NEWS

ဝမ်တိမ် ၄ ကြိမ်ပြည့်သည်ဟုဆိုကာ သမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရ၊ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများလည်း ရှိနေဟုဆို

CoverLogo
2.2K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဝန်ဆောင်မှုလမ်းမှာ အလုပ်သမား ၂၇၀ ကျော်နဲ့ ဖွင့်လှစ်ထားတဲ့  Jinli သိုးမွေးစက်ရုံ    မှာ ဝမ်တိမ်( သတိပေးစာ) လက်မှတ် ၄ ကြိမ်ပြည့်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် တစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ လုပ်ငန်းခွင်ထဲမှာလည်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လျှက်ရှိနေပြီး အလုပ်ထုတ်ထုတ်ခံလိုက်ရတဲ့ သမဂ္ဂ ခေါင်းဆောင်ကို  ပြန်လည်အလုပ်ခန့်ပေးရန်အပါအဝင် တောင်းဆိုချက်တွေကို အလုပ်သမားတွေကဆောင်းဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့ရက်များကို အပတ်စဥ် ပိတ်ရက်မရှိ  အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီဆင်းခိုင်းခြင်းကြောင့် အလုပ်သမားများမှာ နားရက်မရှိဖြစ်နေတယ်လို့ လည်းသိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ   H&M တံဆိပ် သိုးမွှေးအထည်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

အချိန်ပိုအိုတီခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒကို မမေးမြန်းခြင်း၊ ကြိုတင်မပြောခြင်း၊ လက်မှတ်ကြိုတင်ထိုးခိုင်းခြင်းများ မရှိပဲ  မဆင်းမနေရ ဖိအားပေးစေခိုင်းခြင်းများလည်း ရှိနေပြီး ဖိအားပေးခိုင်းစေတာတွေ ရှောင်ရှားစေလိုတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

၃ လပြည့်ပြီးတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ ရှောင်တခင်ခွင့် လူမှုဖူလုံရေးဆေးခွင့်များ ခံစားခွင့်မရရှိတဲ့အတွက် အလုပ်တစ်ရက်ပျက်လျှင် ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် အချိန်ပိုအိုတီ ရက်မှန်ကြေး ၅၀၀၀ ကျပ် စုစုပေါင်း ၁၉၈၀၀ ကျပ် ဖြတ်တောက်ခံရတဲ့ အတွက် အခက်တွေ့နေရတယ်လို့လည်း  သိရပါတယ်။

"အလုပ်သမားက ၂၇၀ ကျော်မှာ နေ့စားနဲ့ အတည်ပြုဝန်ထမ်းနဲ့က အရေအတွက် တူတူလောက်ပဲ နေ့စားတွေကို ကျတော့ အော်ဒါများချိန်ဆို ခေါ်တယ် အော်ဒါနည်း ရင် အလုပ်ထုတ်လိုက်တယ် စစ်ဆေးရေးလာပြီဆိုရင်တော့ နေ့စားမရှိဘူးလို့ ပြောတယ်ပေါ့နော် စစ်ဆေးရေးလာပြီဆို နေ့စားတွေကို ၃ လစာချုပ်ချုပ်ထားပြီး ခန့်တာရှိတယ် ၃ လပြည့်ရင်လည်း မလိုတော့ ရင် ထုတ်လိုက်တာရှိတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ နံနက် ၇း၃၀ မှ နေ့လည် ၁၁ နာရီအထိ၊ နေ့လည်း ၁၂း၃၀ ကနေ ညနေ့ ၄း၃၀ အထိ၊ ညနေ ၅ နာရီကနေ ည ၇  နာရီအထိ အလုပ်ချိန်သတ်မှတ်ထားပြီး အလုပ်သမားများ အလုပ်တက်ချိန်မှာ  နံနက် (၇း၃၀) ဖြစ်သော်လည်း အလုပ်သမားများက နံနက် (၆) နာရီထဲက အလုပ်ချိန်မရောက်သေးပဲ လုပ်ငန်းခွင်ထဲအစော၀င်ရပြီး အထည်ချုပ်ပေးရခြင်း၊ ထမင်းစားနာချိန် (၁) နာရီအချိန်ကို အပြည့်အ၀မနားရပဲ အထည်ချုပ်ရခြင်း၊ အဆောင်နေ အလုပ်သမားများ နံနက် ၃ နာရီ၊ ၄ နာရီအချိန်ထဲမှ လုပ်ငန်းခွင်၀င်ပြီး အထည်ချုပ်နေရခြင်းများ ရှိနေတဲ့အတွက် အလုပ်နားချိန် အပြည့်အဝ ရရှိခြင်းမရှိဘူး လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ချိန်မရောက်သေးဘဲ ကြိုတင်ခိုင်းစေတာကို မပြုလုပ်ဖို့  ထမင်းစားချိန်အပြည့်အဝအနားပေးဖို့  ၃ လပြည့်တဲ့ နေ့စားအလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်အပ် ပေးဖို့ နဲ့ နေ့စားသမားတွေကို ခွင့်ခံစားခွင့် လူမှုဖူလုံရေးခံစားခွင့်တွေပေးရန် စတာတွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားများကို ECစာချုပ်ထဲတွင် မပါ၀င်သော အချက်အလက်များကို ခိုင်းစေနေခြင်း၊ စက်ပြင်များကို ခြံစည်းရိုး အပြင်ဘက်မှ မြက်ရှင်းခိုင်းခြင်း၊ ရေမြောင်းဖော်ရခြင်း၊ စက်ရုံတွင်စည်ပင်က အမှိုက်လာရောက်သိမ်းတာ မရှိခြင်း၊ စည်ပင်ကလာရောက် စစ်ဆေးတော့မယ်ဆိုလျှင် အမှိုက်များကို အလုပ်သမားမှ အမြဲသွားရောက်ပစ်ရခြင်း၊ စက်ရုံရှေ့မှ သစ်ပင်များခုတ်ခိုင်းခြင်း၊ အရင်တုန်းကဆိုလျှင် မိန်းခလေးတွေကို ခြံစည်းရိုး အပြင်ဘက်မှာ အမှိုက်ကောက်ရ၊ မြက်နုတ်ခိုင်းစေမှုများ ရှိခဲ့ခြင်း၊ တစ်ချို့ ဌာနက အလုပ်သမားတွေဆိုလျှင် ကားရေဆေးခိုင်းတာတွေပါ ပြုလုပ်နေတာရှိတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ သိုးမွှေးစက်ရုံအလုပ်သမားတွေကို အလုပ်နှင့်မသက်ဆိုင်သည့် အလုပ်များ ခိုင်းစေခြင်းမပြုရန် စံချိန် တောင်းဆိုရာတွင် အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ ပမာဏကိုသာ သတ်မှတ်တောင်းခံရန် အချိန်ပို ခေါ်ရာမှာလည်း အလုပ်သမားတွေ ရဲ့ သဘောဆန္ဒကို မေးမြန်းဖို့နဲ့ တနင်္ဂနွေ နေ့တွေကို အလုပ်ပိတ်ပေးဖို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026