NEWS

အလုပ်သမားဆန္ဒမပါဘဲ ခြိမ်းခြောက်ကာ အများပြည်သူအလုပ်ပိတ်ရက်အား OT အတင်းကြပ်ခေါ်ယူ

CoverLogo
651 Views

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့မှာရှိတဲ့  NorthShore Group အထည်ချုပ်စက်ရုံမှာ  အလုပ်သမားဆန္ဒမပါဘဲ ခြိမ်းခြောက်ကာ အများပြည်သူအလုပ်ပိတ်ရက်အား OT အတင်းကြပ်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ 

"၁၈ ရက်မှာကျရောက်တဲ့ အီဒုလ်အဿွဟာ ( ကုရ်ဘာနီအီးဒ်) နေ့ အများပြည်သူအလုပ်ပိတ်ရက်နေ့ကို OT ဆင်းရမယ် မဆင်းရင် လစာ ဖြတ်မယ်ဆိုပြီး အတင်းအကြပ်လက်မှတ်လိုက်ထိုးခိုင်းတယ်။ အလုပ်သမားတွေကလည်း မလွန်ဆန်နိုင်လို့ လက်မှတ် ထိုးကြရတယ်။ သက်ဆိုင်ရာ စည်းကြပ်ဌာနကို တိုင်စာပို့တော့လည်း ဘာမှလုပ်ဆောင်ပေးတာမရှိဘူး ။ စည်းကြပ်ဌာနတွေက စက်ရုံ ထဲလာရင်လည်း စားသောက်ပြီး ပြန်သွားတာပဲရှိတယ် ဘာမှ စစ်ဆေးတာမရှိဘူး။ခေါ်စစ်ရင်တောင်စက်ရုံဘတ်က သင်ပေးထားတဲ့သူတွေပဲခေါ်စစ်တယ်။
မေ ၂၂ ကဆုန်လပြည့်နေ့ကိုလည်း အတင်းကြပ် OTခေါ်ခဲ့တယ် "လို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၆၀၀ ဝန်းကျင်နဲ့ VAUDE, Schoffel , BERGAN တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံမှ All Super အချို့ဟာ အလုပ်သမားတွေအပေါ်ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာတွေ၊ အထည်တွေနဲ့ပစ်ပေါက်ပြီး ကိုယ်ထိလက်ရောက်လုပ်တာတွေ၊  တွေ့ကရာနဲ့ကောက်ပေါက်တာတွေ လက်ပါတာတွေ၊ အလုပ်သမားတွေကို ခွဲခြားဆက်ဆံပြီး စက်ချုပ်ဝန်ထမ်းတွေကိုလည်း တစ်နာရီတစ်ခါ သန့်ရှင်းရေးထလုပ်ခိုင်းတာတွေ အထည်မရရင်ဆဲတာ၊ အမျိုးသမီးဝန်ထမ်းတွေကို စက်ခုံတွေ ရွှေ့ခိုင်းတာနဲ့  OT ကိုမဆင်းချင်ပေမဲ့  အတင်းဆင်းခိုင်းတာ
တွေနေမကောင်းဖြစ်တောင်ပြန်မလွှတ်ဘဲ  အိုတီ  တစ်ရက်မဆင်းတာနဲ့ နောက်ရက်တွေ OTပေးမဆင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၉ ရက်မှာလည်း လုပ်ငန်းခွင်ထဲက အလုပ်သမား အမျိုးသမီးငယ် ကို ကိုယ်ထိလက်ရောက်ရိုက်နှက် ကျူးလွန်ခဲ့ပြီး အလုပ်သမား က အရှက်ရကာ အလုပ်မှထွက်သွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ် လို့ ဆိုပါတယ်။

 

 

 


Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026