NEWS

အကြောင်းမဲ့အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၀ ဦး ရသင့်ရထိုက်သည့် နစ်နာကြေးရရှိလိုဟုဆို

CoverLogo
2.4K Views

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၂ ဦးအောင်သူလမ်းမှာ ဖွင့်လှစ်ထားတဲ့ Myanmar Bestex Garment မှာ  လူဦးရေ (၉၀) ကျော်ဖြင့် အလုပ်လုပ်ကိုင်နေ ခြင်းဖြစ်ပြီး ၎င်းစက်ရုံသည်   Myanmar Bestex Garment လူဦးရေ ၈၀၀ ရှိသော စက်ရုံ ရုံခွဲ ဖြစ်ပြီး ၎င်းစက်ရုံက အထည်များ ခွဲပြီးချုပ်ရ တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ အလုပ်သမား ၃၀ ကို မည်သည့်အကြောင်းအစုံတရာမျှ ပြောကြားခြင်းမရှိဘဲ ဉပဒေမဲ့ အလုပ်ထုတ်ခဲ့တာကြောင့် အလုပ်သမားတွေအနေနဲ့ ၎င်းတို့ ရသင့်ရထိုက်တဲ့ လျော်ကြေး နစ်နာကြေးတွေ ရရှိလိုတယ်လို့ဆိုပါတယ်။

"၂၀.၈.၂၀၂၂ ရက်နေ့မှာ အလုပ်သမားး ၃၀ ဦးကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး အလုပ်ထုပ်ခံရသော်လည်း အလုပ်သမားများကို အလုပ်ထုတ် နစ်နာကြေး   တစ်စုံတစ်ရာ မရရှိပဲ အလုပ်မှ ဥပ‌ဒေမဲ့ အကြောင်းပြချက်မရှိဘဲ ထုတ်ခဲ့တာပါ။ နောက်ထပ် လုပ်ငန်းခွင်မှာကျန်ခဲ့တဲ့ အလုပ်သမားတွေကို လည်း အလုပ်ရှင်က အလုပ်ထွက်မယ်ဆိုထွက်ထားကြ ထပ်ထုတ်ဖို့ရှိသေးတယ်"လို့ပြောထားသေးတယ်" လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားက ဆိုပါတယ်။

အလုပ်သမားတွေ အလုပ်လုပ်ခဲ့စဥ် လုပ်ငန်းခွင်ထဲမှာ ဥပဒေပါ ခံစားခွင့်မှ မရရှိခြင်း၊  ရှောင်တခင်ခွင့် လှူမူဖူလုံရေး ဆေးခွင့် ဘာတစ်ခုမှ ခံစားခွင့် မရရှိပဲ အလုပ်လုပ် ခဲ့ရပြီး ကုန်ထုပ်လုပ်မှု ဖြစ်တဲ့ စံချိန်များကိုလည်း အလုပ်သမား တစ်ဦး မချုပ်လုပ်နိုင်အောင် တောင်းခံထားပြီး သူတို့ တောင်းသလောက် စံချိန်မရပါက မခံမရပ်နိုင်အောင် အပြောအဆို ခံရ‌နေရခြင်း အချိန်ပိုအိုတီများကို အလုပ်သမားများ ငြင်းပယ်ခွင့်မရှိဘဲ ဆင်းခဲ့ရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ တနင်္ဂနွေ အချိန်ပိုဆင်းရတယ် ညနေ ၆ နာရီထိ၊ ပြီးတော့ ဩဂုတ်လ ၁၇ ရက်နေ့ ဆိုရင် ည ၈ နာရီထိ ဆင်းရတဲ့ လုပ်အားတွေလည်း မရရှိဘဲ အခကြေးငွေပေးချေခြင်းမရှိဘဲ ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

"အလုပ်ရှင်က အလုပ်သမားတွေ အချိန်ပိုအိုတီ ဆင်းထားတဲ့ ပိုက်ဆံတောင်းတော့  ပိုက်ဆံမပေးနိုင်ဘူး အလုပ် (၃) ရက် ရက်စား ပိတ်ပေးမယ် ပိက်တဲ့ရက်ကို ပိုက်ဆံမပေးဘူး ဆိုပြီး အလုပ်သမားတွေကို နားလှည့်ပါးရိုက်လုပ်တာ အခုဆိုရင် အလုပ်သမား‌တွေကို ဘာကြောင်းပြချက်မှ မရှိဘဲ  အလုပ်ထုပ်ပြီး အလုပ်သမား‌တွေက ဘာလို အလုပ်ထုပ်တာလဲ မေးတေ့ာ အော်တာမရှိလို့ အော်ဒါရှိရင် ပြန်ခေါ်မယ်ပြောပြီး အခုကြတော့ လူသစ်တွေ ထက်ခေါ်နေပြီး ခိုင်းနေပါတယ်" လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

ယခုလို့ အလုပ်ဖြုတ်ချင်သလို ဖြုတ်ခြင်း အလုပ်ရှင်ဘက်မှ ဥပဒေမဲ့ ပြုလုပ်နေခြင်း  အလုပ်သမားများ လုပ်အားခကို ခေါင်းပုံ ဖြတ်နေခြင်း အလုပ်အကိုင် အာမခံချက် မရှိခြင်းများကို တိုင်ကြားရန် ခက်ခဲနေပြီး အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေအနေနဲ့  အလုပ်ထုတ် နစ်နာကြေး  ပြန်လည်ရရှိလိုတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ MOHITO အမှတ်တံဆိပ်ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026