NEWS

အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ဥပဒေပါ ခံစားခွင့်တွေ ရရှိဖို့ တောင်းဆို

CoverLogo
1.2K Views

အထည်ချုပ်လုပ်ငန်းခွင်တစ်ခုမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ဥပဒေပါ ခံစားခွင့်တွေကို ရရှိခြင်းမရှိဘူးလို့ JIN SEN Garment အလုပ်သမားတွေကပြောဆိုပါတယ်။

လှိုင်သာယာမြို့ ၈၆ ဂိတ်ဟောင်း ရဲစခန်းအနီးမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါ လုပ်ငန်းခွင်ထဲမှာ အတွင်းခံ အတို၊ ဆွဲသား၊ ဘောင်းဘီအရှည်တွေချုပ်လုပ်ရတာဖြစ်ပြီး လူဦးရေ ၁၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းခွင်မှာ သမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

အဆိုပါအထည်ချုပ် စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လက်ရှိလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန် အဆမတန်တိုးတောင်းတာ စံချိန်တောင်းခံရာမှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ အော်ဟစ်ဆဲဆို ခိုင်းစေတာတွေပါ ပြုလုပ်နေတယ်လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားတွေက ပြောဆိုပါတယ်။

၎င်းစက်ရုံသည် နံနက်အလုပ်တက်ချိန် (၇း၃၀) အချိန်တွင် အလုပ်စတင်လုပ်ရပြီး၊  ည (၇) နာရီအထိ အလုပ်ဆင်းရကာ အချိန်ပိုအိုတီချိန်မဆင်းခင် အနားမပေး တစ်ဆက်တည်း ဆင်းခိုင်းပြီး အောတစ် (စစ်ဆေးရေး) များ လုပ်ငန်းခွင်ထဲလာလျှင် အောတစ်များရှိသည့်အတွက် အလုပ်ချိန်၈နာရီအပြီး၊ အချိန်ပိုအိုတီမဆင်းခင်အချိန်တွင် မိနစ် ၃၀ အနားပေးပြီး၊  အလုပ်သမားများ  လစာထဲက ပိုက်ဆံပြန်လည်း ဖြတ်တောက်ထားတယ်လို့ အလုပ်သမာတွေထံကသိရပါတယ်။

လက်ရှိမှာ အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ၊ ဖူလုံရေးခံစားခွင့်များကို  ခံစားခွင့်မရရှိဘဲ လုပ်ငန်းခွင်အတွင်းမှာလဲ ဥပဒေနှင့် ညီမျှအောင် လုပ်ကိုင်ဆောင်ရွက်ထားတာတွေမရှိဘူးလို့ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

"ဆဲတာ အပြောအဆို ရိုင်းစိုင်းတာနဲ့ ဖိနှိပ်တာတွေကတော့ အမြဲတမ်းလိုလိုပဲ မခံနိုင်တဲ့ လူတွေ ကျ ထွက်ကုန်ကြတာများတယ် လူလဲမမြဲဘူး အခုလဲ  စားဝတ်နေရေးအတွက် သည်းခံပြီး လုပ်နေရတယ်"လို့ အမည်မဖော်လိုတဲ့ စက်ရုံလုပ်သားတစ်ဦးကပြောဆိုပါတယ်။

စံချိန်များကို အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်တာထက် ပိုမိုတောင်းခံနေခြင်း၊ စံချိန်ကို အလုပ်သမားတစ်ဦးလျှင် တစ်နာရီကို ၅၀ အထိတောင်းခံခြင်း၊ ဘောင်ဘီအရှည်များ ချုပ်ရသည့်အတွက် ခက်ခဲပြီ လက်၀င်ခြင်းကြောင့် စံချိန်မရလျှင်လည်း ဆဲဆို၊ အော်ဟစ်နေခြင်းများ ပြုလုပ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ ၁။ အလုပ်သမားများ ခံစားခွင့်ရှိသော ဥပဒေပါခံစားခွင့်များ ပေးရန်။
၂။ အလုပ်သမားများ ချုပ်နိုင်သော စံချိန်များကို တောင်းခံရန်။
၃။ စူပါ၊ အော်စူပါများမှ အလုပ်သမားများကို ဆဲဆိုခြင်း၊ ဂုဏ်သိက္ခာမရှိအောင် ပြောဆိုခြင်းများ မပြုလုပ်ရန်တို့စတဲ့ အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026