NEWS

အချိန်ပိုဖိအားပေးခိုင်းစေမှုနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ

CoverLogo
559 Views
ချိုးဖောက်မှုဖြစ်စဥ်အကျဥ်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မူဇုန်(၂)၊ ဦးထွန်ညိုလမ်း၊ ခြံအမှတ်(- )တွင်ဖွင့် လှစ်ထားသော Myanmar Guotai Huasheng Glory Fashion Garment တွင်အလုပ်သမား(၅၀၀)ကျော် ဖြင့်အလုပ်လုပ်ကိုင်ပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်၍ Rodeo Crowns, Lcwalklkl Classic တံဆိပ်ချုပ် လုပ်ပါသည်။
 
အလုပ်ရှင်သည် အလုပ်သမားများ မချုပ်လုပ်နိုင်သည့်အထိ အထည်စံချိန်များကိုမတရား တောင်းခံနေခြင်း၊ စက်လိုင်းတစ် လိုင်းကိုလူဦးရေ၃၂ဦးရှိပြီး တနာရီကိုလိုင်းပေါက်အထည် ၆၀ကျော်တောင်း ခံနေပါသည်၊ အထည်စံချိန်မတ ရားတောင်းသည့်အပြင် အလုပ်သမားတစ်ယောက်ကို နှစ်ပွိုင့်မှသုံးပွိုင့်အထိ ချုပ်လုပ်နေရပါသည်။
 
အလုပ်ရှင်တောင်းခံသော အထည်စံချိန်မပြည့်မှီလျင် အော်စူပါ၊ စူပါများက အော်ဟစ် ဆဲဆိုခြင် ပြုလုပ်နေတဲ့ အပြင် ရုံခန်းထဲသို့ခေါ်ကာ အလုပ်သမားများကို ဝမ်တိန်ထိုးခိုင်းနေပါသည်။
 
အလုပ်သမားများမှာ ဖိအားပေးလို့ ဝမ်တိန်ထိုးရရင်လဲ ယခင်ကလက်မှတ်ထိုးရတဲ့ ရက်ကစပြီးတစ် နှစ်ပြည့်သွားလျင် ပျက်ပြယ်သွားတာဖြစ်ပြီး အခုဆိုရင်HRမန်နေဂျာက သူစက်ရုံမှာ ဝမ်တိန်ကနှစ်ဘယ် လောက်ရှိရှိမပျက်ပြယ်ဘူးလို့ ပြောထားပါသည်၊ အခုဆိုရင်၈လပိုင်းထဲတွင် အလုပ်သမားများမှ အောလင်း၊ အော်နိုက်များဆင်းပေးရပါသည်၊ အလုပ်ရှင်ခေါ်သော အချိန်ပိုအိုတီ မဆင်းလျင်လည်း အလုပ်သမားများကို ပြောဆိုလုပ်ပါသည်။
 
၈လပိုင်းထဲမှာ ဖနယ်ရှင်ဌာနမှ အလုပ်သမားတစ်ယောက်မှ အလုပ်လုပ်ရင် အိပ်ငိုက်နေ တယ်ဆိုပြီး လီတာကထိုအလုပ်သမားက ကိုယ်ထိလက်ရောက်လုပ်ပါသည်။
 
ကိုယ်ထိလက်ရောက်လုပ်သည့် အပြင်ရုံခန်းထဲခေါ်ပြီးဝမ်တိန်ခေါ်ထိုးခိုင်းပါသည်၊ ဝမ်တိန်ထိုးခိုင်းခံရတဲ့ အလုပ်သမားက သူကိုလီတာက ကိုယ်ထိလက်ရောက်လုပ်တာကို မန်နေဂျာကိုတိုင်တော့ မန်နေဂျာက သက်သေရှိလားဆိုပြီးပြောပါသည်။
 
လီတာကနင့်ကို ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုရင် သက်သေအနေနဲ့ ဓာတ်ပုံရိုက်ပြမှယုံမယ်လို့ ပြောပါသည်၊ အလုပ်သမားများ အလုပ်ချိန်အတွင်း ဖုန်းကိုင်ခွင့်မရှိခြင်းကြောင့် သက်သေပြရန်ဓာတ်ပုံမရှိ သောကြောင့် မန်နေဂျာမှဘက်လိုက်ပီပြောဆိုနေပြီး ဝမ်တိန်ထိုးရပါသည်။
 
လိုင်း၄မှအလုပ်သမားနှစ်ဦးမှ အထည်ကိစ္စငြင်းခုန်ရင် အသံကျယ်သွားတာကို မန်နေဂျာက သူလမ်းရှောက်ရင်းကြားလို့ဆိုပြီး ထိုအလုပ်သ မားနှစ်ဦးကိုရုံခန်းထဲခေါ်ကာ ဝမ်တိန်ထိုးခိုင်းပါသည်။
 
အလုပ်သမားနှစ်ဦးမှ အလုပ်ကိစ္စ ပြောဆိုနေကြတာဖြစ် သည့်အတွက်အပြစ်မရှိလို့ ဝမ်တိန်မထိုးပေးနိုင်ကြောင်း ပြောပြီးအလုပ်ထွတ်သွားရပါသည်။
 
မီးပူတိုက်ဌာနမှ လီတာယောက်ကျား လေးမှအလုပ်ရှင်ဘက်မှ မတရားတောင်းခံနေသော အထည်စံချိန်မပေးနိုင်လျင် မိန်းခ လေး၊ ယောက်ကျားလေး အလုပ်သမားများကို လူအများရှေ့တွင်မရှောင်ဘဲ အော်ဟစ်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်နေပါသည်။
 
၇လပိုင်းထဲတွင် လုပ်ငန်းခွင်ချိုးဖောက်မှုများကို ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြခြင်းခံရသည်ကို စက်ရုံမှူး၊ မန်နေဂျာ အောစူပါ၊ စူပါများက စက်ရုံသတင်းပေးသော အလုပ်သမားကို မိအောင်ဖမ်းမယ်မိရင် စစ်ကောင်စီလက်ထဲအပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေပါသည်။
 
စက်လိုင်း၁၅၊စက်လိုင်း၁၆၊ စက်လိုင်း၈ ကစူပါတွေက သူတို့ကိုလိုင်းပေါ်တင်လဲ ဂရုမစိုက်ဘူး စက်ရုံမှူး၊ မန်နေဂျာက ငါတို့ဘက်မှာရှိတယ်ဆိုပြီး အရင်ကထက် အလုပ်သမားများကို ပိုပြီအော်ဟစ်ဆဲဆိုလုပ်နေပါသည်၊ လက်ရှိတွင် စက်ရုံမှတစ်ခုခုဆို စကစနဲ့တိုင်မယ် ခေါင်မာတဲ့ အလုပ်သမားတွေသတိထားဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်ပြောဆို နေပါသည်။
 
အလုပ်သမားများကို အချိန်ပိုအိုတီ အောလင်း၊ အောနိုက်များဆင်းခိုင်းနေခြင်း၊ အောလင်း၊ အောနိုက် များဆင်းရလို့ အိပ်ရေးမဝတော့ ကိုယ်ခံအားကျပြီး နေမကောင်းဖြစ်လို့ အလုပ်မလာနိုင်ရင် ရှောင်တစ်ခင်ခွင့် တင်လျင်လည်း အောစူပါများဖြင့် အဆင်ပြေသူများသာဘဲခွင့်ပေးပါသည်။
 
ခွင့်တိုင်ပြီးခွင့်မရတဲ့ အလုပ်သ မားတွေဆိုရင် အလုပ်တစ်ရက်ပျက်ရင် ၇၀၀၀၀လောက် အဖြတ်ခံရပါသည်၊ အလုပ်ပြန်ချိန်ဆိုလည်း ဖယ်ရီ ကားကနာရီဝက်နောက်ကျသည့်အထိ စက်ရုံအပြင်မှာ စောင့်နေရပါသည်၊ မန်နေဂျာကို ဖယ်ရီကားအချိန်မှန် လာကြို့ဖို့ပြောသော်လည်း မန်နေဂျာက ကားလာကြိုတဲ့အချိန်မှပြန် ဖယ်ရီကားလာတာ မစောင့်နိုင်ရင်ကိုအ စီစဥ်နဲ့ကိုပြန်ဆိုပြီးပြောပါသည်။
 
၎င်းမန်နေဂျာမှ လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများအပေါ် မတရားတစ် ဖက်သတ်ဘက်လိုက်ကာ အုပ်ချုပ်နေခြင်း၊ ဖိနှိပ်နေခြင်း၊ ခြိမ်းခြောက်မှုများပြုလုပ်နေခြင်းကို မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံတွင် လေးစားစွာဖြင့် အကူအညီတောင်း ခံအပ်ပါသည်။
 
အလုပ်သမားများတောင်းဆိုချက်။
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ မချုပ်လုပ်နိုင်သည့်အထိ အထည်စံချိန်များကို မတရားတောင်းခံနေ ခြင်းမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီ အောလင်း၊ အောနိုက်များဖိအားပေးဆင်းခိုင်း နေခြင်းမပြုလုပ်ရန်။
၃။ စက်ရုံမှူး၊ မန်နေဂျာ အောစူပါ၊ စူပါများက အလုပ်သမားကို စစ်ကောင်စီလက်ထဲအပ်မည်ဟု ခြိမ်းခြောက် ပြောဆိုနေခြင်းမပြုလုပ်ရန်။
၄။ အလုပ်သမားများ အလုပ်ပြန်ချိန်ဆိုလည်း ဖယ်ရီကား နောက်ကျနေခြင်းကို အလုပ်ရှင်ဘက်မှ စီစဥ်ဆောင် ရွက်ပေးရန်။
၅။ အလုပ်ရှင်ဘက်က မန်နေဂျာမှ အလုပ်သမားများကို အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ ဝမ်တိန်ထိုးခိုင်းခြင်း မပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ လီတာမှ လုပ်ငန်းခွင်ထဲတွင် အလုပ်သမားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းမပြု လုပ်ရန်။
၇။ အလုပ်ရှင်ဘက် စူပါ၊အောစူပါများမှ အလုပ်သမားများကို အော်ဟစ်ဆဲဆိုခြင်းများမပြုလုပ်ရန်တို့ဖြစ်ပါ သည်။
အကူအညီတောင်းခံသူ
Myanmar Guotai Huasheng Glory Fashion Garment အလုပ်သမားများ

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026