အလုံးစုံစီးပွားရေးပိတ်ဆို့မှု့ဘာလဲ၊ ဘယ်လဲ။

cover
profile
Feb 11, 2022

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ပြည်သူလူထုတရပ်လုံးကနည်းမျိုးစုံနဲ့ကြိုးစားနေကြပါတယ်။ အဲ့ဒီ့ထဲမှာမှအာဏာသိမ်းစစ်ကောင်စီရရှိနေတဲ့ဝင်ငွေခွန်တွေ ပြည်တွင်းပြည်ပကုမ္ပဏီတွေဆီကနေရရှိနေတဲ့အကျိုးအမြတ်တွေကိုအလုံးစုံပိတ်ဆို့ဖြတ်တောက်ဖို့ဆိုတဲ့လှုပ်ရှားမှု့ Comprehensive Economic Sanctions တွေပါဝင်ပါတယ်။

ယခုလက်ရှိပြည်တွင်းက အထွေထွေသမဂ္ဂတွေတက်ကြွလှုပ်ရှားသူတွေဦးဆောင်တဲ့အရပ်ဖက်အဖွဲ့အစည်း၂၀၀နဲ့"စစ်ကောင်စီကိုအမြစ်ဖြတ်ဖို့အလုံးစုံစီးပွားရေးပိတ်ဆို့မှု့ကိုပါဝင်စို့"ဆိုတဲ့လှုပ်ရှားမှု့တရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီကိုအမြစ်ဖြတ်ဖို့အလုံးစုံစီးပွားရေးပိတ်ဆို့မှု့ကိုပါဝင်စို့"ဆိုတဲ့ခေါင်းစဥ်နဲ့ဆွေးနွေးပွဲ တရပ်ကိုလဲဦးဆောင်လှုပ်ရှားသူအချို့က ဇန်နဝါရီ ၃၀ ရက်နေ့မှာပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြတဲ့ဒေါက်တာလွှမ်းဝေ(Yangon Medical Network)၊ ကိုသွေးသစ်(Economic Network)၊ ကိုနန္ဒစစ်အောင်(Labour Alliance)၊ မခိုင်ဇာအောင်(Labour Alliance)တို့ရဲ့ဆွေးနွေးချက်များကို Myanmar Labour News မှ အလုံးစုံစီးပွားရေးပိတ်ဆို့မှု့(CES)ဘာလဲ၊ ဘယ်လဲခေါင်းစဥ်ဖြင့်ထုတ်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။

တော်လှန်ရေးမှာကျယ်ကျယ်ပြန့်ပြန့်ပါဝင်နေတဲ့လုပ်သားထုရဲ့အလုပ်သမားအခွင့်အရေးရရှိမှု့လက်ရှိအနေအထား။

မခိုင်ဇာအောင်(Labour Alliance)

ဒီတော်လှန်ရေးကြီးမှာအစိုးရဝန်ထမ်းတွေရောပုဂ္ဂလိကဝန်ထမ်းတွေရောသိန်းနဲ့ချီပြီးပါဝင်နေသလိုအလုပ်သမားသမဂ္ဂတွေကလည်းတက်ကြွစာနဲ့စည်းရုံးပါဝင်ခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။အဲ့ဒါရဲ့အကျိုးဆက်ကသမဂ္ဂခေါင်းဆောင်တွေဟာစစ်တပ်နဲ့စက်ရုံပိုင်ရှင်တွေရဲ့ပူးပေါင်းဖမ်းဆီးတာကိုခံရတဲ့အပြင်လုပ်ငန်းရှင်တွေကသမဂ္ဂခေါင်းဆောင်တွေရဲ့ကိုယ်ရေးအချက်အလက်ကိုစစ်တပ်ကိုပေးတဲ့အတွက်ပုန်းရှောင်နေရတာတွေရှိတယ်။

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်မရှိတဲ့အနေအထားမှာအလုပ်သမားတွေအများကြီးအခက်ကြုံရတယ်။ခုဆိုဥပဒေပါအခွင့်အရေးတခုမှမရတော့ဘူးစာချုပ်ချုပ်ခဲ့တဲ့ဟာတွေအကုန်ဖျက်သိမ်းတယ်ဆိုပြီးစက်ရုံဖက်ကကြေညာချက်တွေထုတ်တယ်။

သမဂ္ဂတွေမရှိတော့တဲ့အခါအလုပ်သမားတွေလစာတွေနည်းလာတယ်အလုပ်သမားခံစားခွင့်တွေပိုဆုံးရှုံးသွားတယ်။အခုလက်ရှိလူမှု့ဖူလှုံရေးကြေးဆိုရင်လဲအဲ့ဒါရဖို့သွားရတာနဲ့အလုပ်ကပျက်ရော၊တကယ်နားမလည်တဲ့အလုပ်သမားတွေဆိုမခံစားရတော့ဘူး။

အလုပ်သမားတွေဆီကလုပ်အားတွေငွေကြေးတွေကိုစစ်ကောင်စီကိုတိုက်ရိုက်စီးဆင်းသွားအောင်အလုပ်ရှင်တွေကလုပ်ဆောင်နေတယ်။အထည်ချုပ်စက်ရုံတွေဆို(၁၄၀)လောက်ယာယီပိတ်တယ်ဆိုပြီးကြေညာထားတယ်။အဲ့ဒီ့စက်ရုံကအလုပ်သမားတွေဆိုအခုအလုပ်လက်မဲ့ဖြစ်ပြီးလျော်ကြေးငွေတွေမရဖြစ်နေတယ်။

အလုံးစုံစီးပွားရေးပိတ်ဆို့မှု့ဆိုတာဘာလဲCESဖြစ်မြောက်ရေးဘယ်သူတွေဦးဆောင်လှုပ်ရှားနေလဲ။

ဒေါက်တာလွှမ်းဝေ(Yangon Medical Network)

CES လုပ်ဖို့ကရိုးရှင်းပါတယ် စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းမှန်သမျှမပတ်သက်တာ၊ သပိတ်တွေလုပ်တာတွေပေါ့။ပြည်ပလုပ်ငန်းတွေကနေစစ်ကောင်စီကလက်ရှိမှာဝင်ငွေတွေရနေဆဲဖြစ်ပြီးတော့ ဒီမှာလဲလူ့အခွင့်အရေးဆိုတာမရှိသလောက်အခြေအနေမှာကုမ္ပဏီကြီးတွေကစစ်တပ်ကိုပဲအကျိုးကျေးဇူးပြုနေတယ်။

အဲ့ငွေတွေကိုစစ်တပ်ကသူတို့ရဲ့အဓမ္မလုပ်ရပ်တွေမှာပြန်သုံးနေတယ်။ ။အဲ့ဒီ့နည်းလမ်းမှာစစ်တပ်ကိုကျတော်တို့က ပိုက်ဆံတပြားမှမပေးဘူး။ကုမ္ပဏီအခွန်ဆောင်တာတွေလူတဦးတယောက်ချင်းကမပေးတာတွေရောဒီထဲမှာပါတယ်။စစ်ကောင်စီကိုဒီလိုငွေမပေးတာဟာကျတော်တို့ကိုပစ်သတ်မယ့်ကျည်ဆံဖိုးကိုမပေးတာပဲဖြစ်တယ်။စစ်တပ်ရဲ့အကြမ်းဖက်မှု့တွေကတနေ့တခြားဆိုးဝါးလာလို့ဒီလိုလှုပ်ရှားမှု့တွေပေါ်လာရတာပါ။

ဒါကိုအလုပ်သမားသမဂ္ဂအဖွဲ့တွေအရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးလုပ်တာပါ။စတာကတော့ ၁၃၅ဖွဲ့နဲ့စတာဖြစ်တယ်ခု၂၀၀ကေျာ်ပြီပေါ့။ပြည်သူတွေအနေဲ့လည်း CES ကိုအများကြီးနားလည်စရာမလိုဘူး စစ်ကောင်စီကိုဘာပိုက်ဆံမှမပေးဖို့ပဲအခြေခံမှတ်ပြီးအလုပ်လုပ်ရင်ရပြီ။သူတို့ကိုပေးတာကျတော်တို့ကိုသတ်ဖို့ပေးနေတာနဲ့အတူတူပဲဆိုတာနားလည်ထားဖို့လိုပါတယ်။

တခြားSactionတွေအများကြီးရှိနေတဲ့ကြားကမှဒီCESကိုဘာကြောင့်ဖော်ဆောင်ရသလဲ။

ကိုနန္ဒစစ်အောင်(Labour Alliance)

ဒီတော်လှန်ရေးကစစ်အာဏာရှင်ကိုအပြီးတိုင်ဖျက်မှာ၊ တော်လှန်ရေးကာလကြာလေပြည်သူတွေဏဲ့အကျိုးစီးပွားထိခိုက်မှု့ကများလေဖြစ်တယ်၊ ဒီစစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ရိုက်ချိုးဖို့ဆိုတာအခုတော်လှန်ရေးရဲ့ရည်မှန်းချက်ဖြစ်ပါတယ်။တော်လှန်ရေးရည်မှန်းချက်ဟာတိုင်းပြည်အကျိုးစီးပွားအလုပ်သမားအကျိုးစီးပွားဖြစ်တယ်။

ပြီးတော့ဒီတော်လှန်ရေးထဲမှာလဲအလုပ်သမားထုကကျယ်ကျယ်ပြန့်ပြန့်ပါဝင်နေတယ်။၂၀၂၀ ရွေးကောက်ပွဲမှာလဲဘယ်သူ့မဲကများလဲဆိုရင်အလုပ်သမားမဲကများတယ်။အလုပ်လုပ်နိုင်တဲ့အင်အားစုသန်း၃ဝ ကျော်မှာ၂၅သန်းလောက်ကမဲပေးနိုင်တယ်။အာဏာသိမ်းတယ်ဆိုတာအလုပ်အသမားထုကပေးတဲ့မဲတွေနဲ့အာဏာကိုလုယူတာပဲ။

ဒါပေမယ့်အလုပ်သမားဖက်ကမျက်ခြေမပြတ်ခဲ့ဖူး။စစ်အာဏာရှင်စနစ်နိုးထလာရင်အလုပ်သမားထုနိမ့်ကျသွားမှာဖြစ်တဲ့အတွက်ဒီတိုက်ပွဲရဲ့အစမှာအလုပ်သမားထုကအလံဆွဲကိုင်တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ဆင်းရဲ့ချမ်းသာကွာဟပြီးဒီလိုဖြစ်နေတဲ့နိုင်ငံမှာအလုပ်သမားထုကလဲတော်လှန်ရေးမှာခိုင်ခိုင်မာမာပါဝင်လာကြတာ။တနှစ်ကျော်ကြာလဲနွေဦးတော်လှန်ရေးလက္ခဏာတွေပြန််ကြည့် ရင်လဲသပိတ်ထဲမှာအလုပ်သမားထုကခိုင်ခိုင်မာမာရှိနေကြတယ်တဖက်မှာလဲကြည့်မယ်ဆိုCDMလူထုသပိတ်ကိုမြှင့်တယ်၊ လူငယ်အလုပ်သမားတွေကလဲခုခံစစ်ရဲ့အလွှာတွေမှာရှိကြတယ်။

တော်လှန်ရေးကာလကြာမြင့်လာလေအကျိုးစီးပွားထိခိုက်မှု့နှုန်းများလာမှာဖြစ်တဲ့အတွက်ဒီလိုအလုံးစံစီးပွားရေးပိတ်ဆို့မှု့ကိုရွေးချယ်လိုက်ကြတယ်။ရင်းနှီးမြှပ်နှံမှု့တွေဝင်လာလေလေအခွန်တွေဆောင်လေလေ သူတို့ရဲ့အစိုးရဖြစ်တည်မှု့ကိုထောက်ခံနေသလိုဖြစ်လေလေပဲ။

လူမဆန်တဲ့စစ်ကောင်စီကိုပြန်တိုက်ဖို့ကသူတို့ကိုမဖွံ့ဖြိုးအောင်လုပ်ဖို့လိုတယ်။Sanction မလုပ်ပဲ ဘာကြောင့် CES ရွေးလဲစစ်တပ်ကဆန်ရှင်ကိစ္စအတွေ့အကြုံရှိတယ် သူတို့သားသမီးတွေ မြေးတွေနာမည်ခွဲတွေနဲ့ကုမ္ပဏီတွေလုပ်အုံးမှာဆိုတော့တတိယအလွှာပေါ်လာတာပဲ အဖတ်တင်မှာမို့လို့အလုံးစုံစီးပွားရေးပိတ်ဆို့မှု့ကသာအမြစ်ဖြတ်နိုင်မှာဖြစ်တဲ့အတွက်ရွေးချယ်လိုက်ရခြင်းဖြစ်တယ်။

အပိုင်း(၂)ဆက်ရန်..

 

696 Views

Related News

cover
အမှောင်ကမ္ဘာထဲက ရုန်းထွက်ခွင့် ပျောက်ဆုံးနေသူများ
Dec 25, 2022
cover
Food panda Rider သပိတ်မှာ စားသုံးသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေ
Jul 30, 2022
cover
Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်
Jul 13, 2022
cover
"foodpanda အလုပ်မဆင်းသပိတ်မှာဘာတွေဖြစ်နေလဲ" စကားဝိုင်း ဆွေးနွေးပွဲ
Jun 19, 2022
cover
အလုပ်သမားအခွင့်အရေးအတွက်တိုက်ပွဲဝင်နေတဲ့ Foodpanda Riders သပိတ်ကိုအရှိန်ဆက်မြှင့်သွားမယ်လို့ဆို
Jun 11, 2022
cover
Foodpanda Rider တဦးမှ “Zero Customer ကမ်ပိန်း” အကြောင်း ပြောကြားချက်
Jun 11, 2022
cover
Riders တို့ရဲ့ တိုက်ပွဲ တတိယမြောက်နေ့
Jun 8, 2022
cover
"ကျွန်တော်တို့နဲ့ အတူရပ်တည်ပေးပါ။"Foodpanda Rider တစ်ဦးနှင့်မေးမြန်းခြင်း။
Jun 6, 2022
cover
“ယိုင်နဲ့နဲ့ စစ်တပ်ကို အသက်ဆက်မပေးမိစေဖို့”
Apr 21, 2022
cover
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုနှင့် အလုပ်သမားရေးရာစကားဝိုင်း
Dec 15, 2021



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle