NEWS

အလုပ် ၁၀ ရက်ပိတ်သည်ဟုဆိုကာ စက်ရုံရှိ ပစ္စည်းများရောင်းချပြီး အလုပ်ရှင်ထွက်ပြေးဟုဆို

CoverLogo
5.1K Views

လှိုင်သာယာမြို့နယ် မွေးမြူရေးစက်မှုဇုန် ကျောင်းလမ်းမှတ်တိုင် ရွှေရင်အေးကျောင်းလမ်း
၁၀ လမ်းသွယ် မှာဖွင့်လှစ်ထားသော Likes View tex Garment Co,Ltd အလုပ်ရှင်မှ ဩဂုတ်လ ၂၅ ရက်တွင် အလုပ် ၁၀ ရက်ပိတ်မည်ဟုဆိုကာ စက်တင်ဘာ ၅ ရက်နေ့တွင် လစာလာထုတ်ရန် ဝန်ထမ်းတွေကို ပြောဆိုခဲ့ပြီးနောက် ယနေ့ စက်တင်ဘာ ၄ ရက်နေ့ညနေပိုင်းမှာအလုပ်သမားတွေစက်ရုံကိုသွားရောက်ရာမှ စက်ရုံတွင်းပစ္စည်းးများ ရောင်းချနေတာတွေ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

(ONE)(WESTWOOD)(PIOZEN) စတဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်လုပ်ခဲ့တာလို့သိရပြီး လက်ရှိမှာ အလုပ်သမား ၁၅၀ ကျော်ကို လစာမပေးဘဲ ရှောင်တိမ်းသွားတယ်လို့ ယူဆရပြီး လုပ်ခလစာ တွေအတွက် စိုးရိမ်မှုရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"အကုန်သိသွားကြပါပြီ အခြေအနေက သူတို့ရောင်းထားတဲ့လူတွေက ပစ္စည်းတွေလာသယ်နေကြတာတွေ့လို့ ဝန်ထမ်းတွေကလည်း အတင်မခံဘူး မီးစက်ကြီးကလည်း ငှားထားတာလို့သိရတယ် မီးလိုင်းတွေပါ သိန်း ၈၀ နဲ့ ရောင်းခဲ့တာလို့ သိရပါတယ်။ အလုပ်သမားတွေက တော့အတင်မခံဘူး။" လို့ အော်ပရေတာဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံရှယ်ယာဝင် ၂ ယောက်ကျန်ခဲ့ပြီး ၎င်းတို့ကို စောင့်ကြည့်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။အဆိုပါ စက်ရုံမှာ ပြီးခဲ့တဲ့လတွေကလည်း လစာပေးမယ့်ရက်တွေမှာ လစာမပေးတာနဲ့ အချိန်ပိုကြေးတွေမရှင်းပေးတာ အလုပ်သမားတွေကို လစာမရှင်းပေးဘဲ အလုပ်ထုတ်ပယ်တာတွေရှိခဲ့ တယ်လို့ သိရပါတယ်။

အခုလို လုပ်အားခမရှင်းပေးဘဲ အလုပ်ရှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့တဲ့အတွက် အလုပ်သမား ၁၅၀ ကျော်ရဲ့ လုပ်ခလစာတွေအတွက် စိုးရိမ်နေရပြီး အဆောင်လခနဲ့ စားရေး သောက်ရေး တွေ ဖြေရှင်းဖို့ အခက်တွေ့နေရပြီလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

MyanmarLabourNews

 

 


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026