NEWS

ဥပဒေမဲ့အလုပ်ထုတ်တာတွေမလုပ်ဖို့နဲ့ တနင်္ဂနွေနေ့နားရက်ပေးဖို့ အလုပ်သမားတွေပြော

CoverLogo
556 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊  မြစိမ်းရောင်စက်မှုဇုန်၊ မြသရဖီလမ်း၊ အမှတ်(-)တွင် ဖွင့်လှစ်ထားသော WELCOMBINE LEATHER MYANMAR Co, ltd စက်ရုံမှာ အလုပ်သမား(၅၀၀) ဝန်းကျင်ဖြင့်လုပ်ငန်းလုပ်ကိုင်ပြီး လုပ်ငန်းခွင်မှာ ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ပါ မနားရဘဲ အချိန်ပိုဆင်းနေရပြီး ခွင့်ခံစားခွင့်မရတာ ၊ လုပ်သက် ၃ လပြည့်အလုပ်သမားတွေကို အတည်ပြုမခန့်ပေးတာနဲ့ ဥပဒေမဲ့အလုပ်ထုတ်တာတွေ ပြုလုပ်နေလို့ဖြေရှင်းပေးဖို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။

စက်ရုံဟာ နယ်သာလန်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး TRAVEL EDITION၊ MOG တံဆိပ်များဖြင့် ကျောပိုးအိတ်များချုပ်လုပ်ကာ လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ ပြောပါတယ်။

"တနင်္ဂနွေနေ့တိုင်း တစ်လလုံးနားရက်မရှိဘဲ အချိန်ပိုခေါ်တာပါ တခါတလေ မဆင်းချင်လဲ ဆင်းရတယ် မဆင်းမနေရ ဖိအားပေးပြီးဆင်းခိုင်းတယ် အချိန်ပိုခေါ်လို့မဆင်းတဲ့အလုပ်သမားကို စက်လိုင်းပြောင်းပစ်တယ် အဲ့လိုအပြောင်းခံလိုက်ရရင် အလုပ်သမားက စိတ်ညစ်ပြီးအလုပ်ထွက်လို့ ရှိရင်လဲ ထွက်စာမတင်ရင် ဆင်းခဲ့တဲ့ရက်တွေကို လစာမရှင်းပေးဘူးလို့ ခြိမ်းခြောက်သေးတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ စံချိန် ကို ချုပ်လုပ်နိုင်တာထက်ပိုတောင်းပြီး စက်လိုင်းတစ်လိုင်းလျင် လူဦးရေ ၃၅ ဦးအတွက် တနာရီလျင် လိုင်းပေါက်အိတ် စံချိန်အလုံး  ၇၀ ထိ သတ်မှတ်ထားကာ စံချိန်ပြည့်မီရန်အတွက် အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားချိန်ပင် မရပဲ ချုပ်လုပ်နေပြီး သန့်စင်ခန်းသွားပါက ကြီးကြပ်သူတွေရဲ့ အော်ဟစ်ဆဲဆိုမှုနေ့စဉ်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အလုပ်သမားများ ခံစားခွင့်ဖြစ်သောရှောင်တခင်ခွင့်၊ ဆေးခွင့်များမရရှိခြင်း၊ နေထိုင်မကောင်း လို့ လူမှုဖူလုံရေးဘက်မှ ဆေးခွင့်ရသော်လည်း အလုပ်ရှင်ဘက်မှဆေးခွင့်မရရှိခြင်း၊ အရေးပေါ်ကိစ္စရပ်များရှိလျှင်လည်းရှောင်တ ခင်ခွင့်လည်းမရရှိခြင်း၊ ခွင့်တိုင်ကြားသော်လည်း အလုပ်ရှင်ဘက်မှ ခွင့်မပေးသည့်အတွက်ဒေးကြေး (၄၈၀၀)ကျပ်၊ ထောက်ပံ့ကြေး (၁၀၀၀)ကျပ်၊ ရက်မှန်ကြေး(၁၀၀၀၀)ကျပ်ဖြတ်တောက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားများ အလုပ်တက်ချိန် နံနက်(၇း၃၀)မှ ညနေ၆နာရီအထိဆင်းရပြီး ယခုနောက်ပိုင်းတွင် ညဘက် ၈ နာရီအထိဆင်းနေရတယ်လို့ ပြောပါတယ်။

အချိန်ပို ဆင်းရာမှာလည်း အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ကြိုတင်ပြောကြားခြင်းမရှိခြင်း၊ အချိန်ပိုအိုတီဆင်းခါနီးမှ အချိန်ပိုအိုတီဆင်းရမည်ဟုပြောပြီး တန်းဆင်းခိုင်းခြင်း၊ အလုပ်ရှင်ခေါ်သော အချိန်ပိုအိုတီကိုအ လုပ်သမားများမှာ မဆင်းမနေရဆင်းရခြင်း၊ မဆင်းလျှင်လည်းအငြိုးအတေးထားခံရခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်းများ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲတွင် နေ့စားအလုပ်သမားများ (၂၀)ဦးကိုခန့်ထားပြီး ထို့နေ့စားအလုပ်သမားများကိုလည်း လုပ်သက် ၃လပြည့်လျှင်လည်း အတည်ပြုဝန်ထမ်းမခန့်အပ်ဘဲ  အလုပ်ရှင်က အလုပ်လိုလျှင်ခေါ်ခိုင်းပြီး မလိုလျှင်အလုပ်မှထုတ်ပယ်ပစ်ကာ လုပ်သက်ဘယ်လောက်ရှိသည်ဖြစ်စေ အလုပ်ရှင်ဘက် ကဥပဒေမဲ့အလုပ်ထုတ်ခြင်းများကို မကြာခဏ ပြုလုပ်နေသည့်အပြင် နေ့စားအလုပ်သမားများမှာ တနင်္ဂနွေနေ့ပိတ်ရက်ခံစားခွင့်မရရှိခြင်း၊ စနေနေ့ဆိုလျင်လည်း တစ်နေ့ကုန်အလုပ်ဆင်းရပြီး ၅၈၀၀ကျပ်သာပေးနေခြင်းကြောင့် နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ 

၁။   အလုပ်ရှင်ဘက်မှအချိန်ပိုအိုတီကို အလုပ်သမားတွေဆန္ဒမပါဘဲ ဖိအားပေးဆင်းခိုင်းခြင်း မပြုလုပ်ရန်။
၂။  အလုပ်ရှင်ဘက်မှ ရှောင်တစ်ခွင်ခွင့်၊ ဆေးခွင့်တွေကို အလုပ်သမားကတိုင်ကြားပါက ခွင့်အဖြစ်သတ် မှတ်ပေးရန်။
၃။  အလုပ်ရှင်ဘက်မှ တနင်္ဂနွေနေ့များကို အလုပ်သမားများကို နားရက်ပေးရန်။
၄။ ၃လပြည့်ပြီးသော အလုပ်သမားများကို အလုပ်ရှင်ဘက်က အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်နှင့် စနေနေ့ကိုအလုပ်ချိန်ကျော်လွန်လျင် အချိန်ပိုအိုတီကြေးပေးရန်။
၅။ အလုပ်ရှင်ဘက် ဥပဒေမဲ့အလုပ်ထုတ်ခြင်းများ မပြုလုပ်ရန် စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026