NEWS

အချိန်ပို အတင်းအကျပ် ဖိအားပေးဆင်းခိုင်းတာနဲ့ ခွဲခြားဆက်ဆံမှုတွေဖြေရှင်းပေးစေလို

CoverLogo
577 Views
 
အလုပ်သမားပေးစာ
 
အောက်ပါကိစ္စနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။ Saifeom International Garment Myanmar စက်ရုံသည် ရန်ကုန်တိုင်းဒေကြီး၊ အမှတ် - မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုန် ဖွင့်လှစ်ထားပါတယ်။
 
စက်ရုံပိုင်ရှင်မှာ တရုတ် နိုင်ငံသားဖြစ်ပါသည်။ ZEROCTAGE, Huna, ZERO-STAGE WORKWEAR, TIEORA, SOLOTEX , Aero light, Fieldcore ဘောင်ဘီအရှည်များ ချုပ်လုပ်ပါသည်။ အော်ဒါက ဂျပန်က ဝင်တဲ့ အော်ဒါက များပါတယ်။
 
ဖြစ်စဥ်အကျဥ်းမှာ Saifeom International Garment Myanmar အထည်ချုပ်စက်ရုံသည် အလုပ်သမား (၁၇၀၀) ကျော်ဖြင့် လည်ပတ်လုပ်ကိုင် နေသော စက်ရုံဖြစ်ပြီး အလုပ်ချိန်မှာ မနက် (၈း၀၀) မှ ညနေ (၆း ၃၀) ထိဖြစ်ကာ လုပ်ငန်းလိုအပ်ချက်အရဆိုကာ အချိန်ပိုများကို ညနေ ၈ နာရီ ထိသောလည်းကောင်း အော်လင်း၊ အော်နိုက် ဆင်းရတာတွေလည်း ရှိသည့် စက်ရုံဖြစ်ပါတယ်။
 
လုပ်ခလစာအနေဖြင့် ဒေးကြေး ၇,၄၀၀ ကျပ် + ထောက်ပံ့ကြေး ၄,၁၀၀ ကျပ် စုစုပေါင်း ၁၀,၅၀၀ ကျပ်၊ အချိန်ပိုကြေး တစ်နာရီ ၂,၁၈၂ ကျပ်၊ ရက်မှန်ကြေး ၄၀,၀၀၀ ကျပ်၊ တစ်ရက်ပျက်လျှင် ၂၀,၀၀၀ ကျပ်ဖြတ်ပါတယ်။ နှစ်ရက်ပျက်ပါက ရက်မှန်ကြေး ၄၀,၀၀၀ ကျပ်ဖြတ်ပါတယ်။
 
နှစ်ကြေး တစ်နှစ်လျှင် ၂,၀၀၀ ကျပ်ဖြင့် နှစ်အလိုက် လစဉ်လစာတွင်ထည့် ပေးပါတယ်။ တစ်ကဒ်ကြေး၊ ဆုကြေး ပေးသည်စက်ရုံဖြစ်ပြီး စက်ရုံဖွင့်ထားသည်မှာ ၁၀ နှစ်ကျော်ပါပြီ။
 
လုပ်ငန်းခွင်ချိုးဖောက်မှုတွေနှင့် ပတ်သက်၍ တိုင်းကြားဖူးပါတယ်။ သတင်းတက်ပြီးနောက် တနင်္ဂနွေနေ့တွေမှာ အချိန်ပိုတွေကို အလကားဆင်းပေးနေရတာတွေ ဘက်ဒိတ်နှင့် ပတ်သက်၍ ပြန်တွက်ချက်ပေးရန်ပြောထားသည့်ကိစ္စကို စက်ရုံဘက်က အချိန်ပိုကြေးကို ဘက်ဒိတ်နဲ့တော့ ပြန်တော့မတွက်ပေးဘူး။ ပြန်လည်တွက်ချက်ပေးစေလိုပါတယ်။
 
နောက်ပိုင်းတနင်္ဂနွေနေ့တွေ ခေါ်တာကို တော့ အချိန်ပိုကြေးပေးခေါ်ပါတယ်။ အချိန်ပိုကြေးပေးခေါ်တယ်ဆိုပြီး အလုပ်သမားများကို ပိတ်ရက်မရှိ ခေါ်လို့ အလုပ်သမားတွေမှ မဆင်းနိုင်ပြောလျှင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖိအားပေးပြောဆိုမှု များခံနေရပါတယ်။
 
စက်ရုံဘက်မှ နောက်ဆုံးအချိန်ပိုခေါ်လို့မဆင်းလျှင် ဆုကြေးမပေးနိုင်ကြောင်း ပြောပါ တယ်။ စက်ရုံအတွင်း ထမင်းစားဆောင်နေရာနှင့် ထိုင်ခုံများမလုံလောက်သဖြင့်သတင်းဌာနသို့တိုင်ကြားဖူးပါတယ်။ အလုပ်ရှင်မှ ဖြည့်တင်းဆောင်ရွက်ပေးခြင်းမရှိသည်အပြင် စက်ရုံမှ ကားကြီးကားငယ်ဖြင့် စက်ရုံသို့ လာရောက်ပို့သည့် အထည်ပိတ်လိပ်များကို ထမင်းစာနေရာများတွင်ထားသည်အတွက် အလုပ်သမားများမှ ထမင်းစာနေရာမလုံလောက်ပါဘူးဆိုမှ အခုဆို စားစရာနေရာမရှိ မတက်ရပ်စား ဟိုနေရာစားဒီနေရာစားဖြင့် စားနေရပါတယ်။ အထည်လိပ်များနှင့် ကြပ်ပိတ်နေသဖြင့် ခလုတ်တိုက်လဲ လုပ်ငန်းခွင်ဘေးအန္တရယ် မကင်းရှင်းသည့်အခြေအနေဖြစ်နေပါတယ်။
 
လက်ရှိလုပ်ငန်းခွင်အတွင်း အလုပ်ရှင်ဘက်မှ မတရားခေါင်းပုံဖြတ်ခွဲခြားနေတာကတော့ ကျွန်တော်တို့စက်ရုံက လစာပေးစလစ်တွင် တစ်ကဒ်ကြေး၊ ဆုကြေးဆိုတာရှိပါတယ်။ အခုက တစ်ကဒ်ကြေးက အဆင်ပြေတယ်။ အထည်ဆုကြေး
ကြ‌တော့ ညီမျှမှုမရှိပဲ ခွဲခြားပေးနေတာရှိပါတယ်။
 
ဥပမာ အထည် ၈၀၀၀ လုပ်နိုင်တဲ့အလုပ်သမားနဲ့ အထည် ၄၀၀၀ လုပ်နိုင်တဲ့အလုပ်သမားကို ရာထူးတူ၊ လုပ်ငန်းတူ၊ အလုပ်ချိန်တူ လုပ်တာကို ဆုကြေးပေးတဲ့အခါ အထည် ၈,၀၀၀ လုပ်နိုင်သူကို ဆုကြေး ၄၀,၀၀၀ ကျော်ကျပ် ပေးပါသည်။ အထည် ၄,၀၀၀ လုပ်နိုင်သူကို ဆုကြေး ၃,၀၀၀ ကျပ်ကျော်ကျော်ပဲ ပေးပါတယ်။
 
၎င်းကိစ္စနှင့် ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူများကို မေးတဲ့အခါမှာ စက်ရုံတာဝန်ရှိသူမှ တွက်ချက်မှုတွေကို အမျိုးမျိုးပြောပြီးတွက်ပြီးပြန်ပြောပါတယ်။ ကျွန်တော်၊ ကျွန်မတို့ အနေဖြင့် မည်သို့ပင်တွက်တွက် အလုပ်ချိန်တူ၊ တာဝန်အတူတူ လုပ်ရတာကို အကြမ်းဖျင်းကြည့်လျှင် အထည် ၈,၀၀၀ ထုတ်လုပ်သူအလုပ်သမား ဆုကြေး ၄၀,၀၀၀ ကျော်ကျပ်ရလျှင် အထည် ၄,၀၀၀ ထုတ်လုပ်သူ အလုပ်သမားအနေဖြင့် ၂၀,၀၀၀ ကျော်ရရှိဖို့သင့်ပါတယ်။ အခုက သောင်းနဲ့ ထောင် လျှော့ပြီးပဲပေးနေတာက မတရားမမျှမတနှင့် ဘက်လိုက်မှု အဂတိမှုတွေကို စက်ရုံဘက်မှ လုပ်နေခြင်း ဖြစ်ပါတယ်။
 
ဆုကြေးတွေကို အတရားလျှော့ပေးသည်ကို ကြည်လိုက်သည့်အခါ သတင်းကျွတ်တုန်းက အော်စူပါ၊ စူပါတွေကို ကန့်တော့ရန် ငွေကြေးကောက်ခံမှုလုပ်ခဲ့ရာမှာ ကန့်တော့ရန်မထည့်သည့် အလုပ်သမားအများ စုသည် ဆုကြေးတွင် အများနှင့် လုံးဝမတူ အထူးလျှော့ပေးထားသည်ကို တွေ့ရပါတယ်။
 
ထို့တွက်ကြောင့် မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM မှ ကူညီဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါတယ်။
 
တောင်းဆိုလိုသည်များမှာ-
၁။ အချိန်ပိုများကို အလုပ်သမားသဘောဆန္ဒအတိုင်းဆင်းခွင့်ပြုရန်နှင့် မဆင်းသူများကို ဖိအားပေး ခြိမ်းခြောက်မှုများမပြုလုပ်ရန်။
၂။ ထမင်းစာဆောင်များကိုတိုးချဲ့ပေးရန်နှင့် ထမင်းစားခုံများလုံလောက်အောင် ဆောင်ရွက်ပေးရန်။
၃။ အထည်ကြေး၊ အဓိက ဆုကြေးကို တရားမျှတမှုဖြင့်တွက်ချက်ပေးရန်နှင့် စက်တင်ဘာလအတွင်း လျှော့ချပေးခဲ့သည် ဆုကြေးကို ပြန်လည်၍ ဘက်ဒိတ်ဖြင့်တွက်ချက်ပေးရန်။
အကူအညီတောင်းခံသူ
Saiform International Garment Myanmar အလုပ်သမားများ
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026