NEWS

အလုပ်သမားတွေကို ကျန်းမာရေးထိခိုက်တဲ့အထိ အချိန်ပိုအလွန်အကျွံခိုင်းစေ

CoverLogo
614 Views

ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ် ရွှေသန်လွင်စက်မှုဇုန်  ၊ မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားတဲ့ TS Garment (သားစု) အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ခန့် လုပ်ကိုင်နေပြီး အလုပ်သမားတွေရဲ့ ကျန်းမာရေးထိခိုက်လာတဲ့အထိ အချိန်ပိုညည့်နက်ထိ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်ချိန်မှာမနက်(၈) နာရီမှ ညနေ ၆- ၃၀  နာရီထိ ပုံမှန်အလုပ်ချိန်ဖြစ်ပြီး ပုံမှန်အချိန်ပိုမှာ (၂) နာရီအပါဝင် မနက် (၈) နာရီမှ ည  ၈ နာရီထိ လုပ်ကိုင်ရတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တနင်္ဂနွေအလုပ်ပိတ်ရက်တွေမှာပါ အချိန်ပိုဆင်းကြရပြီး  အထည်စံချိန်များကို အလုပ်သမားများလုပ်နိုင်တာထက် ပိုမိုတောင်းခံမှုများ ပြုလုပ်တာကြောင့် အချိန်ပိုဆက်တိုက် ဆင်းရတဲ့အတွက် အလုပ်သမားများအနေဖြင့် ကျန်းမာရေးထိခိုက်သလို အထည်စံချိန်များမှာလည်း ဖိအားပေး တောင်းခံခြင်းများရှိခြင်းကြောင့် အလုပ်သမားများအနေဖြင့် ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

"အဓိကအားဖြင့်တော့ အချိန်ပိုတွေ ကိုတနေ့  ၂နာရီ ၃ နာရီ လုပ်တာလုပ်ပေးနိုင်တယ်။ အခုက မနက် ၈ နာရီကနေ ည ၁၂ နာရီထိ ခိုင်းတာက  ရေရှည်ဖြစ်လာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာတယ်။ အိမ်ပြန်မှ ချက်ပြုတ်စားသောက်နေရတဲ့  အဆောင်နေအလုပ်သမားတွေ အတွက် စားရေးသောက်ရေးအစ အဆင်မပြေဘူး။ ည ၁ နာရီဆိုတော့ ဘာမှလည်းဝယ်မရတော့ဘူး။ သွားရေးလာရေး‌ ခေတ်ကလာအရ အဆင်မပြေဘူး။"လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံတွင် ဆေးပေးခန်းထား ပေးထားသော်လည်း ဆေးခန်းတွင် ဆေးမရှိသလို ကျန်းမာရေးမကောင်းသည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ခွင့်တင်ပါက  အလုပ်သမားရသင့်တဲ့ခွင့်မပေးဘဲ  လူမှုဖူလုံရေးဆေးခွင့် ပေးလျှင်လည်း ခွင့်မဲ့သာပေးတာကြောင့် နစ်နာမှုတွေဖြစ်နေတယ်လို့ ပြောပါတယ်။

" တရက်လုံး ခွင့်မယူလိုလို့ ဂိတ်ပတ်တောင်းရင်လည်း ဂိတ်ပတ်က အလွယ်တောင်းလို့ မရါဘူး။ ဂိတ်ပတ်တောင်းခက်လို့ ခွင့်တင်လည်း မရဘူး။ အလုပ်ကို ခွင့်မဲ့ဖြင့်ပျက်ရင်လည်း ပြောဆိုခံရတယ်။ သောက်သုံးရေကလည်းနံတယ်။ သောက်သုံးရေမသန့်ပဲ သောက်နေရတယ်။  အိမ်သာလည်း ကောင်းတဲ့အိမ်သာနည်းတယ်။  သန့်ရှင်းမှုမရှိဘူး။ စက်ရုံက ဝန်ထမ်းကဒ်ပေးတယ်။ ဝန်ထမ်းကဒ်မကောင်းလို့ လဲရင်ပိုက်ဆံ(၁၀၀၀)ကျပ်ပေးရတယ်။ ပိုက်ဆံပေးမှ လဲပေးတယ်"လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်အတွက် အလုပ်ခန့်ပါက အစမ်းခန့် ၂ ပတ် ခန့်ထားပြီး ဒေးကြေး ၄၈၀၀ ကျပ်ဖြင့်သာ ပေးချေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တနင်္ဂနွေပိတ်ရက်အတွက် ပေးချေမှုမရှိတာကြောင့် နစ်နာရတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ကျန်းမာရေးထိခိုက်တဲ့အထိ အချိန်ပိုခေါ်ယူမှုများကို လျှော့ချပေးရန် လုပ်ငန်းခွင်အတွင်း ဆေးပေးခန်း ၊ သောက်သုံးရေ များ အဆင်ပြေအောင် စီမံပေးရန် ၊ ဥပဒေပါ ခွင့်ခံစားခွင့်ပေးရန် စတာတွေတောင်းဆိုလိုတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ 
၁။ အချိန်ပိုများကို ည ၁၂ နာရီထိ မခေါ်ရန်။ အချိန်ပိုမဆင်းချင် သူများကို ဖိနှိပ်ခြိမ်းခြောက်ခြင်းမပြုလုပ်ရန်။၂။ ဆေးပေးခန်းတွင် ဆေးအလုံအလောက်နှင့် သူနာပြုထားပေးရန်။
၃။ သောက်ရေးကို ရေသန့်ဗူးကြီးများ ဝယ်တိုက်ပေးရန်နဲ့ 
၄။ အထည်စံချိန်များကို အလုပ်သမားလုပ်နိုင်သည့်စံချိန်ကိုသာတောင်းခံရန်။ ဆဲဆိုခြင်းပြုလုပ်သည့် မည်သူကို မဆို EC စာချုပ်စည်းကမ်းချက်များအတိုင်း အရေးယူပေးရန် စတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုထားတာဖြစ်ပါတယ်။

အဆိုပါစက်ရုံပိုင်ရှင်မှာ တရုတ်နိုင်ငံသားဖြစ်ပြီး အလုပ်သမား ၇၀၀ကျော်နဲ့ mont.bell အမှတ်တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိရပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026