NEWS

ဥရောပနိုင်ငံတွေကိုတင်ပို့နေတဲ့ အတွင်းခံချုပ်စက်ရုံမှာ အလုပ်သမား အများစု နေ့စားသမားများအဖြစ်သာလုပ်ကိုင်နေရ၊ အလုပ်သမားဥပဒေပါ အခွင့်အရေးများမရရှိဟုဆို

CoverLogo
1.5K Views

မြန်မာနိုင်ငံမှာ ချုပ်လုပ်ပြီး ဥရောပနိုင်ငံတွေကိုတင်ပို့နေတဲ့ အတွင်းခံချုပ်စက်ရုံမှာ အလုပ်သမား အများစု နေ့စားသမားများအဖြစ်သာလုပ်ကိုင်နေရပြီး အချို့မှာ တစ်နှစ်ကြာသည်အထိ နေ့စားအဖြစ်ရှိနေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ  အလုပ်သမားဥပဒေပါ အခွင့်အရေးများမရရှိဘူးလို့  Top Line အထည်ချုပ်စက်ရုံက အလုပ်သမားတွေကပြောပါတယ်။ 

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မှာရှိတဲ့ အဆိုပါ စက်ရုံမှာ အမျိုးသား အမျိုးသမီးဝတ် အတွင်းခံအထည်တွေချုပ်လုပ်တာဖြစ်ပြီး လူဦးရေ ၆၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး တစ်ဝက်လောက်က နေ့စား အပတ်ရှင်းအလုပ်သမားတွေဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး Selene, SMOG စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

စက်ရုံထဲမှာ ဆေးပေးခန်းရှိပေမယ့် ဆေးဝါးနှင့် နာစ့်မရှိခြင်း၊ သောက်ရေ သုံးရေမှာ မီးလာသည့်အချိန်တွင်သာ ပြည့်ပြည့်ဝဝ သောက်သုံးရပြီး မီးပျက်ပြီး မီးစက်မောင်းသည့်အခါ သောက်သုံးရေမရှိတော့သည်မှာ ကာလအချိန်တစ်ခုထိ ကြာမြင့်လာပြီဖြစ်တယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေကပြောဆိုပါတယ်။ 

ဖယ်ရီတစ်စီးလျှင် လူအင်အားနှင့်မမျှတသည်မှာလည်း ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်ထိပင် အန္တရာယ်ရှိစွာ စီးနင်းလိုက်ပါကြရပါတယ်လို့ ဆိုပါတယ်။ 

"အမြဲတမ်းဝန်ထမ်းက တစ်လိုင်းကို ၂၀ လောက်ပဲရှိတယ် စက်လိုင်းက ၁၆ လိုင်းဆိုတော့ ကျန်တာအကုန် နေ့စားအပတ်ရှင်းတွေချည်းပဲ နေ့စားသမားတွေကျတော့ အရင်က တရက် ၅၀၀၀ နှုန်း အိုတီ တစ်နာရီ ၁၀၀၀ နှုန်းနဲ့ပေးတယ် အခုနောက်ပိုင်း နေ့စားတွေ တပတ်ပြည့်အောင်မဆင်းရင် လုပ်အားခမပေးတော့ဘူးလို့ နိုဝင်ဘာ ၁၆ ရက်က စက်ရုံဘက်ကပြောတယ်"လို့ စက်ရုံတွင်း အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။ 

"၁၁ လပိုင်း ၁၃ ရက်နေ့က ဆို နေ့စားဝန်ထမ်း မိန်းကလေး တစ်ယောက် နေ့စားခလာထုတ်တာကို မနက်ရမယ် ညနေ ရမယ်ဆိုပြီး လှည့်ပတ်ပြောဆိုပြီး လုပ်အားခမပေးခဲ့ဘူး" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ နေ့စားသမားတွေကို စံချိန်တစ်လ ၂ သောင်း တောင်းထားပြီး စံချိန်ပြည့်မီပါက လစားအဖြစ်ခန့်အပ်မည်ဖြစ်ကြောင်း ပြောဆိုပြီး စံချိန်ပြည့်မီကာ လစားအဖြစ်ခန့်အပ်သော်လည်း စံချိန်််မပြည့်ပါက နေ့စားပြန်လည် လုပ်ကိုင်နေရပြီး တစ်နှစ်ကျော်ကြာသည်အထိ နေ့စားအဖြစ်သာ လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ 

"အလုပ်သမားတွေကို တားဂတ် target မမှီရင် ဝမ်တိမ်ထိုးခိုင်းတယ် တားဂတ်မမှီမှာကြောက်ပြီး အလုပ်သမားတွေ အပေါ့အပါးတောင်မသွားရဲဘူး ထမင်းစားချိန်တောင် ဝဝလင်လင်မစားရဘူး"လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ ကြီးကြပ်သူတွေဖြစ်တဲ့ စူပါဗိုက်စာ နဲ့ လီဒါတွေက ဆဲဆိုကြိမ်းမောင်းခိုင်းစေနေလို့  အခက်အခဲတွေနဲ့ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ခွင့်ခံစားခွင့်တွေ လည်း ရရှိတာအားနည်းနေပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့် သည်းခံပြီးလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

"ခွင့်တွေက ယူလို့မရတာမဟုတ်ဘူး အရေးကြီးရင် ကြီးသလိုမရဘူး ရှောင်တခင်ဆိုရင် တပတ်ကြိုပြီးတိုင်ခိုင်းတယ် အဲ့ဒါကျအဆင်မပြေဘူးလေ ဥပဒေထဲပါတာအဲ့လိုမှမဟုတ်တာ ရှောင်တခင် ခွင့်ပါဆိုမှ အရေးပေါ် ကိစ္စတွေရှိမှ ယူကြတာလေ လူမှုဖူလုံရေးခွင့်တွေလည်း အလွယ်တကူမရဘူး ဘယ်သူ့ကိုတိုင်လို့တိုင်ရမှန်းလဲမသိဘူး"လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

MyanmarLabourNews


Related posts

Cover
အလုပ်သမားအခွင့်အရေးသိရှိသူနည်းပါး၊ ချိုးဖောက်မှုများဖြေရှင်းပေးရန် လိုလားနေ
Nov 05, 2025
Cover
လုပ်သက်နည်းတဲ့အလုပ်သမားတွေကို ဥပဒေမဲ့ခိုင်းစေအလုပ်ထုတ်၊ အချိန်ပိုကြေး မပေးဘဲခိုင်းစေ
Nov 04, 2025
Cover
CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း
Nov 03, 2025
Cover
Myanmar Jiale အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေ
Nov 03, 2025
Cover
အလုပ်သွင်းပေးဖို့ပိုက်ဆံတောင်းသည့် အေဂျင်စီများနှင့်ပွဲစားများကိုအရေးယူမည်
Nov 03, 2025
Cover
GY Sen စက်ရုံ ကထိန်အလှူအတွက် အချိန်ပို   ၂ နာရီ လုပ်ခ ဖြတ်
Nov 03, 2025
Cover
အူရီဒူး နှင့်အငြင်းပွားသည့် စီနီယာမန်နေဂျာ တို့ နှစ်ဖက် ပြေလည်မှုရပြီး တရားစွဲထားသော အမှုရုပ်သိမ်း
Nov 03, 2025
Cover
Grand Forest အထည်ချုပ် လုပ်သားများအား ရုတ်တရက် အလုပ်ရပ်ဆိုင်း
Nov 03, 2025