NEWS

၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ

CoverLogo
201 Views
Myanmar Labour News ကို မေးမြန်းချင်လို့ပါ။
ကျွန်တော်က ဘဏ်ဝန်ထမ်းတဦးပါ။ အခု ဝန်ထမ်းတွေ အကုန် ဒုက္ခတွေ့နေလို့ ။
ဘဏ်တွေမှာ ၇ ရက် ဘဏ်စနစ် (7day banking) ဆိုပြီး အလုပ်ဆင်းခိုင်းနေလို့ ၊ အဲလို အလုပ်ဆင်းခိုင်းတာက မြန်မာနိုင်ငံမှာ တရားဝင် ရှိသလားခင်ဗျာ။ သိချင်လို့ပါ ။
တချို့ဘဏ်တွေမှာဆို အချိန်ပိုကြေး မပေးဘဲ ၊ စနေ့နေ့တွေပါဆင်းနေရပါတယ် ။
ဘဏ်ပိတ်ပြီး ည ၇ခွဲ ၈ နာရီ မှ ပြန်ရပါတယ်။ အဲ့ဒါတွေက အလုပ်သမား ဥပဒေနဲ့ ညီပါသလားဗျ ။
ကျေးဇူးပြုပြီးဖြေပေးပါ ခင်ဗျာ ။
ဘဏ်က HR တွေ အင်တာဗျူး တုန်းက အလုပ်ချိန်ကို ည ၆ နာရီထိလို့ပဲ ပြောထားပြီး တကယ် အလုပ်ဆင်းရတော့ ပြန်ရတဲ့အချိန်က ည ၇ခွဲ ၈နာရီ ဖြစ်နေလို့ပါ။
အခုက စနေ့နဲ့ တနင်္ဂနွေပါ ဖွင့်နေတာပါ။ ဝန်းထမ်းတွေကို အလှည့်ကျ ဆင်းခိုင်းပါတယ် ။
ပုံမှန်ဆို ဘဏ်တွေမှာ တနင်္လာနေ့ကနေ သောကြာနေ့ထိဘဲဖွင့်တာပါ ။ စနေ့ နဲ့ တနင်္ဂနွေ ပိတ်ပါတယ် ။
စနေ၊တနင်္ဂနွေပိတ်တုန်းလည်း ဒီလစာပါပဲ။ ၇ရက်လုံးဖွင့်ပြီး အစိုးရရုံးပိတ်ရက်ပါ အလုပ် လုပ်ရတော့လည်း ဒီလစာပဲ ဖြစ်နေလို့ပါဓ
ဘဏ်ဝန်ထမ်းတွေ အပေါ်မတရား ဖိနှိပ်ရင် ဘယ်လို့ တိုင်းကြားလို့ရလားဗျ ။
ကျေးဇူးပြုပြီး ဖြေပေးပါ ခင်ဗျာ ။

Related posts

Cover
လာအို အခြေစိုက် NEW ERA၊ Authentic တံဆိပ်ချုပ် စက်ရုံ စာချုပ်ချိုးဖောက်ပြီး လျှော်ကြေးတောင်း
Apr 30, 2025
Cover
Myanmar Huasheng Kefu Fashion အထည်ချုပ် အလုပ်ခန့် လစာ မပေးသည့်အပြင် ပိတ်ရက်ဒေးကြေးလျှော့ပေး
Apr 30, 2025
Cover
Myanmar LNY CAPS ဦးထုတ်စက်ရုံ အလုပ်ရွှေ့ပြောင်းမည်စိုးရိမ်ဟုဆိုပြီး သင်္ကြန်မုန့်ဖိုး လျှော့ပေး
Apr 30, 2025
Cover
Nisho အထည်ချုပ်စက်ရုံ မီးလောင်
Apr 30, 2025
Cover
SDI Manufacturing Co.,Ltd အထည်ချုပ် ခြိမ်းခြောက် ရက်အစား လုပ်ကိုင်ခိုင်း
Apr 29, 2025
Cover
မြန်မာလုပ်သား ၃၀ကျော် လုပ်အားခ ပြန်ရ
Apr 29, 2025