#ပေးစာ
အောက်တိုဘာ ၂၀၊ ၂၀၂၄
အယ်ဒီတာ အကိုအမများရှင့် ။
ညီမတို့က Jun Coporation Co.,Ltd အထည်ချုပ် စက်ရုံပါ။ စက်ရုံက လှည်းကူး၊ ဇရပ်ကွင်းနားမှာပါ။ အရင်တခါ အကူအညီတောင်းဖူးပါတယ် ရှင့်။
အခု ထပ်ပြီး အကူညီတောင်းပါတယ်။
အရင်ကဆို စနေ့နေရောက်ရင် ညီမတို့ စက်ရုံ တစ်ရုံလုံး ပျော်ခဲ့ ရပါတယ်။
ခုတော့ စနေ့နေရောက်မှာ ကြောက်နေရပါပြီ ။ အချိန်ပို အော်လင်းတွေ အပတ်တိုင်း ခေါ်နေလို့ပါရှင့် ။
အရင် တစ်ခါကထက် အခု ပိုဆိုးလာနေလို့ပါ။
အကိုတို့ မီဒီယာမှာ သတင်းရေးတော့ စက်ရုံဘက် အချိန်ပို ခေါ်တာတွေ နည်းနည်းငြိမ်သွားပါသေးတယ် ။ အဲ့တုန်းကလည်း ဘယ်အဖွဲ့မှ လာစစ်တာ မရှိခဲ့ပါဘူး ။
အခု ပိုဆိုးလာပါပြီ ရှင့် ။
ဩဂုတ်မှာ စနေနေ့ ၄ ရက်လုံး အောလင်း ဆင်းခဲ့ရပါတယ်။ စက်တင်ဘာလထဲမှာလည်း စနေနေ့တိုင်း အောလင်း ဆင်းရပါတယ်။ အခု အောက်တိုဘာလမှာ စနေနေ့ တရက် ဆင်းထားရပါပြီ။ အပတ်တိုင်း စနေ့နေဆိုရင် အောင်လင်း ဆင်းရပါတယ်ရှင့် ။ အောလင်းဆိုတာ မနက် ၅ နာရီအထိ လုပ်ရတာပါ။ အပြန်မှာ တော့ ကြိုပို့တွေနဲ့ ပြန်ရပါတယ်။
ဒါပေမဲ့ အပတ်တိုင်း အောလင်းဆင်းနေရတော့ စိတ်တွေ ပင်ပန်းလာပါတယ်။
အလုပ်ချိန်က မနက် ၇ နာရီ ၂၀ မိနစ်ကနေ ညနေ ၇ နာရီ ၅၀ အထိ လုပ်ရပါတယ်။ အချိန်ပို နေ့တိုင်းလုပ်ပေး နေရတာပါရှင့် ။
ညနေ ၄ နာရီခွဲရင် နာရီအနားပေးပါတယ်။ အောလင်းဆင်းရတိုင် ည ၈ နာရီမှာ ညစာအတွက် အနားပေး ပါတယ်။ ထမင်းဖိုး ၂၅၀၀ လည်းရပါတယ်။
အောလင်း အပတ်တိုင်းဆင်းနေရတာက ညီမတို့အတွက် အဆင်မပြေလို့ပါရှင့်။ ကူညီပေးစေလိုပါတယ် ရှင့်။
#အချက်အလက် - Jun Coporation Co.,Ltd အထည်ချုပ်စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးပါ။ အလုပ်သမား စုစုပေါင်း ၁၀၀၀ ကျော် ရှိပါတယ်။ WCC အဖွဲ့ရှိပေမဲ့ အဖွဲ့ဝင်တွေကတော့ အလုပ်သမားတွေ ရွေးချယ်ခဲ့ သူတွေ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ (၇လပိုင်း) ၃၁ ရက်မှာ စက်ရုံအလုပ်သမားတွေက အခွင့်အရေး တွေ နစ်နာတဲ့အကြောင်း Myanmar Labour News ရဲ့ ပေးကဏ္ဍမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆေးမှုတွေ မရှိခဲ့လို့ ဩဂုတ်လထဲမှာ စနေနေ့တိုင်း အချိန်ပို အောလင်းတွေ ဆက်တိုက် ခိုင်းစေခဲ့ တာကို တွေ့ရပါတယ်။ ဇူလိုင်လ ပေးစာမှာတော့ တနင်္ဂနွေနေ့တွေ လုပ်ကိုင်ပေးရတာ၊ ခွင့်မရတာ၊ လုပ်ခလစာ ဖြတ်တောက်ခံရတာ၊ ဂရိတ်ချမယ်ဆိုပြီး ခြိမ်းခြောက်တာ၊ အောလင်းတွေ လုပ်ကိုင်ပေး ရတယ်ဆိုပြီး အလုပ်သမားတွေက ပြောဆိုထားပါတယ်။)
NEWS
လှည်းကူး Jun Coporation အထည်ချုပ် စနေနေ့တိုင်း အချိန်ပို အောလင်း ခိုင်းစေ

695 Views
Related posts

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026

ရန်ကုန် အခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026

Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026