NEWS

အချိန်ပိုအဓမ္မဆင်းခိုင်းတာကို တိုင်ကြားတဲ့ အလုပ်သမားတွေအလုပ်ထုတ်ခံရ

CoverLogo
933 Views

ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းမှာ လှစ်ထားတဲ့ Asdet အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေအဓမ္မခေါ်တာ အလုပ်သမားတွေရဲ့ သဘောထားကို မေးမြန်းခြင်းမရှိတာ ဥပဒေပါခွင့်ခံစားခွင့်တွေမပေးတာ အလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက် ရိုင်းစိုင်းစွာဆက်ဆံတာ စတာတွေကျူးလွန်နေပြီး  အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေကိုတိုင်ကြားခဲ့တာကြောင့် အလုပ်သမားအချို့ အလုပ်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

"စက်ရုံမန်နေဂျာက တိုင်ချင်တဲ့ အလုပ်သမားရုံးကို တိုင် ပိုက်ဆံနဲ့ လိုက်ရှင်းလို့ရတယ်တဲ့  Asdet အထည်ချုပ်စက်ရုံ မန်နေဂျာက။ ဟိုနေ့ကလဲ အလရ ရုံးက တာဝန်ရှိတွေ စက်ရုံကို သွားစစ်တယ် ပြီးတော့ ပိုက်ဆံယူပြီး ပြန်လာ ကြတယ်လို့ ပြောကြတယ်။ထုတ်လိုက်တာက  နေ့စားသမားတွေကို အများဆုံး ထုတ်တယ်။ နေ့စားသမားတွေက နှစ်နဲ့ချီပြီး လုပ်တဲ့သူတွေ ရှိတယ်"လို့ အဲဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။ 

အလုပ်ထုတ်ခံရသူတွေဟာ EC စာချုပ်ချုပ်ဆိုထားခြင်းမရှိတဲ့ နေ့စားအလုပ်သမားတွေဖြစ်သလို ၂လစာချုပ်ဖြင့်သာလုပ်ရတဲ့နေ့စားအလုပ်သမားတွေလည်းပါဝင်တယ်လို့သိရပါတယ်။ 

အဲ့ဒီအလုပ်သမားတွေကို အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကို တိုင်ကြားပြီးနောက် ထုတ်ခံလိုက်ရတာဖြစ်သလို နှစ်ချီပြီးလုပ်နေကြရတာဖြစ်ပေမဲ့ နေ့စားအလုပ်သမားတွေအဖြစ်လုပ်ကိုင်နေရတာကြောင့် အလုပ်ထုတ်နစ်နာကြေးနဲ့အခြားခံစားခွင့်တွေလည်းမရဘူးလို့သိရပါတယ်။ 

ယောကျ်ားလေးအလုပ်သမားများကို များသောအားဖြင့် နေ့စားအဖြစ်သာခန့်ထားကာ အချိန်ပိုမဆင်းသော ယောကျ်ားလေး အလုပ်သမားများကို ရက်မှန်ကြေးနှင့် ဘောနပ်ကြေးများဖြတ်တောက်ခြင်း၊ နေ့စားအလုပ်သမားများကို အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်မှ ထုတ်ပစ်ခြင်း၊ နေ့စားအလုပ်သမားများကို (၂) လစာချူပ်ဖြင့် အလုပ်ခန့်ပြီး အလုပ်သမားဥပဒေနှင့်အညီ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ဖြင့် အလုပ်ခန့်ခြင်းမဟုတ်ဘဲ စာရွက်ပေါ်တွင် လက်မှတ်ထိုး၍ အလုပ်ခန့်ခြင်း ဖြစ်တာကြောင့် အလုပ်သမားတွေကတိုင်ကြားခဲ့တာလို့ သိရပါတယ်။ 

စက်ရုံမှာ အလုပ်သမားကိုယ်စားလှယ် WCC (၅) ဦးကို အလုပ်သမားများမှ မဲပေးရွေးချယ်ခဲ့တာဖြစ်ပေမဲ့  အလုပ်သမား ကိုယ်စားလှယ် WCC များကို စက်ရုံဘက်မှ ပြုလုပ်လိုတဲ့အကြောင်းအရာများကို အသိပေးခြင်းနှင့် သဘော တူလက်မှတ် ထိုးခိုင်းခြင်းကိုသာ ပြုလုပ်ခိုင်းပြီး လတ်တလော တရားမဝင် အချိန်ပို(အောနိုက်/အောလင်း) ခိုင်းစေခြင်းကိုသာ ပြုလုပ်တယ်လို့ သိရပါတယ်။ 

အလုပ်သမားတွေရဲ့လုပ်ငန်းခွင်ဝင်ရောက်ချိန်ဟာ နံနက် (၇း၃၀) မှ ညနေ (၆း၀၀) အထိဖြစ်ပြီး အချိန်ပိုကို ည (၁၂) နာရီ၊ အောနိုက်တွေနဲ့ စနေနေ့တွေမှာ  အောလင်းခေါ်ပြီး တနင်္ဂနွေနဲ့အများပြည်သူ ပိတ်ရက်တွေကိုပါ ခေါ်နေတာကြောင့် အလုပ်သမားတွေ အနေနဲ့အလုပ်ပင်ပန်းနေလို့ အချိန်ပိုမဆင်းချင်ကြောင်းပြောရာတွင်  လီတာ/ စူပါ/ အောစူပါများက အချိန်ပို မဆင်းပါက အလုပ်လာစရာ မလိုတော့ကြောင်းနဲ့  အလုပ်နေရာပြောင်းရွေ့ခံရခြင်း အပါအဝင် ကြမ်းတမ်းစွာ ပြောဆိုမူများကို ပြုလုပ်လေ့ရှိတယ်လို့ အလုပ်သမားများကဆိုပါတယ်။ 

အဲ့ဒီလို အလုပ်သမားရုံးကို တိုင်လိုက်သည့်ကိစ္စကြောင့် အောစူပါများက နောက်တရက်တွင် အော်ဟစ်ဆဲဆိုတာတွေ ပြုလုပ်ခဲ့ပြီး တိုင်ကြားသူကို သိရှိပါက အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး (၂၅.၁.၂၀၂၄) ရက်နေ့တွင် စက်ရုံဘက်မှ အလုပ်သမားများကို အချိန်ပိုကို မိမိသဘောဖြင့် မိမိဆင်းခြင်း ဟုတ်မဟုတ်ကို ရုံးခန်းမှ မန်နေဂျာ ဒေါ်အိအိဖြူမှ အလုပ်သမားများကို (၅) ယောက်တစ်ဖွဲ့ခေါ်ကာ အတည်ပြုသည်ဆိုသော်လည်း အလုပ်သမားများက ကြောက်သဖြင့် အချိန်ပို မိမိသ ဘောဖြင့် ဆင်းခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ရတယ်လို့  အလုပ်သမားများက ဆိုပါတယ်။ 

လစာထုတ်ရာမှာလည်း  အချိန်ပို နာရီတွေကို ည(၈း၁၅ ) အထိသာလစာ စာရွက်တွင် ထည့်ပေးထားပြီး အောနိုက် / အောလင်း ၊ အများပြည်သူပိတ်ရက် နှင့် ဆန်းဒေးပိတ်ရက် အချိန်ပိုတွေကိုတော့ တစ်နာရီလျှင် (၁၄၀၀) ဖြင့် နောက်ရက်တွင် ထုတ်ပေးကာ သတ်မှတ်အချိန်ပိုနာရီများကို လစာ စာရွက်မှာ မထည့်ဘဲ ဖျောက်ထားခြင်းခံရတယ်လို့လည်း  သိရပါတယ်။ 

အဲဒီလို လုပ်ငန်းခွင်ချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး အလုပ်သမားများဟာ Asdet အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူတွေနဲ့ အစိုးရရုံးမှာတာဝန်ရှိသူများအား ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးတာကို လိုလားနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမား၆၀၀ခန့်နဲ့ (CHANGE/ esmaea (LIDL) /Footmaek ) အမှတ်တံဆိပ် ဖြစ်သော အင်္ကျီနှင့် ဘော်လီများ ချုပ်လုပ်ပြီးလုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံဖြစ်ကာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026