NEWS

အိမ်အကူလုပ်သားများ တရားဝင်ရွှေ့ပြောင်းသွားလာသည့်လမ်းကြောင်းဖြစ်စေရေး အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

CoverLogo
386 Views

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်တဲ့ အိမ်အကူလုပ်သားတွေကို တရားဝင်ရွှေ့ပြောင်း သွားလာတဲ့လမ်း ကြောင်း ဖြစ်စေဖို့ တိုက်တွန်းတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့် အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ပြည်ပနိုင်ငံတွေကို အိမ်အကူအလုပ်အကိုင်အတွက် သွားရောက်လုပ်ကိုင်တာဟာ စစ်အာဏာ မသိမ်းခင်ကတည်း က ရှိနေတာဖြစ်ပြီး အခုချိန်ထိ တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ပြုတာတော့ မရှိသေးပါဘူး။ အာဏာမသိမ်းခင် ကတော့ ပြည်ပမှာ ရောက်ရှိနေတဲ့ အိမ်အကူလုပ်သားတွေ တရားဝင်မှတ်ပုံတင်နိုင်ရေးအတွက် လုပ်ဆောင်နေ တယ်လို့ အလုပ်သမားဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နှုန်းဟာ ပိုမိုမြင့်တက်လာပြီး အိမ်အကူ အလုပ်အကိုင်နဲ့ ပြည်ပကို သွားရောက်လိုသူတွေလည်း များနေတာပဲ ဖြစ်ပါတယ်။

“အိမ်အကူအလုပ်သမားတွေ တရားဝင်ရွှေ့ပြောင်းသွားလာတဲ့လမ်းကြောင်း ဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးဖို့နဲ့ တရားမဝင်ပွဲစားတွေကြောင့် ပြည်ပနိုင်ငံတွေမှာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာနိုင်ရေးအတွက် လိုအပ်တဲ့ပံ့ပိုးကူညီတာတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်း ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိမ်အကူလုပ်သားတွေ တခြားအလုပ်သမားတွေနည်းတူ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝ ရရှိ စေရေးအတွက် ဆိုက်ရောက်နိုင်ငံတွေက ဥပဒေတွေပြဌာန်းပြီး ထိရောက်စွာ ကျင့်သုံးဖို့လည်း တိုက်တွန်းဖော်ပြ ထားပါတယ်။

“သူများအိမ်မှာ အိမ်အကူလုပ်ရတာ တကယ်တော့ မလွယ်ပါဘူး။ အိမ်အကူမကောင်းတာကော၊ အိမ်ရှင်မကောင်း တာကော လူတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမယ့် အိမ်အကူအလုပ်ဆိုတာ လွယ်ကူနေတာတော့ မဟုတ် ဘူး။ အလုပ်ချိန်မရှိဘူး။ အသက်ငယ်တယ်ဆို ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေလည်း ရှိတယ်။ ပြည်တွင်းမှာတောင် ဒီလောက်ဒုက္ခရောက်ရင် ပြည်ပနိုင်ငံတွေမှာလုပ်ရတဲ့သူတွေတော့ ပိုဆိုးမယ်ထင်ပါတယ်။ လစာပိုရတယ်ဆိုပေမယ့် အဲဒီလိုကြီးတော့ နိုင်ငံခြားမှာ သွားမလုပ်ရဲဘူး”လို့ အိမ်အကူ အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ ၂၀၁၄ ခုနှစ်က ပြည်ပကို အိမ်အကူ အလုပ်အကိုင်နဲ့ လုပ်သားစေလွှတ်တာကို Pilot project လုပ်ကိုင်ခဲ့ပေမယ့် လက်ရှိချိန်ထိ တရားဝင် သွားရောက်လုပ်ကိုင်ခွင့် မပြုသေးပါဘူး။

#MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026