိုက်တယ် အိမ်ကမသိအောင်စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ supporting နဲ့ page အပိုင်းကိုတာဝန်ယူထားတယ် အလုပ်ဆိုပြီးလိမ်ထွက်တယ် နောက် ပိုင်း ကလေးတစ်ယောက်မိသွားတော့ ညီမအကြောင်းစုံစမ်းနေတာသိလိုက်ရတယ် အဲ့အချိန်မှာ အိမ်ကနေစထွက်ခဲ့တာပဲ" လို့ မေ က သူ့ရဲ့လက်နက်ကိုင်တော်လှန်ရေးခရီးအစကိုပြောပါတယ်။

စစ်အုပ်စုက မေ ရဲ့လုပ်ရက်တွေကိုသတိထားစောင့် ကြည့်လာတဲ့အခါ ရှောင်တိမ်းခဲ့ပြီးနောက်ပိုင်းမှာတော့ မေ ရဲ့မိဘတွေက အမွေဖြတ်စွန့်လွှတ်ခဲ့ကြောင်းကြေငြာခဲ့ပါတယ်။

မဖြစ်သာလိုသာအမွေဖြတ်ကြောင်းကြေငြာခဲ့ရတဲ့မိဘတွေအပေါ်မှာ မေ တယောက်မမုန်းခဲ့ပေမယ့် စစ်အုပ်စုအပေါ်တော့ယခင်ထက်အဆပေါင်းများစွာရွံရှာမုန်းတီးသွားတယ်လို့ဆိုရမှာပါ။

"ငှားနေတဲ့အိမ်ကိုအင်အား ၁၀၀ လောက်နဲ့လာဝိုင်းတယ် ကံကောင်းလို့ကျမလွတ်လာတယ် သွားစရာလဲမရှိဘူးနေစရာလဲမရှိဘူးပြန်တွေးတိုင်းအိမ်မက်ဆိုးကြီးတခုပါပဲ"

စစ်ကောင်စီတပ်တွေလိုက်ဖမ်းနေတဲ့ကြားကပဲ မေ တယောက်လွတ်မြောက်သွားပြီး ဒီရက်စက်ယုတ်မာတဲ့စစ်အုပ်စုကိုလက်နက်ကိုင်ပြီးခုခံတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တာပါ။

"နောက်ဆုံးလမ်းကိုပဲ ရွေးချယ်တော့မယ်ဆိုပြီး လက်နက်ကိုင်ဖို့ဆုံးဖြတ်လိုက်တယ်
တစ်ခါမှ မကြုံဘူးတဲ့ ဒုက္ခတွေကြီးပဲ စိတ်ရော လူရောအရမ်းကိုပင်ပန်းတယ်
စကစကိုတော့ အရင်က မုန်းတာ အခုက ရွံလဲ ရွံနေပြီ အပြစ်မရှိတဲ့ ပြည်သူတွေကိုသတ်တယ် ရွာတွေ ရွာသားတွေ မီးရှို့တယ် တော်တော်အောက်တန်းကျတဲ့လုပ်ရပ်တွေနဲ့ ရှင်သန်နေတဲ့လူတွေလို့မြင်ပါတယ်"လို့ မေ ကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ကနေ့တနှစ်ကျော်အချိန်အထိစစ်အုပ်စုနဲ့လက်ဝေခံတပ်သားတွေရဲ့သတ်ဖြတ်မှု့ကြောင့်အရပ်သားပြည်သူထောင်နဲ့ချီပြီးသေဆုံးခဲ့ကြရပြီးပါပြီ။

အဲ့ဒီ့ထဲမှာ မေတို့လို အာဏာသိမ်း စစ်ကောင်စီကို ရရာနည်းနဲ့တော်လှန်နေတဲ့လူငယ်တွေ က စစ်ကောင်စီရဲ့ပစ်မှတ်ထားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရတာပါ။

"ပြည်သူတွေအနေနဲ့ သတင်းတွေနားစွင့်ပေးပါ 
သပိတ်ကရဲ​ဘော်​တွေ လက်နက်ကိုင်တော်လှန်နေတဲ့ရဲ​ဘော်တွေကိုထောက်ပံ့ပေးပါ ကူညီနိုင်တဲ့နေရာကနေရသလိုကူညီပေးကြပါ ညီမတို့ဘက်ကနေလဲ အများကြီးစွန့်လွှတ်ပြီး တိုက်ပွဲဝင်ပေးပါ့မယ်လို့ကတိပေးပါတယ်"လို့ ရရာနည်းလမ်းနဲ့စစ်ကောင်စီကိုအံတုနေတဲ့ပြည်သူတွေကို မေ က Myanmar Labour News ကနေတဆင့်သတင်းစကားပါးပါတယ်။

အေးချမ်းငြိမ်သက်နေတဲ့ဘဝလေးကနေစစ်အုပ်စုကိုတော်လှန်ရင်းကြုံတွေခဲ့ရတဲ့ကြမ်းတမ်းမှု့တွေကို တော့ ဒီကာလ ကြီးပြီးတဲ့အထိ မေ ကတော့မေ့မယ်မထင်ပါဘူး။

ဒီကြုံတွေ့မှု့တွေကရလာတဲ့အမျိုးသမီးငယ်လေးတဦးရဲ့စိတ်ဒဏ်ရာတွေရှိကောင်းရှိနိုင်ပေမယ့် မေ ကတော့ အနာဂတ် ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော် သစ်ကြီးအတွက် သူ့မှာ မျှော်မှန်းချက်အပြည့်နဲ့ပါ။

"လက်ရှိမှာလဲ  ညီမတို့အ​နေနဲ စမ်း​ချောင်းပင်မသပိတ်စစ်​ကြောင်းကိုယ်စားပြု Sc Strike Page လုပ်ထားပြီး လိုအပ်တဲ့ သတင်းနှင့်လှုပ်ရှားမှုများကို မျှ​ဝေ​တော့မှာပါ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး အေးချမ်းတိုးတက်နေတဲ့ မြန်မာနိုင်ငံကြီးကို ပြန်လိုချင်နေပါပြီ"လို့ မေ က သူ့ရဲ့နိုင်ငံအပေါ်ထားတဲ့မျှော်လင့်ချက်နဲ့နိုင်ငံသစ်အပေါ်မျှော်လင့်ချက်ကိုပြောပြပြီး သူ့ရဲ့ တော်လှန်ရေးကာလအတွေ့အကြုံနဲ့ဖြတ်သန်းမှု့အခြေအနေအကြောင်းပြောပြတာကို ရပ်လိုက်ပါတယ်။

 


Related posts

Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ
Feb 17, 2024
Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024
Cover
စက်ရုံလုပ်သားတွေထံက အချက်အလက်များစတင်ကောက်ယူနေ၊ ပြည်သူများစစ်မှုထမ်းရမဲ့ဥပဒေထုတ်ပြန်ချက်ကြောင့် စက်ရုံအလုပ်သမားတွေကြားစိုးရိမ်မှုမြင့်တက်လျှက်ရှိ
Feb 14, 2024