NEWS

အခွင့်အရေး ချိုးဖောက်မှုများကို ပြောဆိုသည်ဟု သံသယရှိသည့် အလုပ်သမားတိုင်းကို သုံးနာရီကြာ စစ်ဆေးပြီး အလုပ်ထွက်သည်အထိ ဖိအားပေး

CoverLogo
631 Views

Fitex (Myanmar) Garment Manufacturilg Co,Ltd ဖစ်တက် (မြန်မာ) အထည်ချုပ်စက်ရုံတွင်းက အခွင့်အရေး ချိုးဖောက်တာတွေကို ထုတ်ဖော်ပြောဆိုတယ်လို့ စက်ရုံဘက်က သံသယရှိတဲ့ အလုပ်သမားတိုင်းကို တစ်ဦးကိုအ နည်းဆုံး သုံးနာရီကြာ စစ်ဆေးတာတွေ လုပ်ဆောင်ပြီး အလုပ်သမားတွေကိုင်ဆောင်တဲ့ ဖုန်းတွေကို ခွင့်ပြု ချက်မတောင်းဘဲ ဖွင့်ကြည့်စစ်ဆေးကာ အလုပ်ကထုတ်ပယ်တယ်အထိ ဖိအားပေးခဲ့တယ်လို့ စက် ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေလင်ဗန်းဆေးရုံ ရှေ့၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးအောင်သူလမ်းထောင့်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

စက်ရုံကို လုပ် သားအင်အား (၈၀၀) နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC ပဲ ရှိနေတာ ဖြစ်ပါ တယ်။ 

လုပ်ငန်းခွင်တွင်းမှာ FSBN, SMOG,AMISU, Macron, ikka စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ် ပြီး အခွင့်အရေး ချိုးဖောက်တာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

“အလုပ်သမားတွေကို ဂုဏ်သိက္ခာမရှိအောင် ပြောဆိုဆက်ဆံနေတဲ့ နိုင်ငံခြားသားတွေ၊ စကားပြန်တွေ၊ မြန်မာ မန်နေဂျာ၊ စူပါ၊ လီတာတွေ နဲ့ပတ်သက်တဲ့သတင်းကို Myanmar Labour News page မှာ  ဖေဖော်ဝါရီလ ၂၁ ရက် က သတင်းတင်ခဲ့ပါတယ်။ သတင်းတက်ပြီးတော့ စက်ရုံက မန်နေဂျာ၊ အော်စူပါ၊ စူပါတွေက သူတို့နဲ့မတည့် တဲ့လိုင်းတွေက အလုပ်သမားတွေနဲ့ သတင်းပေးတယ်လို့ သံသယရှိတဲ့ အလုပ်သမားတွေကို ရုံးခန်းထဲ ခေါ်စစ်ပါ တယ်။ အလုပ်သမားတွေရဲ့ ဖုန်းတွေကို ယူစစ်ပြီး စက်ရုံနာမည်ဖျက်တယ်။ သိက္ခာကျအောင် လုပ်တယ်ဆိုပြီး စစ်ဆေးပါတယ်။ အရင်တုန်းက စက်ရုံမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုဖူးတဲ့ အလုပ်သမားတွေကို အဓိက ပစ်မှတ်ထားစစ်ဆေးပြီး အလုပ်က ကိုယ့်ဘာသာနှုတ်ထွက်တဲ့အထိ အုပ်စုလိုက် တစ်ယောက်တစ်မျိုး ဖိအားပေး စစ်ဆေးပါတယ်။ အလုပ်သမားတစ်ဦးကို အနည်းဆုံး (၃) နာရီကြာ စစ်ဆေးပြီး  ရုံးခန်းထဲမှာ မနက်ထဲကနေ ပြန်မ လွတ်ဘဲ ဖိအားပေးပြီး ဝန်ခံခိုင်းပါတယ်။ ဖုန်းတွေလည်း ကြိုက်လား မသိ မကြိုက်လားမသိဘဲ ယူစစ်တာတွေ လုပ်တယ်။ အလုပ်သမားတွေကို တရားစွဲမယ်၊ ထောင်ချမယ်။ မပြောမချင်း၊ ဝန်မခံမ ချင်း ရုံးခန်းက မထွက်ရဘူးဆိုပြီး စစ်ဆေးတာတွေ လုပ်ပါတယ်။ အလုပ်သမားတွေကို တရားခံစစ်သလို စစ်ဆေး ပြီး ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ သည်းမခံနိုင်တော့လို့ အလုပ်က ထွက်သွားတဲ့ အလုပ်သမားတွေ လည်း ရှိပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေပြီး QC စူပါ သူအလုပ်သွင်းပေးသူတွေနဲ့ ဆွေမျိုးတော်စပ် သူတွေကို ရာထူးတိုး၊ လစာတိုးတာတွေ လုပ်ဆောင်ပေးနေပေမယ့် လူဟောင်းတွေကိုတော့ ရာထူးတိုးပေးတာ မရှိဘဲ ဖိအားပေးခိုင်းစေတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

“အလုပ်ချိန်က မနက် (၇) နာရီခွဲကနေ ည (၇) နာရီထိ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလိုပါပဲ။ ည (၉) နာရီအထိ ခေါ်ပါတယ်။ အိုတီကို လူခွဲတာတို့၊ တစ်ရုံလုံးဆင်းရတာတို့ မတူပါဘူး။ အချိန်ပိုခေါ်ရင်လည်း အလုပ် သမားတွေ ဆင်းချင်လား၊ မဆင်းချင်ဘူးလား မမေးဘဲ စက်ရုံမန်နေဂျာက အတင်းအကြပ် ဆင်းခိုင်းပါတယ်။ နောက်ဖေဖော်ဝါရီလ (၁၂)နဲ့ (၁၃) ရက်မှာ အလုပ်ပိတ်ပါတယ်။ (၁၃) ရက်ပိတ်ရက်အတွက်ဆိုပြီး (၉) ရက်နေ့ တနင်္ဂနွေနေ့ကို အစားထိုးပြီး ကြိုဆင်းခိုင်းပါတယ်၊ အလုပ်သမားတွေဆန္ဒမမေးဘဲ ပိတ်ချင်သလို ပိတ် ပြီး၊ ဆင်းချင်သလို ဆင်းခိုင်းပါတယ်။ အခုဆိုရင် လိုင်းအလိုက် သတ်မှတ်စံချိန်မပြည့်ရင် အချိန်ပိုကို ည (၉) နာရီ၊ (၁၂) နာရီတွေအထိ ခေါ်တယ်။ အချိန်ပိုခေါ်လို့လည်း မိသားစုဆီကို ဖုန်းဆက်ပြောလို့မရပါဘူး။ ဖုန်းတွေကို သိမ်း ထားပါတယ်။ တစ်ချို့မိဘတွေဆို စိတ်ပူပြီး စက်ရုံထိ လိုက်လာကြတာတွေလည်း ရှိပါတယ်။ ပြန်တဲ့အချိန်ဆိုရင် တော့ ဖယ်ရီကားနဲ့ ပတ်ပို့ပါတယ်၊ ည (၉) နာရီအထိ အလုပ်ဆင်းရပြီး ည(၁၀) ကျော်မှ အိမ်ပြန်ရောက်ပါတယ်။ အိမ်ရောက်တော့ ချက်ပြုတ်စားသောက်တာနဲ့ ည (၁၂) နာရီထိုးပါတယ်။ ဒါပေမယ့် မနက်ကို အလုပ်ချိန်အမီ ပြန်သွားရပါတယ်။ အလုပ်သမားတွေ နေထိုင်မကောင်းလို့ဖြစ်ဖြစ်၊ မိသားစုကိစ္စကြောင့် ခွင့်ယူချင်လို့ဖြစ်ဖြစ် ခွင့်ယူ တာတို့၊ ဂိတ်ပတ်ယူတာတို့ဆို ဘယ်တော့မှ အသာတကြည်မရပါဘူး။ ပြောဆိုပြီးမှ လုပ်ပေးပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

လုပ်ငန်းခွင်တွင်းမှာ ဒီလိုချိုးဖောက်ခံရတာတွေ ကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

အလုပ်သမားတွေအနေနဲ့ စက်ရုံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေကို ပြုလုပ် နေတဲ့အပြင် အလုပ်သမားတွေကို ဖိနှိပ်ခြိမ်းခြောက်ပြီး အလုပ်သမားအခွင့်အရေး ၊ လူ့အခွင့်အရေးကို ချိုးဖောက် နေတဲ့ စက်ရုံသူဌေး၊ မန်နေဂျာ၊ HR၊ အော်စူပါ၊ စူပါ၊ လီတာတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026