NEWS

အော်ဟစ်ဆဲဆိုပြီးအဓမ္မခိုင်းစေမှုတွေကို ဖြေရှင်းပေးရန် အထည်ချုပ်လုပ်သားများ တောင်းဆို

CoverLogo
1.2K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊  မီးသတ်ကန်ပတ်လမ်း ၊ အမှတ် (၄၅၇)  က တုန်ယူဂါးမန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေ ရတယ်လို့ FGWM က သတင်းထုတ်ပြန် ပါတယ်။  

အဲ့ဒီ့စက်ရုံက တရုတ်နိုင်ငံသားဝန်ထမ်းတွေက မြန်မာအလုပ်သမားတွေ ကို တိုက်ရိုက် အုပ်ချုပ်နေသလို အောစူပါ၊ စူပါ လီတာ  စတဲ့ အလုပ်သမားခေါင်းတွေက နေစဥ် အော်ဟစ် ဆဲဆိုခိုင်းဈေးပြီး အလုပ်သမားအခွင့်အရေးတွေကို ချိုးဖေါက်နေတယ်လို့  အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထည်ချုပ်စက်ရုံအလုပ်သားတွေ အနေနဲ့ တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်နေတဲ့အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေက  အမြန်ဆုံးဖြေရှင်းပေးဖို့ စက်ရုံအလုပ်သမားတွေက လူမှုကွန်ရက်ကနေ   FGWM ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိ အဲဒီစက်ရုံအတွင်းမှာလည်း အလုပ်သမားတွေ ဆန္ဒမရှိပဲ  ညဆိုင်း အပြည့် အလုပ်ဆင်းခိုင်းတာတွေနဲ့   ဥပဒေမဲ့ အလုပ်ထုပ်တာတွေက လတိုင်းနီးပါး ဖြစ်ပေါ်နေတဲ့ အပြင်  အလုပ်သမားအသမဂ္ဂတစ်ရပ် ထူထောင်ဖို့ ကြိုးစားတိုင်း အလုပ်သမားတွေကို ဖိအားတွေပေး အပြစ်ရှာပြီး အလုပ်ဖြုတ်တာတွေရှိနေတယ်လို့ သိရပါတယ်။


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025
Cover
Sudey အထည်ချုပ် လုပ်ခလစာ အပေါ် အကျိုးအမြတ်ယူ၊ HR ဌာနက မောက်မာစွာ ခွဲခြားဆက်ဆံ
Sep 05, 2025
Cover
A&C အထည်ချုပ် လူမှုဖူရေးကြေး လစဉ် ဖြတ်တောက်ပေမဲ့ ဆေးခွင့် မပေး
Sep 05, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
အခွန်ဆောင်ရသည့်အတွက် လာအို စက်ရုံမှာ တနေ့ ၂ နာရီ အပိုလုပ်ခိုင်း၊ မြန်မာ အေဂျင်စီက ပွဲခယူ၊ လျှော်ကြေးတောင်းဟုဆို
Sep 05, 2025
Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025