NEWS

အချိန်ပိုလုပ်ခ ရှင်းမပေးဘဲ ခိုင်းစေသည့်အပြင် လူမှုဖူလုံရေးကြေး လစဥ်ဖြတ်တောက်သော်လည်း အကျိုးခံစားခွင့် မရဟု အလုပ်သမာများ ပြောဆို

CoverLogo
2.4K Views

တစ်ရက် အလုပ်မဆင်းနိုင်ဘဲ ပျက်ကွက်ခဲ့ရင် လုပ်ခလစာထဲက ကျပ် ၁၅၀၀၀ ဖြတ်တဲ့အပြင် အချိန်ပိုကြေး မပေးဘဲ အလကားခိုင်းစေတာတွေ၊ လူမှုဖူလုံရေးကြေး လစဉ်ဖြတ်ထောက်နေပေမယ့် အကျိုးခံစားခွင့် မရတာနဲ့လုပ်ငန်း ခွင် အတွင်းမှာလည်း စူပါဆိုသူတွေက ကာအိန္ဒြေပျက်ပြားတဲ့ အထိ ညစ်ညမ်းစွာ ဆဲဆို ခြိမ်းခြောက်တာ တွေ ခံနေရတယ်လို့  Nilar Win (2)GARMENT စက်ရုံအလုပ်သမားတွေက ပြောပါတယ်။  

Nilar Win (2) GARMENT စက်ရုံဘက် အခုလို ဆောင်ရွက်နေတာတွေကြောင့် လုပ်ခ အပြည့်အဝမရတာ၊ အလုပ်ချိန်  ပိုမို လုပ်ကိုင်ပေးနေရတာ၊ ဥပဒေမဲ့ ဆောင်ရွက်တာတွေကြောင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးပြီး စိတ်ဖိစီးမှုများတာတွေ ခံစားနေရတယ် စက်ရုံအလုပ်သမားတွေက ပြောပါတယ်။  

Nilar Win (2)GARMENT စက်ရုံပိုင်ရှင်မှာ မြန်မာလူမျိုးတစ်ဦး ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ စက်မှုဇုန်၊ ဗိုလ်တေဇလမ်းမကြီးမှာ Nilar Win( 2) Garment အမည်နဲ့ အထည်ချုပ်စက်ရုံလုပ်ငန်း လုပ်ကိုင်နေတာ ဖြစ်ပြီး လုပ်သား ၆၀၀ ၀န်းကျင်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

"အလုပ်သမား တစ်ယောက်ချုပ် နိုင်တာထက်ကို မတရား စံချိန်တွေ တိုးတောင်းတယ် ။ ပြီးရင် စံချိန်မပြည့်လို့ ဆိုပြီး အလုပ်ချိန်ထက် စောပြီး လာချုပ်ပေးရတယ်။ စူပါကဆဲမှာစိုးလို့ ထမင်းတောာင် မစားဘဲ ချုပ်ပေးရတာ။ ဆဲလိုက်တာဆို ညစ်ညစ်ညမ်းညမ်းကိုဆဲတာ အလုပ်တောင် မသွားချင်တော့တဲ့ အထိပဲ"လို့ စက်ရုံက အမျိုးသမီး အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်ရုံဘက်က အလုပ်သမားတွေ ခွင့်တိုင်ကြား ရင် မပေးဘဲ တစ်ရက်ကို ငွေကျပ် ၁၅၀၀၀ ကို လစာထဲ က ဖြတ်တောက်တဲ့အပြင် ရက်ပျက်တဲ့ အလုပ်သမားတွေကို အလုပ်မလာတော့ဖို့ (အလုပ်ဖြုတ်တဲ့သဘော) ပြောဆို ခြိမ်းခြောက်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် Nilar Win( 2) Garment လူမှုဖူလုံရေးကြေး လစဉ် ဖြတ်ထောက်ခံရပေမယ့် ဥပဒေချိုးဖေါက်ဆောင်ရွက်တာတွေ ရှိနေတယ်လို့ စက်ရုံ အလုပ်သမားတွေက အခုလို ပြောပါတယ်။

"လူမှု့ဖူလုံရေးကြေးလည်း လစဥ်ထည့်ရတယ်။ လူမှု့ဖူလုံရေးကဒ်တော့ မပေးဘူး။ တချို့လူမှုဖူလုံရေး ကဒ် ရှိတဲ့ သူတွေဆိုလည်း ဆေးခွင့်တင်ရင် လစာထဲက ဒေးကြေးဖြတ်တာပဲ။ အထည်ကျရင်လည်း ၁၀၀၀၀ ဖြတ်တယ်။  အလုပ်မှာ ထိခိုက်ဒဏ်ရာရရင် တရက်ပဲ နားခိုင်းပြီး အဲ့ရက်အတွက်လည်း လစာထဲက ဖြတ်တယ်" လို့ ကိုယ်တိုင် လစာဖြတ်ထောက်ခံခဲ့ရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

Nilar Win (2)GARMENT စက်ရုံက တာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို တနင်္ဂနွေနေ့တိုင်း လုပ်ခ မပေးဘဲ မနက်(၈)နာရီကနေ (၁၂)အထိ အချိန်ပိုခေါ်လုပ်ကိုင်းစေတာ၊  စနေနေ့တိုင်း အချိန်ပိုကို ညနေ ၃ နာရီခွဲကနေ ညနေ ၅နာရီခွဲအထိ လုပ်ကိုင်ခိုင်းတာနဲ့ တနင်္လာကနေ သောကြာနေ့အထိ ညနေ ၅နာရီခွဲ့ကနေ ၆ နာရီခွဲအထိ အချိန်ပိုတွေ နေ့စဉ်လုပ်ကိုင် ပေးနေရပေမယ့် လုပ်အားခမရရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

"လုပ်ငန်းခွင်ထဲမှာ ရှောင်တခင် နေထိုင်းမကောင်းဖြစ်လည်း မရဘူး။ နေမကောင်းရင် အစထဲက မလာနဲ့ဆို ပြီး အပြောခံရတယ်။ စက်ရုံဘက်က နိုင်ငံရေးမကောင်းတာကို အခွင့်အရေးယူပြီး အလုပ်သမားတွေကို ဖိနှိပ် နေတာ"လို့  အလုပ်သမားတဦးကပြောပါတယ်။

အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေချိုးဖောက်မှုတွေ ဆောင်ရွက်နေတဲ့ Nilar Win( 2) Garment အထည်ချုပ် စက်ရုံက အလုပ်သမားတွေတွေကတော့ အချိန်ပိုလုပ်ခ မပေးဘဲ အလုပ်ဆင်းစေတာတွေ မပြုလုပ်ဖို့၊ လုပ်ကိုင်ထားတဲ့ အချိန်ပို OT တွေကိုလည်း ပြန်လည်ထွက်ချက်ပြီး လုပ်ခပေးဖို့၊ ဥပဒေအရ ခံစားခွင့်တွေရရှိဖို့နဲ့ ဖူလုံရေးကဒ်တွေရရှိဖို့ ၊ အလုပ်သမားကြီးကြပ်စူပါတွေကလည်း ဆဲဆိုတာနဲ့ ခြိမ်းခြောက်တာတွေ မပြုလုပ်ဖို့ နဲ့ လုပ်ငန်းခွင် ထိခိုက်မှုတွေကို အလုပ်ရှင်က တာဝန်ယူဆောင်ရွက်ပေးဖို့ ကို အလုပ်သမားတွေက လိုလား နေတယ်လို့ ပြောဆိုပါတယ်။

Nilar Win( 2) Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းထားတာ မရှိဘူးလို့ သိရပြီး အဓိက ချုပ်လုပ်တဲ့ အထည်အမှတ်တံဆိပ်ကတော့ New Look အမှတ်တံဆိပ်ဖြစ်တယ်လို့ သိရပါတယ်။


 


Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026