NEWS

၃ လနီးပါး ပိတ်ရက်မရှိ အချိန်ပိုအခမဲ့ဆင်းပေးနေရလို့ ဖြေရှင်းပေးရန် အလုပ်သမားတွေတောင်းဆို

CoverLogo
486 Views
 
အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့တွေမှာပါ အချိန်ပိုဆင်းရပြီး အချိန်ပိုကြေးမပေးဘဲ ခိုင်းစေတာကြောင့် လုပ်အားခတွေကို ပြန်တွက်ချက်ပေးဖို့အပါအဝင် လုပ်ငန်းခွင်အတွင်း ချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ Saiform International Garment Myanmar အလုပ်သမားတွေက ပြောပါတယ်။
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်း မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံမှာ အလုပ်သမားတွေကို အချိန်ပို အတင်းအကျပ်ဆင်းခိုင်းတာ၊ အချိန်ပိုကြေးမပေးတာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ခွဲခြားမှုတွေလုပ်ဆောင်နေတာကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမား ၁၇၀၀ ကျော်နဲ့ ZEROCTAGE, Huna, ZERO-STAGE WORKWEAR, TIEORA, SOLOTEX, Aero light, Fieldcore အမှတ်တံဆိပ် ဘောင်းဘီအထည်တွေချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်တာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ကာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။
 
အလုပ်ချိန်အနေနဲ့ နံနက် ၈ နာရီကနေ ညနေ ၆ နာရီခွဲအထိဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုကို ည ၈ နာရီမှ အောလင်း ၊ အောနိုက် ( ညလုံးပေါက်) ထိဆင်းရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
 
"၃ လရှိပြီ တနင်္ဂနွေနေ့တွေမှာပါ ပိတ်ရက်မရဘဲ အချိန်ပိုအလကားဆင်းပေးနေရတာပါ စက်လိုင်းတလိုင်းမှာ လူ ၅၀ ရှိရင် ၂၀ လောက်က အထည်မီအောင်ဆိုပြီးဆင်းရတယ်၊ ည ၈ နာရီထိ ခေါ်တဲ့နေ့တွေဆိုလည်း ဆင်းပေးရတယ် အလကားဆင်းပေးရတဲ့ညတွေမနည်းတော့ဘူး လိုင်းတာဝန်ရှိသူတွေက သူတို့ပြောတဲ့အတိုင်း မဆင်းရင် ၊ မဆင်းတဲ့အလုပ်သမားကို ဖိတာ ပြောဆိုတာတွေလုပ်တယ်၊ တရက် တလ မဟုတ်တော့ဘဲ လနဲ့ချီကြာလာလို့ မခံနိုင်တော့လို့ အကူအညီတောင်းခံတာပါ"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အခုလို အချိန်ပိုအများအပြားခေါ်ယူဖို့နဲ့ ကုန်ထုတ်လုပ်မှုတိုးမြင့်ရေးအတွက် ကြီးကြပ်ရေးလုပ်သားတွေကို ဆုကြေး အဆများစွာတိုးပေးထားတာကြောင့် အခုလို ဖိနှိပ်ခိုင်းစေနေတာလို့လည်း အလုပ်သမားတွေကပြောထားပါတယ်။
 
"စက်ရုံမှာ လိုင်းအလိုက် ဌာနအလိုက် တာဝန်ခံ စူပါ၊ လီဒါ တွေ အထည်ကိုဖိတောင်းတာလဲ မပြောနဲ့ အထည်ဆုကြေးပေးတာကိုက အလုပ်သမားက ၁၀၀၀၀ ရရင် စူပါတွေက ၁၀၀၀၀၀ ရတယ်၊ အလုပ်သမားက ၁၀ ရာခိုင်နှုန်း ကြီးကြပ်ရေးက ၉၀ ရာခိုင်နှုန်း ပေးတာဆိုတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာဖြစ်သလို အလုပ်သမားနဲ့ ကြီးကြပ်ရေးတွေကြား ရန်တိုက်ပေးတာလည်းဖြစ်တယ် လုပ်အားခတွေက အားလုံးကို မျှပေးဖို့ လိုလားပါတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
ဒါ့အပြင် အထည်စံချိန်သတ်မှတ်တောင်းခံရမှာလည်း နေ့စဉ် ပြောင်းလဲ မြင့်တက်နေပြီး စံချိန်ပြည့်မီအောင် ဆဲဆိုပြီး ခိုင်းစေနေတယ်လို့ ဆိုပါတယ်။
 
"အထည်ဆုကြေးကို အဆမတန် ခွာပေးလိုက်တော့ စူပါတွေ၊ လီဒါတွေက အလုပ်သမားတွေကို လူလို့ မမြင်တော့ဘူး ၊ ကျွဲ၊ နွားတွေလိုမြင်ပြီး အချိန်ပိုတွေ အထည်မီအောင်ဆိုပြီး အတင်းစွတ်ခိုင်းတာ ၊ ဆဲဆိုပြီး စံချိန်တောင်းတယ်။ အချိန်ပိုကြေးမပေးဘဲခိုင်းလာတာ ၃ လရှိပြီ မခံနိုင်တော့ဘူး"လို့ နောက်ထပ်အလုပ်သမားတဦးကပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ အခုလို လုပ်ငန်းခွင်အတွင်း မမျှတမှုတွေဖြစ်ပေါ်နေတဲ့အပေါ် တာဝန်ရှိသူတွေသိရှိပြီး တရားမျှတတဲ့ လုပ်ငန်းခွင်ဖြစ်ရေး လိုလားနေတယ်လို့ ဆိုပါတယ်။
 
အလုပ်သမားတွေရဲ့ တောင်းဆိုချက်အရ
၁။ အချိန်ပို ဆင်းခဲ့သည်များကို ဘက်ဒိတ်ဖြင့် ပြန်တွက်ချက်ပေးရန်။
၂။ အချိန်ပိုခေါ်ပါက မည်သည့်အကြောင်းကိစ္စမဆို အချိန်ပိုကြေးပေးခေါ်ရန်နှင့် ဆင်းနိုင်သည့် အလုပ်သမားများ ကိုခေါ်ရန်၊ ဖိအားပေးခြိမ်းခြောက်ခေါ်ခြင်းမပြုရန်။
၃။ စက်ရုံဘက်မှ အထည်ဆုကြေးနှင့် ပတ်သက်၍ ချုပ်လုပ်သည့် အလုပ်သမားများနှင့် အော်စူပါ၊ စူပါများကို အထည်ကြေးကို အညီအမျှ ပေးရန် ဆိုပြီး Saiform International Garment Myanmar အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026