NEWS

အသံတိတ်သပိတ်မှာမပါဝင်ဖို့ဖိအားပေးနေတဲ့အပြင်လုပ်ခလစာပါခေါင်းပုံဖြတ်နေတဲ့ KINGSRICH (MYANMAR) FASHION LIMITED စက်ရုံ

CoverLogo
4.1K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ်၂စက်မှု့ဇုန်အထဲမှာလုပ်ကိုင်နေတဲ့တရုတ်လူမျိုးပိုင် KINGSRICH (MYANMAR) FASHION LIMITED အထည်ချုပ်စက်ရုံမှာ အလုပ်သမား ဥပ​ဒေအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့အမည်မဖော်လိုတဲ့စက်ရုံဝန်ထမ်းတွေက MLN ကိုပြောပါတယ်။

အဲ့ဒီ့လိုလုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေထဲမှာလုပ်သားဝန်ထမ်းတွေကိုခေါ်ယူပြီးအိုတီကြေးမပေးတာတွေ နေထိုင်မကောင်းရင်ခွင့်ရက်မပေးဘဲ လစာအဆမတန်ဖြတ်တာတွေ အာဝါဒီအဆမတန်တိုးတောင်းခိုင်းစေနေတာတွေပါဝင်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

"မနက်ဖြန်အသံတိတ်သပိတ်ရှိတယ် ကျမတို့မဆင်းနိုင်ဘူးလို့ပြောတာကိုစူပါတွေကနေတဆင့်ဖိအားပေးတယ် စနေကိုအစားထိုးဆင်းပေးရမယ်ပြောတယ်စူပါကလဲမဆင်းရင်လူစားထည့်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ပုံစံနဲ့လာပြောတယ်"လို့ Kingsrich Myanmar စက်ရုံကလုပ်သားတဦးကပြောပါတယ်။

စက်ရုံဖက်ကနေထိုင်မကောင်းခွင့်ယူတာတွေကိုပါတရက်ကို ၂ သောင်းကျော်အထိလစာဖြတ်တောက်တာတွေရှိနေပြီးခံဝန်ဂတိထိုးခိုင်းတာတွေ Grade ချတာတွေပါရှိနေတယ်လို့လဲ MLN ကသိရပါတယ်။

"တရက်ကိုငါးဆယ်လောက်အာဝါလီအပ်ရင် နောက်ရက်ဆို ခုနှစ်ဆယ်လောက်တောင်းတယ်ရှင့် နေထိုင်မကောင်းတာလေးကိုတောင်ရက်ပြတ်တယ်ဆိုပြီးအလုပ်ထုတ်ပစ်လိုက်တယ် ကျမတို့ဒီစက်ရုံကလစာပေးတာအနည်းဆုံးပဲ ဒီလစာနဲ့ကျမတို့ဒီအခြေအနေမှာဘယ်လိုမှစားမလောက်ဖူး"လို့စက်ရုံအလုပ်သမားတဦးကဆက်ပြောပါတယ်။

Kingsrich Myanmar အထည်ချုက်စက်ရံမှအလုပ်သမားလစာတွေကို အဓမ္မတောင်းယူနေတဲ့အပ်ထည်တွေပြည့်မပြည့်နဲ့သတ်မှတ်နေတဲ့အတွက်အဆိုပါစက်ရံမှအထည်ချုပ်အလုပ်သမတယောက်ရဲ့လစာမှာဖြတ်တောက်ခံရတာနဲ့ပင်လုံးပါးပါးနေရတယ်လို့စက်ရုံဝန်ထမ်းတွေကဆိုပါတယ်။

"ဒီစက်ရုံလစာအနည်းဆုံးပဲ ဒါကိုတောင်နားလှည့်ပါးရိုက်နဲ့လုပ်အားခေါင်းပုံဖြတ်တော့အဆင်မပြေတော့ဘူး သူတို့ကလူပါးကိုဝနေတာတန်ရာတန်ကြေးမပေးနိုင်ရင်ထွက်သွားလို့ပဲပြောချင်တယ်"လို့စက်ရုံလုပ်သားတဦးကဆိုပါတယ်။

Kingsrich Myanmar အထည်ချုပ် စက်ရုံမှ H&M အမှတ်တံဆိပ်အထည်များကိုထုတ်လုပ်နေတဲ့စက်ရုံတခုဖြစ်တယ်လို့သိရပါတယ်။ 


Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026