NEWS

အထည်ချုပ်စက်ရုံကအလုပ်သမားတွေလုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာဆက်ဆံခံနေရတယ်လို့ဆို

CoverLogo
2.7K Views

ရန်ကုန်တိုင်း၊ မဂ်လာဒုံမြို့နယ်မှာလုပ်ကိုင်နေတဲ့ တရုတ်လူမျိုးပိုင် Ceres enterprise အထည်ချုပ်စက်ရုံကအလုပ်သမားတွေဟာအောစူပါဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အတွင်းမှာ နားမခံသာအောင် ဆဲဆိုကြိမ်းမောင်းမှုတွေကြုံတွေ့နေရတာကြောင့် စိတ်ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

စက်ရုံထဲကအောစူပါဆိုသူတွေဟာအလုပ်သမားတွေအပေါ်အလုပ်ရှင်လိုကျလုပ်ကိုင်နေပြီးဂျပန်ခေတ်ကကင်ပေတိုင်တွေနီးနီးဆိုးသွမ်းနေတယ်လို့စက်ရုံအလုပ်သမားတွေကဆိုပါတယ်။

"ထောင်ကျသွားတာမှတော်အုံးမယ် စက်ရုံကအဲ့ထက်ဆိုးတယ် တနေ့တနေ့အလုပ်ထဲရောက်ရင်ကိုငရဲကျသလိုပဲ"လို့မဂ်လာဒုံအထည်ချုပ်စက်ရုံကအလုပ်သမားတဦးကဆိုပါတယ်။

အာဝါဒီးတိုးတောင်းတာတွေတောင်းသလောက်မရတာတွေဆိုရင်အပျိုပေါက်အရွယ်မိန်းကလေးတွေကိုပင်နင်ပဲငဆဆဲဆိုတာတွေပြုလုပ်နေလို့အလုပ်ခွင်အတွင်းမှာပဲအလုပ်သမားတွေဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်းကြီးစွာနဲ့ဖြတ်သန်းနေရတဉ်လို့ဆိုပါတယ်။

"ကိုယ့်ကိုဆဲရင်တရုံးလုံးကကြည့်သူများကိုဆဲရင်လဲဆဲခံရတဲ့သူကိုသူများတွေကဝိုင်းကြည့်အဲ့ဒဏ်တွေမခံနိုင်တော့ချုံးပွဲချငိုရတာပဲ"လို့အောစူပါဆိုသူတွေရဲ့ဖိနှိပ်မှု့အကြောင်းကိုစက်ရုံအလုပ်သမတဦးကပြန်ပြောပါတယ်။

"အဆိုပါစက်ရုံအတွင်းလုပ်သားတွေအပေါ်အပ်ထည်တွေမတရားတိုးပေးတာတွေအပြင် လုပ်ငန်းခွင်အတွင်းအရှက်ရအောင်ဖိနှိပ်ပြောဆိုနေတာတွေရှိတယ်လို့အဆိုပါစက်ရုံမှအလုပ်သမားတွေကဆိုပါတယ်။

"မိန်းကလေးတွေဆိုရှက်လို့ထိုင်ငိုရတဲ့အထိပဲပြန်ပြောလို့ကလဲမရဘူး ဘာပဲဖြစ်ဖြစ်အလုပ်သမားဆိုဝမ်တိန်ခေါ်ပြီးလတ်မှတ်ထိုးခိုင်းတယ်"လို့အမည်မဖော်လိုတဲ့စက်ရုံအလုပ်သမားတဦးကဆိုပါတယ်။

အခြားစက်ရုံတွေမှာအပ်ထည်တထည်ကိုတပွိုင့်နှုန်းသာချုပ်ခိုင်းပေမယ့်အဆိုပါစက်ရုံကတော့အပ်ထည်တခုကိုသုံးပွိုင့်အထိချုပ်ခိုင်းတာ်လို့အလုပ်သမားတွေကဆိုပါတယ်။

"သုံးပွိုင့်ချုပ်ရတော့၄၅ထည်ရမှ၁၅ထည်စာပြီးတယ်ဆိုပြီးလုပ်တယ်တနာရီကို၁၂ထည်နီးပါးတောင်းတယ်မရရင်နောက်တနာရီမှာတိုးပေးတယ်အဲ့လိုနည်းနဲ့အတင်းခိုင်းနေတာပဲ"လို့အဆိုပါစက်ရုံအလုပ်သမတဦးကထပ်ပြောပါတယ်။

"မကျေနပ်ပင်မယ့်သုတို့ကိုတခုခုပြန်ပြောလဲစက်ရုံကခေါ်ရှင်းရင်ကိုယ်ခံရတာပဲသူတို့ကအေးအေးဆေးဆေးပဲ"လို့အထည်ချုပ်စက်ရုံအလုပ်သမားတဦးကMLNကိုပြောပါတယ်။

စက်ရုံတွေဖက်ကလဲအလုပ်သမားတွေဖက်ကိုအပ်ထည်တွေတိုးတောင်းတာတွေရှိလာနေသလိုမရတဲ့အခါတွေဆိုပုံမှန်အလုပ်ချိန်ထက်ဆတိုးခိုင်းစေနေတာတွေရှိနေတယ်လို့အလုပ်သမားတွေကဆိုပါတယ်။

ပုံမှန်ချုပ်ရတဲ့ပွိုင့်တွေထက်ပိုချုပ်နေရတာကြောင့်တိုးပေးလာတဲ့အထည်တွေမချုပ်နိုင်တဲ့အခါမှာမနက်အစည်းအဝေးမှာကတည်းကအပြောအဆိုခံကြရတယ်လိုပြောပါတယ်။

လက်ရှိအချိန်မှာအဆိုပါစက်ရုံအနေနဲ့အလုပ်သမားတွေကိုတရပ်လုပ်ခလစာ ၄၈၀၀နဲ့အချိန်ပိုကြေး တနာရီကို၁၂၀၀ပေးထားပေမယ့်စက်ရုံအလုပ်သမားတွေကလုပ်ငန်းခွင်အတွင်းအခြေအနေကိုမျှမျှတတဖြစ်စေချင်တယ်လို့ပြောပါတယ်။

အခုလိုလုပ်ငန်းခွင်မှာအလုပ်သမားအခွင့်အရေးချိုးဖောက်နေတာတွေနဲ့ပတ်သတ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရဖက်ကတော့အလုပ်ရှင်ရောအလုပ်ရှင်ကိုယ်စားလုပ်တဲ့သူတွေပါ အရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026