NEWS

အချိန်ပိုကို ပုံမှန်ထက်ကျော်လွန်ပြီး ညလုံးပေါက်ခိုင်းစေတာတွေ မပြုလုပ်ဖို့တောင်းဆို

CoverLogo
513 Views
ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွှေလင်ဗန်းစက်မှုဇုန် အလယ်ရွာ ခရေပင်လမ်းမကြီးပေါ်မှာဖွင့်လှစ်ထားတဲ့ BOY  Garment CO.LTD မှာ အလုပ်ချိန်ကို နံနက် ၈ နာရီကနေ ည‌  ၇ နာရီ ၃၀ ထိ သတ်မှတ်ထားပြီး အချိန်ပို ၃ နာရီအပါ လုပ်ကိုင်ရသလို ညလုံးပေါက် အချိန်ပိုခေါ်ယူတာတွေဆက်တိုက်ပြုလုပ်လာပြီး အလုပ်သမားသဘောဆန္ဒမေးမြန်းခြင်းမရှိဘဲ အချိန်ပိုခေါ်ယူတာမပြုလုပ်ဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 
အလုပ်သမား ၃၀၀ ဝန်းကျင်တဲ့ လုပ်ငန်းလည်ပတ်နေတဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးအတွက် သမဂ္ဂအဖွဲ့အစည်းမရှိသလို  WCC လည်းဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။
 
စက်ရုံဖွင့်သက်တမ်းမှာ ၃ လသာရှိသေးပြီး PREMIER အမှတ်တံဆိပ် ဂျာကင်အထည်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
 
စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ပုံမှန်အလုပ်ချိန် နဲ့ အချိန်ပိုတို့ကိုခေါ်ယူတာအပြင် အချိန်ပိုကို ည ၇ နာရီ ၃၀ မှ ၉ နာရီ၊ ၁၂ နာရီ ၊ မနက် ၄ နာရီ ထိ ဆင်းရပြီး နောက်နေတွေမှာ ပုံမှန်အတိုင်း မနက် ၈ နာရီကနေ ည ၇ နာရီ ၃၀ ထိ ပြန်လည်ဆင်းပေးရလို့ နားချိန်မရှိဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။
 
"စနေ့နေ့ဆိုလည်း တခြားနေ့တွေလိုပဲ မနက် ၈ ကနေ ည ၇ နာရီ ၃၀ ထိဆင်းပေးရတာ၊ ဒါပေမယ့် ညလုံးပေါက် တွေကျတော့ အလုပ်သမားတွေအတွက် အဆင်မပြေပါဘူး အချိန်ပိုခေါ်ရင် အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာလည်းမရှိဘူး ဆင်းဆိုဆင်းရတာပဲ၊ လူရွေးပြီးခေါ်တာရှိသလို တစ်ရုံလုံးဆင်းရတာလည်းရှိတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ခလစာ ပေးချေမှုအနေနဲ့ ဒေးကြေး ၅၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၂၀၀ ကျပ် ပေးထားပြီး အချိန်ပိုကို တနာရီ ၁၄၀၀ ကျပ်နဲ့ ပေးချေနေတာလို့ ပြောပါတယ်။
 
"အမှန်ဆို ဒေးကြေး က စုစုပေါင်း ၇၀၀၀ ကျပ်ဖြစ်ပါတယ် အချိန်ပိုကြေးတိုးမပေးချင်လို့ တိုင်ခွဲပြီးပေးတာသိပါတယ်။  လက်ရှိဒေးကြေးအရဆိုလည်း အချိန်ပိုကြေး တနာရီ ၁၄၅၀ ပေးရမှာကို ၁၄၀၀ ပဲပေးပါတယ် အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး ၇၀၀၀ နဲ့ ရက်မှန်ကြေး ၄၀၀၀၀ ဖြတ်ပါတယ်။ တနင်္ဂနွေ ပိတ်ရက်ကို ဒေးကြေး ၅၈၀၀ နဲ့ပဲ တွက်ပေးပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။
 
လုပ်ငန်းခွင်မှာ ဆေးပေးခန်းရှိပေမဲ့ ဆရာဝန်၊ သူနာပြုမရှိလို့ ခန့်ထားစေချင်တယ်လို့ ပြောပါတယ်။ 
 
ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ စက်ရုံတွင်း သရဲပူးမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၂ ဦးအလုပ်ထုတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ အချိန်ပို အဆင်းမနေရခေါ်တာ အချိန်ပိုကြေးအပြည့်အဝမရတာ အလုပ်ပျက်ပါက ဖြတ်တောက်မှုတွေ ပြုလုပ်တာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
 
လုပ်ငန်းခွင်ဆိုင်ရာ ပိုမိုကောင်းမွန်စေရန်အတွက် အောက်ပါ တောင်းဆိုချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ ဆိုပါတယ်။
တောင်းဆိုချက်တွေအနေနဲ့ 
၁။ ဒေးကြေးတိုင်ဖြင့် ၇၀၀၀ ကျပ် သတ်မှတ်ပေးရန် (ခွဲမပေးရန်)
၂။ အချိန်ပိုကြေးကို ဒေးကြေး ၇၀၀၀ ကျပ်ပေါ် တွက်ချက်ပေးရန်။
(က) ယခင် ၅၈၀၀ ကျပ်ဖြင့် ပေးထားသည် အချိန်ပိုကြေးသည် ၁၄၅၀ ကျပ်ဖြစ်သည်။ ၁၄၀၀ ဖြင့် တွက်ချက် ပေးထားသည်ကို ဘတ်ဒိတ်ဖြင့်တွက်ချက်ပေးရန်။
(ခ) တနင်္ဂနွေပိတ်ရက်များကို ဒေကြေး ၇၀၀၀ကျပ်ပေးရမည်ကို (၅၈၀၀) ကျပ်ဖြင့် ပေးထားသည်ကို ဘတ်ဒိတ်ဖြင့်ပြန်လည်တွက်ချက်ပေးရန်။
၃။ ရက်မှန်ကြေး ၄၀၀၀၀ ကျပ်အား အလုပ်ပျက်ကွက်ရက်များရှိပါက ၁၅ ရက် တစ်ဘောခွဲပြီး  ဖြတ်တောက် ပေးရန်။
၄။ စက်ရုံအတွင်း ဆရာဝန်ထားပေးရန်။
၅။ အလုပ်သမားများကို အကြောင်းပြချက်မခိုင်လုံပဲအလုပ်မှ ထုတ်ပယ်ခြင်းမပြုရန်။
၆။ အချိန်ပိုများကို အလုပ်သမားသဘောဆန္ဒကို ကောက်ယူရန်နှင့် ဆင်းနိုင်သူမျာကိုသာ ခေါ်ရန်။
 
စတဲ့အချက်တွေ တောင်းဆိုထားတယ်လို့ သိရပါတယ်။
 

 


Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026