NEWS

အထက်အမိန့်ဟုဆိုကာ အလုပ်သမား ၂ ဦးကို ၅မျဉ်းစောင်းသမားဟုအကြောင်းပြ အလုပ်ထုတ်

CoverLogo
2.1K Views

“အလုပ်ထဲမှာအလုပ်လုပ်နေရင်းနဲ့ စက်လိုင်းနံပတ် ၄ က အလုပ်သမား ၂ ယောက်ကို အထက်က အမိန့်ကျလို့ဆိုပြီးတော့ ၇ လပိုင်းလစာထုတ်တဲ့နေ့ ၈ လပိုင်း ၅ ရက်နေ့မှာ ၅ မျဉ်းစောင်းတွေအလုပ်ထုတ်တယ် ဆိုပြီးထွက်စာရေးခိုင်းတယ်။ စာထဲမှာပါတဲ့အကြောင်းအရာက အလုပ်ရှင်က အလုပ်ထုတ်တာမဟုတ်ပါဘူး မိမိသဘောဖြင့် အလုပ်ထွက်တာပါ အလုပ်ရှင်မှာဘာတာဝန်မှမရှိပါဘူးလို့ စာရွက်ပေါ်မှာရေးခိုင်းတယ်”လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။


လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ပြင်စည်မင်းသားကြီးလမ်း မီးသတ်အဝိုင်းအနီးမှာ ဖွင့်လှစ်ထားတဲ့ အောထွိုက်မြန်မာ စက်ရုံမှာအထက်အပါ ကဲ့လို့ အလုပ်ထုတ်ခံခဲ့ရတာလို့ အလုပ်သမားတွေကပြောဆိုပါတယ်။


“အလုပ်မထုတ်ပါနဲ့ ကျွန်မတိုမှာ ပြန်စရာ နေရာမရှိလို့ပါ ကျွန်မတို့ ရွာ‌တွေမှာလည်း  မီးရှို့တဲ့ အထဲပါသွားလို့  ပြန်စရာရွာမရှိ အိမ်မရှိပါဘူး မိသားစုမှာလည်း စစ်ဘေးရှောင် နေရတဲ့ အတွက် အလုပ်မထုတ်ပါနဲ့ဆိုပြီး  တောင်းပန်သော်လည်း မရဘူး  အလုပ်ရှင်က  ၅/တွေကို အထက်က စာကျတဲ့အတိုင်း အလုပ်ထုတ်ရတာ ပါပြောပြီး အလုပ်ဆင်းရက် ပိုက်ဆံကို ထုတ်ပေးပြီး ၅.၈.၂၀၂၂ ရက်နေ့မှာ အလုပ်တစ်ခါထဲ ထုတ်လိုက်တာပါ”လို့ အဆိုပါ စက်ရုံမှာအလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။


အလုပ်သမား ၄၀၀ ကျော်အလုပ်လုပ်နေတဲ့ စက်ရုံမှာ အလုပ်သမား ၂ ဦးသာအထက်ပါကဲ့သို့အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး စက်ရုံတွင် ကျန်ရှိနေသော အလုပ်သမားများကိုလည်း ၈ လပိုင်း ၁၄ ရက်နေ့ (၁၄.၈.၂၀၂၂)  မှာ အော်ဒါ မရှိလို့ဆိုပြီး (၂) ပတ်ပိတ်လိုက်ပြီး ထိုပိတ်ရက်ကိုလဲ တရုတ်နိုင်ငံသား အလုပ်ရှင်မှ ပိုက်ဆံတစ်ကျပ်မှ မပေးဘဲ ပိတ်တာဖြစ်ပြီး  အလုပ်သမားများအား ဆွေးနွေးပြီး ပိတ်ခြင်းလည်း မဟုတ်ဘဲ အလုပ်ရှင်၏ သဘောဖြင့်သာ ပိတ်နေခြင်းဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။


စက်ရုံမှာ ဂျာကင်အထည်တွေ ချုပ်လုပ်ရတာ ဖြစ်ပြီး အလုပ်သမားများ အလုပ်လျှောက်စဉ်ကလည်း  မှတ်ပုံတင်ကလွဲပြီး မည်သည့်စာရွက်စာတမ်းမှ ပေးရခြင်းမရှိဘဲ  စက်ရုံတွင် စက်ရုံနာမည် မကပ်ထားခြင်း အလုပ်လျှောက်စဉ်က  စက်ရုံအမည် အောထွိုက်မြန်မာဟု ပြောခဲ့ခြင်း ဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

MyanmarLabourNews

ဓါတ်ပုံ-ပုံဟောင်း 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026