NEWS

Tai Hong ( Myanmar) အလုပ်သမားများရဲ့ပေးစာ

CoverLogo
2.6K Views

ကျွန်တော်ကျွန်မတို့တွေဟာ  Tai Hong ( Myanmar. ) Garment Co, LTD မှာ အလုပ်လုပ်ကိုင်နေကြတဲ့  အလုပ်သမားတွေ ဖြစ်ပါတယ်။

Tai Hong ( Myanmar. ) Garment Co, LTD ကတော့ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ရွှေပြည်သာ ရေချမ်းစင်မှတ်တိုင်းအနီးမှာ ရှိပြီး မိုးပြားကြီး စက်ရုံဆိုပြီး လူသိများတဲ့ စက်ရုံ တစ်ရုံဖြစ်ပါတယ်။  စက်ရုံလုပ်သမား ၉၀၀ ကျော်ရှိပြီး KIK,  Janina လို့ အထည်တွေ ချုပ်လုပ်တဲ့ စက်ရုံ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတွေကို အကြောင်းပြပြီး  အလုပ်သမားအခွင့်အရေးတွေကို ချို့ဖောက် ဆောင်ရွက်နေတာကို  ပေးစာကဏ္ဍ ကနေ ဖော်ပြဖို့ စက်ရုံ အလုပ်သမားများက တောင်းဆိုတာ ဖြစ်ပါတယ်။ စက်ရုံအနေနဲ့ ဆောင်ရွက်ချက်တွေဟာ အလုပ်သမားအခွင့် အရေးချိုးဖောက်တာတွေအပြင် တည်ဆဲ ဥပဒေပြဌာန်းချက်တွေကိုပါ ချိုးဖောက်တာကိုလည်း တွေ့ရပါတယ်။
အောက်ပါအချက်တွေဟာ စက်ရုံက အလုပ်သမားတွေအပေါ် ဆောင်ရွက်နေတဲ့ အပြုအမူ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

စက်ရုံ လုပ်သက်ရင့် နှစ်ကြီးသမားတွေကို အလုပ်ကနေ ထုတ်ပယ်နေပြီး နေ့စားအလုပ်သမားတွေကို ခေါ်ယူ နေတာ  ၊ ဖိအားအမျိုးမျိုးနဲ့ စံချိန်တွေ မတရားတိုး တောင်းတာ ၊ ရုန့်ရင်း ကြမ်တမ်း ဆဲဆိုအော်ငေါက် ဆက်ဆံတာ ၊တောင်းထားတဲ့ စံချိန်မမီပါက အချိန်ပိုကြေး (OT) ကြေးတွေ လုံးဝ မရရှိတာ၊ စက်ရုံအလုပ်သမား တွေ အပေါ် လူပုဂ္ဂိုလ်တွေ ခွဲခြားပြီး  အချိန်ပို(OT) ဆင်းဖို့ လူရွေးခေါ်တာ၊ စက်ရုံမှာ ဘယ်လိုအဖွဲ့အစည်းကိုမှ မထားရှိတာ၊ လုပ်ငန်းခွင် ခေါင်းဆောင်းသီးသီးနဲ့ ညှိနိူင်းပြီး လူဟောင်းတွေကို အလုပ်က ထုတ်ပယ်တာ၊ လူမှုဖူလုံရေး ဆေးခွင့်ကို  ၃ ရက် ထက်ကျော်လွန်ပြီး ခွင့်ယူလိုပါက  ရုံးပေါ်ခေါ်ယူ ပြောဆိုခြိမ်းခြောက်တာနဲ့ ကြိုပို့ ဖယ်ရီကားစီးပါက လစာရငွေကနေ ကျပ်  ၈၀၀၀ ဖြတ်တောက်တာတွေကို ပြုလုပ်နေတာပါ။ 
လူကြီမင်းတို့ အနေနဲ့ ဖော်ပြပါ အချက်တွေဟာ အလုပ်သမားအခွင့်အရေးနဲ့ တည်ဆဲဥပဒေကို ချိုးဖောက်နေတာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံ အလုပ်သမားတွေ  ချိုးဖောက်ခံနေရတဲ့ အခွင့်အရေးတွေအတွက် ကူညီတဲ့အနေနဲ့ ပေးစာဏ္ဍမှာ အခုပေးစာကို ဖော်ပြပေး စေလိုတာ ဖြစ်ပါတယ်။

အကူအညီတောင်းခံသူများ
Tai Hong (Myanmar ) Garment Co,LTD


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026