NEWS

သီရိလင်္ကာအခြေစိုက် IB microfinanceမှဝန်ထမ်းတဦး၏ရင်ဖွင့်လွှာ

CoverLogo
1.5K Views

IB microfinance အနေနှင့်မေလ ၁ ရက်နေ့တွင်ကျရောက်သောအလုပ်သမားနေ့ကို ပိတ်ရက်အဖြစ်ခံစားခွင့်မပေးပဲ ရုံးတက်ခိုင်းလျှက်ရှိပါသည်။ထိုကဲ့သို့စနေနေ့ရုံးတက်ခိုင်းသည်မှာ အတော်တန်ကြာကာလဖြစ်နေပါသည်။

overtime ကြေးမပေး ဝန်ထမ်းများသဘောတူညီချက်မရှိ လူမှုဖူလုံရေးကြေးပေးသွင်းခိုင်းခြင်း။နှစ်သက်တိုးခံစားခွင့်မရခြင်း။အလုပ် လျှောက်စဥ်အခါကအကျိုးခံစားခွင့်ရမည်ဟုပြောကြာပြီးယခုနှစ်ကာလကြာသည်ထိ မပေးဘဲ စကားအမျိုးမျိုးလှည့်ကာရှောင်တိမ်းလျှက်ရှိပါသည်။

သီရိလင်္ကာအခြေစိုက် lb microfinance သည် လက်ရှိတွင်သူတို့နိုင်ငံအစိုးရကတရားဝင်ကြော်ငြာထားသည့် နိုင်ငံဒေဝါလီခံထားရသည်ကိုအကြောင်းပြကာ မြန်မာနိုင်ငံရှိဝန်ထမ်းများအားစကားအမျိုးမျိုး ပြောကာ လုပ်သက်ခံစားခွင့်မပေးခြင်း။ပိတ်ရက်တွင်ရုံးတက်ခိုင်းခြင်း။ပိတ်ရက်ရုံးတတ်ခိုင်းခြင်းတွင် overtime ကြေးမပေးခြင်းများရှိပါသည်။

IB microfinance company သည် ဝန်ထမ်းများအပေါ ခေါင်းပုံဖြတ် အလုပ်ထုတ်တရားစွဲ အချုပ်ကျခံရတဲ့ထိဆိုးရွားစွာပြုမှုလျက်ရှိပါသည်။

အဘယ်ကြောင့်ဆိုသော် company မှ ဝန်ထမ်းများအပေါ် လစာတိုးမပေးခြင်း၊ နှစ်တိုးကြေးမပေးခြင်း၊အတိုင်းဆမရှိပိတ်ရက်များတွင် အလုပ်ခိုင်းစေခြင်း၊ကဲ့သို့ဖြစ်ရပ်များကြုံတွေ့နေရပါသည်။

တချို့ဆိုပေးတဲ့လစာနဲ့မိသားစုစားဝတ်နေရေးစာရိတ် မကိုက်တာကြောင့် ရုံးတွင်း အမှားများကျူးလွန်မှုများရှိနေကြပါသည်။ဥပမာ(ငွေလှည့်သုံးမိတာ)။
၄င်းတို့ဘက်မှပေးထားတဲ့လစာတိုးပေးမယ်၊ နှစ်တိုးကြေးတိုးပေးမယ်ကတိကျတော့နေ့ရွေ့ရက်ရွေ့လရွေ့ပြီး ဝန်ထမ်းအမှားတစ်ခုကျူးလွန်တာနဲ့ တရားစွဲဖမ်းဆီးအချုပ်ချ လုပ်ရက်များလုပ်လျက်ရှိပါသည်။

လက်ရှိပြည်မြို့နယ် တက်လမ်း အမှတ်(အမှတ်505)ကျောင်းကြီးအိုးတန်းရပ်ကွက်တွင်ဖွင့်လှစ်ထားတဲ့သီရိလကာ်အခြေစိုက် အသေးစား company ပါ။

ကျွန်တော်တို့မြန်မာအမျိုးသမီးများအပေါ်တော့ အမျိုးမျိုးပြစ်မှားငွေရှိငွေနဲ့ဖုံးဖိ။အမျိုးသမီးဝန်ထမ်းများငွေကြေးအလွဲမှားဖြစ်မိလည်း ၄င်းတို့နဲ့ပတ်သက်ဆက်နွယ်မိထားလျင် ငွေနဲဖုံးဖိထားအလုပ်ပဲထုတ်ရုံထုတ်လျက်ရှိပါသည်။

အမျိုးသားဝန်ထမ်းများကျူးလွန်မိပါက
အလုပ်ထုတ်ရုံမက တရားစွဲ အချုပ်ချလျက်ရှိပါသည်။မတရားသောအာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်ပါသည်။

၀န်ထမ်းတစ်ဦး


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026