NEWS

အချိန်ပိုအခမဲ့ခိုင်းစေတာကို ဖော်ထုတ်ရန်ကြိုးပမ်းလို့ အလုပ်ထုတ်ခံရ

CoverLogo
687 Views

လာအိုနိုင်ငံ ဗီရန်ဂျင်း ၃ ကန်နယ်မြေမှာဖွင့်လှစ်ထားတဲ့ BEST GARMENT (LAOS) CO.LTD မှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားအနေနဲ့ လုပ်ငန်းခွင်မှာ ည ၉ နာရီအထိ အခကြေးငွေမပေးဘဲ အချိန်ပိုဆင်းခိုင်းနေခြင်းကို တာဝန်ရှိသူတွေသိရှိအောင် ဖော်ထုတ်ရန်ကြိုးပမ်းတဲ့အတွက် အလုပ်မှ ဥပဒေမဲ့ ထုတ်ပယ်ခံရတာကြောင့် နစ်နာခဲ့ရတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါလုပ်ငန်းမှာ အလုပ်သမား ၄၀၀ ကျော်နဲ့ TCHIBO CERTIFIED MERCHANDISE အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူး လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မောင် --- ပါ အလုပ်သမား ၂ ဦးကို ဩဂုတ် ၁၃ ရက်တွင် အလုပ်ရှင်မှ ရုံးခန်းထဲခေါ်ကာ အလုပ်ထွက်စာတွင် လက်မှတ်ထိုးခိုင်းပြီး ရက်ပျက်များတာကြောင့် အလုပ်ထုတ်တယ်လို့ ပြောဆိုကာ ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့တာလို့ လုပ်သက် ၁ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားကပြောပါတယ်။

"ကျွန်တော်က နားခွဲစိတ်မှုလုပ်ခဲ့ရလို့ ဆေးခွင့်နဲ့ ရက်ပျက်ခဲ့တယ် ဆေးခွင့်နဲ့ပျက်ပေမယ့် လစာကိုလည်း ဖြတ်ထားပါတယ် ဆေးလက်မှတ်တွေပြလဲ လက်မခံဘူး အတင်းလက်မှတ်ထိုးခိုင်းလို့ မထိုးချင်ပေမယ့် ထိုးပေးလိုက်ရတယ်"လို့ အလုပ်ထုတ်ခံခဲ့ရတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်သမားအနေနဲ့ လုပ်ငန်းခွင်ကို စစ်ဆေးရေးလာရောက်စဉ် အချိန်ပိုအိုတီတွေအခမဲ့ ဆင်းပေးရကြောင်း ဓါတ်ပုံနဲ့တကွ ပြသခဲ့လို့ စစ်ဆေးရေးမှတဆင့် အလုပ်ရှင်က သိရှိသွားလို့ အလုပ်ထုတ်ခံရတာလို့ ကြီးကြပ်သူတွေက တဆင့်သိရှိခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ထဲမှာ လုပ်ငန်းခွင်ကို စစ်ဆေးရေး audit ဝင်ရောက်စစ်ဆေးစဉ် လစာ "တစ်လ ၂၅၀ ပေးခြင်း၊ အချိန်ပိုအခမဲ့ဆင်းရတာမရှိခြင်း ထမင်းဖိုးပေးခြင်း စက်ရုံကောင်းကြောင်းများဖြေခြင်း"စတာတွေ ပြုလုပ်ရန် အလုပ်ရှင်ဘက်မှ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

အမှန်တကယ်မှာတော့ ည ၉ နာရီအထိ အချိန်ပိုဆင်းကာ စံချိန်ပြည့်မီအောင် လုပ်ဆောင်ပေးရခြင်း တနင်္ဂနွေနေ့တွေမှာ အချိန်ပိုအိုတီအလကားဆင်းပေးရခြင်း တွေကို ဓါတ်ပုံအထောက်အထားနဲ့တကွပြသခဲ့ခြင်းကြောင်း အလုပ်ရှင်က ပြန်လည်သိရှိကာ အလုပ်ထုတ်ခံခဲ့ရတာလို့ အလုပ်သမားကပြောပါတယ်။

"ကျွန်တော်နဲ့အတူ အလုပ်ထုတ်ခံရတဲ့ တစ်ယောက်ကိုကျတော့ အောစူပါတွေက အာမခံပေးလို့ လာအိုမှာပဲ အလုပ်ဆက်လုပ်ရတယ် ကျွန်တော်က နေမကောင်းလို့ နားခွဲစိတ်မှုလုပ်ရတာ ၉ ရက်ပျက်သွားတယ်ပေါ့ အဲ့တာကိုဆေးခွင့်နဲ့နားတာ ခွင့်မပေးဘူး လစာလည်းဖြတ်ထားတယ် ခွဲစိတ်မှုလုပ်တုန်းကလည်း စက်ရုံဘက်က ဘာမှလိုက်လုပ်ပေးတာမရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားအနေနဲ့ ၂၀၂၃ ဩဂုတ်လမှာ မြန်မာမှ လာအိုနိုင်ငံကို အလုပ်လာရောက်လုပ်ကိုင်နေတာဖြစ်ကာ စက်ချုပ်လုပ်ငန်းနဲ့ ဝင်ရောက်ပေမဲ့ မီးပူတိုက်ဘက်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ရပြီး အလုပ်သမားရဲ့ အမျိုးသမီးဖြစ်သူကိုပါ  တပါးတည်း အလုပ်ထုတ်ခဲ့တာကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ရတယ်လို့ ပြောပါတယ်။

"စက်ရုံဘက်က အလုပ်သမားတွေ လုပ်သက်တနှစ်ပြည့်လို့ ပြန်မယ်ဆိုရင် ဖူလုံရေးကြေး သွင်းပေးထားတာတွေ အချိုးကြပြန်ပေးမယ်၊ လျော်ကြေးလည်း ပေးစရာမလိုဘူးလို့ ပြောဆိုထားပေမယ့် လုပ်သက် ၃ နှစ်မပြည့်ဘဲ ပြန်ရင် လျော်ကြေးပေးရမယ်လို့ ပြောလာတာတွေရှိတယ်  လက်မှတ်ထိုးတော့လဲ ဘာသာစကားနားမလည်ဘဲ ထိုးလိုက်ရတာတွေပါ အခုလည်း ကျွန်တော်တို့ကို ဥပဒေမဲ့အလုပ်က ထုတ်ပြီး နစ်နာကြေးပေးတာလည်းမရှိဘူး"လို့ အလုပ်သမားကဆက်ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲက အလုပ်သမားတွေကတော့ လုပ်သက် ၁ နှစ်ပြည့်ပါက လျော်ကြေးမပေးရဘဲ ပြန်ခွင့်ပြုရန် ၊ အလုပ်ရှင်ဘက်မှ ဥပဒေမဲ့အလုပ်ထုတ်ခြင်းကိုဖြေရှင်းဆောင်ရွက်ပေးရန်၊ လူမှုဖူလုံရေးကြေးကို ရာခိုင်နူန်းဖြင့် ပြန်လည်းတွက်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ 


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026