NEWS

သင်္ကြန်ပွဲအတင်းအကြပ်စီစဥ်နေတာကြောင့် Twinkle Light Fashion Garment အထည်ချုပ်အလုပ်သမားတွေလုံခြုံရေးစိုးရိမ်နေရဟုဆို

CoverLogo
1.4K Views

(Updated -
စက်ရုံဘက်မှ သင်္ကြန်ပွဲကို မကျင်းပ ဖြစ်တော့ဘူးလို့ သိရပါတယ်။)

စက်ရုံဖက်ကအဆိုတော်တစ်ဦးကိုငှားရမ်းပြီးသကြ်န်မပိတ်ခင် စက်ရုံတွင်းပွဲတော်လုပ်ဖို့စီစဥ်နေတာကြောင့်Twinkle Light Fashion Garment အထည်ချုပ်စက်ရုံကအလုပ်သမားတွေအနေနဲ့လုံခြုံရေးအခြေအနေကိုစိုးရိမ်နေရတယ်လို့ဆိုပါတယ်။

Intersport brand ချုပ်လုပ်တဲ့ အဆိုပါစက်ရုံဟာတရုတ်နိုင်ငံသားပိုင်စက်ရုံတခုဖြစ်ပြီးရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှု့ဇုန် ၊ဦးရွှေလမ်းနှင့်ဗန်းမော်အတွင်းဝင်လမ်းထောင့်မှာလုပ်သားဦးရေ ၁၀၀၀ ဝန်းကျင်လောက်နဲ့လုပ်ကိုင်နေတဲ့အထည်ချုပ်စက်ရုံတခုလဲဖြစ်ပါတယ်။

"စက်ရုံဖက်ကိုတင်ပြတာဒီနိုင်ငံရေးအခြေအနေမှာမလုပ်ဖို့ကိုအဲ့ဒါကိုစက်ရုံဖက်ကငှားထားတဲ့အနုပညာရှင်ကိုစရံပေးပြီးပြီးဆိုပြီးမရမကလုပ်နေတာအလုပ်သမားတွေအနေနဲ့လုံခြုံရေးအခြေအနေစိုးရိမ်နေရတယ်"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးကပြောပါတယ်။

အဆိုပါပွဲကိုစက်ရုံကဧပြီလ ၈ ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီးမတက်ရောက်တဲ့အလုပ်သမားတွေကိုရက်မှန်ကြေးဖြတ်တောက်သွားမှာဖြစ်တယ်လို့စက်ရုံဖက်ကခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။

"သူတို့ကအတင်းအကြပ်လုပ်နေတော့ အလုပ်သမားတွေကအဲ့နေ့အလုပ်တက်ရမှာကြောက်နေကြတယ်မတက်ပြန်ရင်လဲဖြတ်မှာဆိုတော့ဘယ်လိုလုပ်ရမှန်းမသိဘူးဖြစ်နေတယ်"လို့အလုပ်သမားတဦးကပြောပါတယ်။

Twinkle Light Fashion Garment အထည်ချုပ်စက်ရုံကပြုလုပ်မယ့်အဆိုပါပွဲကိုအလုပ်သမားအများစုကလက်မခံကြပဲစက်ရုံဖက်ကသာဝန်ထမ်းများအတွက်လို့ခေါင်းစဉ်တပ်ပြုလုပ်နေကြတာဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့်သကြ်န်ကိုပြည်သူတွေအနေနဲ့မပါဝင်ကြဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားသလိုပြည်သူတွေကလဲအပြည့်အဝပူးပေါင်းပါဝင်ဖို့ပြင်ဆင်နေကြပေမယ့်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးတွေကအမြို့မြို့အနယ်နယ်မှာသကြ်န်လုပ်ဖို့အလှူငွေကောက်ခံတာတွေလူစုစောင်းတာတွေပြုလုပ်နေကြတယ်လို့အတည်ပြုထားတဲသတင်းတွေအရသိရပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026