NEWS

အနည်းဆုံးလုပ်ခလစာကျပ် ၄၈၀၀ မှ ၃၆၀၀ သို့လျော့ချမယ်လို့ စစ်ကောင်စီနဲ့ အလုပ်ရှင်တွေဖက်ကသတင်းလွှင့်နေ

CoverLogo
5.9K Views

ယခု ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီဖက် ကနေအလုပ်သမားတွေရဲ့တစ်နေ့အလုပ်ချိန်  ၈ နာရီအတွက် အခြေခံလုပ်ခလစာ ၃၆၀၀ ကျပ်ပြန်လည်ထားရှိမယ် ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။

လက်ရှိအနေနဲ့ အနည်းဆုံးအခကြေးငွေက တစ်နေ့တာ အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်သတ်မှတ်ထားတာဖြစ်ပြီး တစ်နာရီ ကို မြန်မာငွေ ကျပ် ၆၀၀ သာရရှိတဲ့ ဒီပမာဏကလည်း စက်ရုံ၊ အလုပ်ရုံက အခြေခံလုပ်သားတွေအနေနဲ့ လောက်ငှခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်လာတဲ့ ကိစ္စကို Myanmar Labour News အနေနဲ့အတည်ပြုနိုင်ခြင်းမရှိသေးသလို လက်ရှိ စက်ရုံအလုပ်ရုံတွေမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေက လဲဒီကိစ္စနဲ့ပတ်သက်ပြီးစက်ရုံတွေဖက်က အတိအလင်းကြေညာထားတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။

"စူပါတယောက်ကလာတော့ပြောတယ်သူတို့ကြားတယ်ပေါ့ ဒီလိုပြောင်းမယ်ဆိုတာဒါပေမယ့်စက်ရုံဖက်ကအတိအလင်းကြေငြာထားတာမျိုးတော့မရှိသေးဘူး ဖေ့ဘုတ်ဂရုတွေထဲမှာတော့ဒီကိစ္စကပြန့်နေပြီဘယ်လိုလာမယ်မသိသေးဘူးတကယ်ဆိုရင်တော့အတော်ဒုက္ခရောက်ပြီ"လို့ လှည်းကူးစက်မှု့ဇုန်ထဲကလုပ်သားတဦးကပြောပါတယ်။

၂၀၂၁ ခုနှစ်အစောပိုင်းကာလ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ရုံ၊ အလုပ်ရုံတွေမှာ လခစားတွေကနေ နေ့စားတွေအဖြစ် ပြောင်းလဲ ခိုင်းစေနေတာကိုလဲ အလုပ်သမားတွေရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။လက်ရှိလုပ်ခလစာမှာ အိုတီကြေးအပါအဝင် တစ်လကို တစ်သိန်းခြောက်သောင်းဝန်းကျင်လောက်နဲ့ရပ်တည်နေရတဲ့ စက်ရုံအလုပ်သမားတွေဟာဒီသတင်းအပေါ်စိုးရိမ်တကြီးရှိနေပါတယ်။

"နဂိုကတည်းကမှအိုတီကြေးတောင်မှန်မှန်မပေးတာ ဒီလိုသာပြောင်းလိုက်လို့ကတော့ဘာမှတောင်စားရမှာမဟုတ်ဖူး"လို့အထည်ချုပ်စက်ရုံလုပ်သားတဦးက ပြောဆိုပါတယ်၊

အလုပ်သမားရေးလေ့လာသူတချို့ကတော့ဒီကိစ္စဟာသွေးရိုးသားရိုးမဟုတ်ဘဲ စစ်ကောင်စီနဲ့အလုပ်ရှင်တွေဖက်ကနှပ်ကြောင်းပေးသတင်းလွှင့်လာတာမျိုးဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။

"ဒါကစစ်ကောင်စီဖက်ကနှပ်ကြောင်းပေးလာလို့သာအလုပ်ရှင်တွေဖက်ကဒီအသံတွေထွက်လာတာ သွေးတိုးစမ်းတဲ့သဘောစလာတာ အလုပ်သမားဖက်ကဘယ်လိုတုန့်ပြန်မလဲဆိုတဲ့သဘော ဒီဖက်ကငြိမ်နေရင်ဖြစ်ကိုဖြစ်သွားမှာလို့ပြောလို့ရတယ်"လို့သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( မြန်မာ )မှဒေါ်မျိုးအေးက MLN ကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်းစစ်ကောင်စီဖက်ကလုပ်တဲ့အစည်းအဝေးကိုအလုပ်ရှင်တွေတက်ရောက်ပြီးမှဒီသတင်းတွေထွက်ပေါ်လာတာလို့အလုပ်သမားတွေဖက်ကရော အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေဖက်ကရော MLN ကိုပြောပါတယ်။

"အလုပ်သမားတွေအနေနဲ့ အဖွဲ့ချုပ်တွေကတိုက်ပွဲခေါ်ရင်ပါဝင်ကြဖို့တိုက်တွန်းတယ် ဒီကိစ္စကိုလုံးဝလက်မခံဖို့မှိန်းမယူကြဖို့ပြောချင်တယ်"လို့ဒေါ်မျိုးအေးကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ လုပ်သားတစ်ဦးရဲ့ တစ်နေ့တာ အလုပ်ချိန် ၈နာရီအတွက် အခြေခံလုပ်ခလစာ ၃၆၀၀ မှ ၄၈၀၀ အထိရရှိဖို့လုပ်သားတွေနဲ့အလုပ်သမားသမဂ္ဂတွေတိုက်ပွဲဝင်ခဲ့တာပါ။

အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် မှာ ပြဌာန်းခဲ့ပြီး အခကြေးငွေနှုန်းထားကို  ၂ နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ ပထမအကြိမ် အဖြစ် တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နဲ့ ဒုတိယအကြိမ်ကို ၂၀၁၈ ခုနှစ် မေလမှာ ၄၈၀၀ ကျပ်ထိ တိုးမြင့်ခဲ့တာပါ။တတိယအကြိမ်မြောက်ထပ်မံပြဌာန်းရမယ့်  ၂၀၂၀ ပြည့်နှစ်မှာ ပြင်ဆင်သတ်မှတ်မှုလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး  လက်ရှိအချိန်ထိ ကျပ် ၄၈၀၀ နှုန်းနဲ့သာ တွက်ချက်ပေးချေနေတာဖြစ်ပါတယ်။

ယခုလို ပြည်တွင်းက အခြေခံလုပ်သားတွေဟာ အာဏာသိမ်းကာလမှာ ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့ စားဝတ်နေရေး စရိတ်တွေ မြင့်တက်လာတာကြောင့် ရသင့် ရထိုက်တဲ့လုပ်ခလစာအခွင့်အရေးရရှိရေးအတွက်ရုန်းကန်နေရတဲ့အပြင် အာဏာသိမ်းစစ်အုပ်စုလက်အောက်မှာတနေ့တခြားအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေလည်း ကြုံတွေ့နေ့ရတာ ဖြစ်ပါတယ်။


 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026