NEWS

၂၀၂၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံရဲ့ အခြေခံလုပ်ခလစာ ဝမ်(၉၈၆၀) တိုးမြှင့်သတ်မှတ်

CoverLogo
2.4K Views

၂၀၂၄ ခုနှစ် အတွက် ကိုရီးယားနိုင်ငံရဲ့ တစ်နာရီလုပ်အားခ အခြေခံလစာကို ဝမ် (၉၈၆၀)အထိ တိုးမြှင့်သတ်မှတ် လိုက်တယ်လို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေထံက သိရပါတယ်။ 

 

အဆိုပါ ၂၀၂၄ အခြေခံလုပ်ခ တနာရီ ၉၈၆၀ ၀မ်က မြန်မာကျပ်၂၁၀၀၀ နဲ့ညီမျှတယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ ကိုရီးယားအလုပ်ရှင်တွေက တစ်နာရီ လုပ်အားခ ဝမ်(၉၆၂၀)နဲ့ ပေးချေနေတာ ဖြစ်ပါတယ်။ 

 

၂၀၂၄ ခုနှစ်အတွက် ပြောင်းလဲသတ်မှတ်မယ့် လုပ်ခလစာနှုန်းထားကို အလုပ်ရှင်ဘက်က ဝမ်(၉၆၅၀)၊ အလုပ်သမား ဘက်က ဝမ်(၁၂၁၃၀) အထိ တင်ပြတောင်းခံခဲ့တာ ဖြစ်ပါတယ်။” 

 

“အရင်နှစ်ကနဲ့တွက်ရင် တစ်နာရီကို ဝမ် (၂၄၀) တိုးပေးတဲ့ သဘောပါ။ အခုက ပြည်တွင်းကနေ ကိုရီးယားကို လာချင်တဲ့သူတွေလည်း များနေတော့ လုပ်အားခတိုးတာတော့ သတင်းကောင်းပဲ”လို့ ကိုရီးယားရောက် မြန်မာအလုပ်သမား ကိုနိုင်နိုင်ဦးက ပြောပါတယ်။ 

 

ကိုရီးယားနိုင်ငံမှာ အခြေခံလုပ်ခလစာကိုနှုန်းထားကို နှစ်စဉ်ပြောင်းလဲ သတ်မှတ်တာဖြစ်ပြီး အလုပ်သမား အရေအတွက်ပေါ်မူတည်ကာ အချိန်ပိုကြေး ပေးချေရာမှာတော့ ပြောင်းလဲမှု ရှိတယ်လို့ သိရပါတယ်။ 

 

“နောက်နှစ်အတွက် တိုးမယ့်လစာကိုတော့ ဒီနှစ်ရဲ့ (၆)လပိုင်း၊ (၇)လပိုင်း အတွင်း သတ်မှတ်ရတယ်။ ဒါက ပုံမှန်ပါပဲ။ ဒီနှုန်းထားက အလုပ်သမားတစ်ယောက်တည်းရှိလည်း ပေးရတယ်။ အပြောင်းအလဲ မရှိဘူး။ ဒါပေမယ့် အချိန်ပိုကြေး တွက်တဲ့နေရာမှာတော့ကွာတယ်။ ပိုင်ရှင်မပါဘဲ အနည်းဆုံးအလုပ်သမား (၅)ယောက် ရှိမှပဲ အချိန်ပိုကြေးက ၁ဒဿမ၅ဆ ရတယ်။ မဟုတ်ရင် တစ်ဆပဲ ရတယ်”လို့ မြန်မာအလုပ်သမား လူမှုဖူလုံ‌ရေးစင်တာ(ကိုရီးယား) လုပ်ငန်းကော်မတီ ဥက္ကဌ ကိုစိုးမိုးသူက ပြောပါတယ်။ 

 

ပြည်တွင်းကနေ ကိုရီယားကို နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်စေလွှတ်နေတာပါ။ လက်ရှိမှာတော့ ကုန်ထုတ်၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အလုပ်သမားတွေ ခေါ်ယူနေတာ ဖြစ်ပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
မလေးရှားနှင့်ဂျပန် ကိုပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်လည်သည့် အေဂျင်စီကို အမှုဖွင့်အရေးယူ ထားဟု အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Mar 23, 2026
Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026