NEWS

စက်ရုံပိတ်သိမ်းစဥ်ပေးရမယ့်နစ်နာကြေးအပြည့်မပေးလို့ ကျိုစိန့်အထည်ချုပ်မှအလုပ်သမား ၂၀၀၀ နီးပါးအခက်တွေ့နေ

CoverLogo
2K Views

စက်ရုံပိတ်သိမ်းစဥ်ပေးရမယ့် နစ်နာကြေးအပြည့်အဝမရရှိတဲ့အတွက်ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှု့ဇုန်မှာလုပ်ကိုင်နေတဲ့ကျုံစိန့်အထည်ချုပ်စက်ရုံကအလုပ်သမား ၂၀၀၀ နီးပါးအခက်တွေ့နေရတယ်လို့သိရပါတယ်။

ကျုံစိန့်စက်ရုံဟာအော်ဒါပါးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့၂၀၂၁ ခုနှစ် ၁၁ လပိုင်းကနေ ယခုနှစ် ၁လပိုင်းအကုန်အထိယာယီပိတ်သိမ်းခဲ့တာဖြစ်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

"ကျတော်တို့ကိုခုထောက်ပံ့ကြေးဆိုပြီးလေးသောင်းပဲပေးတယ် ပြီးတော့စက်ရုံမပိတ်ခင်က လုပ်သက်၆လမပြည့်တဲ့သူတွေဆီကလဲပြန်တောင်းသွားတယ် အလုပ်သမားတွေကလဲအလုပ်ပြုတ်မှာစိုးလို့သာ လတ်မှတ်ထိုးပြီးယူထားလိုက်ရတာမကျေနပ်ကြဘူး"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးကMLNကိုပြောပါတယ်။

အလုပ်ဝင်တဲ့အချိန်ကချုပ်ဆိုခဲ့တဲ့အလုပ်ရှင်အလုပ်သမားစာချုပ်ပါအချက်အလက်အတိုင်းရရှိရမယ့်နစ်နာကြေးမှာတစ်လစာ ၁၄၀၀၀၀ ဖြစ်တဲ့အတွက်အခုလို ၄၀၀၀၀ ကျပ်သာပေးတဲ့အတွက်အလုပ်သမားတွေဖက်က စား၊ ဝတ်နေရေးအတွက် အခက်ကြုံနေကြရတာလို့သိရပါတယ်။

"ခုကစက်ရုံဖက်ကလူလည်ကျမှာ ကျတော်တို့ကိုမောင်းမယ် အော်ဒါတွေတိုးချုပ်ခိုင်းတယ် ပြီးတော့အော်ဒါပါးတယ်ဆိုပြီးအဲ့လိုပဲပိတ်ပစ်မှာ"လို့ကျုံစိန့်စက်ရုံအလုပ်သမားတဦးကဆိုပါတယ်။

စက်ရုံတွေဖက်ကအလုပ်သမားတွေအပေါ်အလုပ်ချိန်တွေတိုးခိုင်းထားပေမယ့် စက်ရုံဖက်ကအလုပ်သမားတွေအပေါ်ရသင့်ရထိုက်တဲ့လုပ်ခလစာ၊ နစ်နာကြေးမပေးတာတွေရှိနေတဲ့အပြင်မကြာခဏဆိုသလိုအော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့စက်ရုံပိတ်သိမ်းမှာကိုလည်းအလုပ်သမားတွေဖက်ကစိုးရိမ်နေရတယ်လို့ဆိုပါတယ်။

"သူတို့ပေးတော့အလုပ်ပြုတ်မှာစိုးရိမ်တာနဲ့လတ်မှတ်ထိုးပေးလိုက်ရပေမယ့် ကျတော်တို့ကိုစာချုပ်မှာပါတဲ့အတိုင်းသူတို့ဖက်ကအပြည့်ပေးစေချင်တယ်"လို့စက်ရုံပိတ်သိမ်းစဥ်ကာလအတွက်နစ်နာကြေးအပြည့်အဝမရခဲ့တဲ့အဆိုပါစက်ရုံအလုပ်သမားတဦးကပြောပါတယ်။

ကျုံစိန့်စက်ရုံဟာတရုတ်နိုင်ငံသားပိုင်စက်ရုံတစ်ခုဖြစ်ပြီး H&M အမှတ်တံဆိပ်သိုးမွှေးအနွေးထည်တွေကိုအဓိကချုပ်နေတာဖြစ်ပြီးဥရောပနိုင်ငံတွေကိုဖြန့်ချီနေတာဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
Skytex Myanmar နေ့စဉ် ညနက် အချိန်ပိုနှင့် စနေနေ့မှာ အော်လင်း ဆင်းခိုင်း
Jul 04, 2025
Cover
Golden Color Fashion စက်ရုံ ညလုံးပေါက် အချိန်ပိုခေါ်
Jul 04, 2025
Cover
LAT WAR (3) နားရက်မပေးဘဲ အချိန်ပိုအတင်းအကျပ်ခိုင်းစေ ဟုဆို
Jul 03, 2025
Cover
SUNLONG (Myanmar) Sports Co.,Ltd အိတ်ချုပ် စက်ရုံ အချိန်ပို နေ့စဉ် လုပ်ကိုင်ရပြီး တနင်္ဂနွေနေ့ပါ ဆင်းနေရ
Jul 03, 2025
Cover
EUROSTYLE (Myanmar) အထည်ချုပ် ကလေးလုပ်သားတွေအသုံးပြုပြီး လုပ်အားခခေါင်းပုံဖြတ်
Jul 02, 2025
Cover
စက်မှုဇုန်မှ လုပ်သားများအား စစ်သားစုဆောင်းမှု ရှိလာနေ
Jul 02, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာလုပ်သား၁၂ဦး အဖမ်းခံရ
Jul 02, 2025
Cover
ရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးများ သတ်မှတ်ချက်ကိုက်ညီပါက ထိုင်းနိုင်ငံသားလျှောက်ခွင့်ပြု
Jul 02, 2025