NEWS

လူမှု့ဖူလုံရေးအကျိုးခံစားခွင့်၊ ဥပဒေပါအလုပ်သမားရပိုင်ခွင့် တွေတခုမှမရတဲ့အပြင် အထည်စံချိန်တိုး တောင်းနေလို့ အထည်ချုပ်စက်ရုံလုပ်သားများအခက်တွေ့နေရဟုဆို

CoverLogo
2.1K Views

အလုပ်သမားတဦးချုပ်လုပ်နိုင်တဲ့အထည်ပမာဏထက်ကျော်လွန်ပြီးစံချိန်တွေတိုးတောင်းနေတဲ့အပြင်လူမှု့ဖူလုံရေးအကျိုးခံစားခွင့်၊ ဥပဒေပါအလုပ်သမားရပိုင်ခွင့်တွေဘာတခုမှမရရှိတော့တဲ့အတွက်TRINITY APPARELS Garmentအထည် ချုပ်စက်ရုံကအလုပ်သမားတွေအခက်တွေ့နေကြရတယ်လို့သိရပါတယ်။

TRINITY APPARELS Garment အထည်ချုပ်စက်ရုံဟာ၊ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်(၄)၊ ဦးတရုတ်ကြီးလမ်းမှာလုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်ပြီး ဘဂ်လားဒေ့ရှ်နိုင်ငံသားတဦးပိုင်ဆိုင်ကာ၊ လုပ်သားဦးရေ ၅၀၀ နဲ့လည်ပတ်လုပ်ကိုင်နေတဲ့စက်ရုံတခုလဲဖြစ်ပါတယ်။

"အရင်ကလူ ၆ ယောက်ချုပ်ရတဲ့တီရှပ် overload ပွိုင့်ကို ခုကလူသုံးယောက်ပဲထားပြီးအထည်လေးရာနီးပါးချုပ်ခိုင်းတာ အရင်က King စက်နှစ်လုံးနဲ့လူနှစ်ယောက်ချုပ်ရတဲ့ဟာကိုခုလူတယောက်ကပဲတက်လာသမျှချုပ်ရတာမျိုးသူတို့ဘဂ်လားဒေရှ့်မှာဆိုလူတဦးကိုလေးရာကျော်ချုပ်နိုင်တယ် ပြောပြီးစူပါတွေလီဒါတွေကိုမတရားကောက်ခိုင်းနေတာ" လို့လက်ရှိကြုံတွေ့နေရတဲ့လုပ်ငန်းခွင်အခြေအနေနဲ့ပတ်သက်ပြီးအဆိုပါစက်ရုံမှအလုပ်သမားတဦးကပြောပါတယ်။

ဒါ့အပြင်စူပါ၊ လီဒါများမှ လည်းနိုင်ငံခြားသားဆရာများပြောသည့်စံချိန်အတိုင်းအလုပ်သမားများကိုတောင်းခံပြီ စံချိန်မပြည့်လျှင်မန်နေဂျာနှင့်တိုင်းကြားခိုင်းခြင်း၊ မန်နေဂျာမှစက်လိုင်းတစ်လိုင်း၀င်တစ်လိုင်းထွက်ဖြင့် ဖိအားများပေး၍အလုပ်သမားတစ်ယောက်မချုပ်နိုင်သည့် စံချိန်ကိုမရမချင်းချုပ်လုပ်ရပြီးလုပ်ငန်းခွင်ထဲတွင်စိတ်ပင်ပန်းခံရခြင်း၊ လုပ်ငန်းခွင့်မှာလည်းစိတ်ညစ်စရာများဖြင့်ကြုံတွေ့နေရပါသတယ်။ နိုင်ငံခြားသားဆရာများသူတို့တောင်းခိုင်းသည့်စံချိန်မရလျှင်စူပါ၊ လီဒါများကိုဂရိတ်အဆင့်များချပြီး စက်ချုပ်လုပ်ခိုင်းမည်ဟုခြိမ်းခြောက်ပြီးစာပွဲခုံပေါ်ရှိစာရွက်စာတမ်းများကိုင်ပေါက်သည့်ပုံစံမျိုးပြုလုပ်ခြိမ်းခြောက်တာတွေ အပြင်စက်ရုံရှိအလုပ်သမားမျာအားလုံးသည်ဥပဒေပါခံစားခွင့်များမရှိခြင်း၊ လူမှုဖူလုံရေကြေးထည့်၀င်ရသော်လည်းခံစားခွင့်မရရှိသည့်အပြင်လူမှုဖူလုံရေးနှင့်ချိတ်ဆက်ဆောင်ရွက်လျှက်ရှိနေသောဆေးခန်းများတွင်မန်နေဂျာမှလူမှုဖူလုံရေးဆေးခွင့်မပေးရန်လိုက်လံပြောကြားထားတယ်လို့လဲအလုပ်သမားတွေဖက်ကဆိုပါတယ်။

"အလုပ်ထုတ်မယ့်အလုပ်သမားကိုအလုပ်ရှင်ဖက်ကအကြောင်းကြားတာမျိုးမရှိဘူး မီးဖွားစရိတ်ပေးတာမျိုးလဲမရှိဘူး လူမှု့ဖူလုံရေးအကျိုးခံစားခွင့်တွေကိုလဲပွင့်ပွင့်လင်းလင်းမပြောပဲထိန်ချန်ထားတယ်လူမှု့ဖူလုံရေးဖက်ကပေးတဲ့ စက်ရုံကိုယ်ဝန်ဆောင်အမျိုးသမီးရှစ်ဦးအတွက် မီးဖွားစရိတ်တွေကိုလဲသူတို့ယူထားပြီးအလုပ်သမားကပြောမှပြန်ထုတ်ပေးတယ် လစာပျောက်သွားတဲ့အလုပ်သမားက cctv လေးပြန်ကြည့်ပေးပါဆိုတာကိုလဲလုံးဝမကြည့်ပေးဘူးသူတို့ကအလုပ်သမားတွေအပေါ်စိတ်ရင်းစေတနာကိုမမှန်တာ"လို့အထက်ပါစက်ရုံမှအလုပ်သမားတဦးကဆက်ပြောပါတယ်။

TRINITY APPARELS Garmentအထည်ချုပ်စက်ရုံတွင်ယခင်ကသမဂ္ဂနှင့်ဆွေးနွေးပြီးအလုပ်သမားအလုပ်ရှင်နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမယ့်စစ်အာဏာရှင်အာဏာသိမ်းပြီးအချိန်မှာစ၍အလုပ်ရှင်မှာနှစ်ဦးသဘောတူစာချုပ်များတစ်ဖက်သတ် ချိုးဖောက်ခဲ့ခြင်း၊ သမဂ္ဂအဖွဲ့အစည်းများအသိအမှတ်မပြုခြင်း၊ လုပ်ငန်းခွင်းကိစ္စရပ်များမဆွေးနွေးတော့ခြင်းတို့အပြင်အလုပ်သမားအဖွဲ့အစည်းတွေအပေါ်လဲခြိမ်းခြောက်ဖိအားပေးတာတွေပြုလုပ်လာတယ်လို့သိရပါတယ်။

TRINITY APPARELS Garment စက်ရုံမှအလုပ်သမားများအနေနဲ့အလုပ်သမားခံစားခွင့်ရရှိသော ဥပဒေပါခံစားခွင်များကို ပေးရန်၊ လူမှုဖူလုံရေးခွင့်ရက်များကိုခံစားခွင့်ပြုရန်နှင့်လူမှုဖူလုံရေးနှင့်ဆက်စပ်နေသောဆေးခန်းများတွင်ပြသခွင့်ရရှိရန်၊ စံချိန်များကိုအလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သည့်ထက်ပိုမတောင်းရန်၊ အလုပ်ရှင်မှလုပ်ငန်းခွင်ထဲတွင်ဖြစ်သောကိစ္စရပ်များကိုသေချာစီစစ်ပေးရန်၊ ဥပဒေမဲ့အလုပ်ထုတ်မှုများမပြုလုပ်ရန်၊ အစရှိတဲ့အချက်တွေကိုစက်ရုံဖက်ကအမြန်ဆုံးဆောင်ရွက်ပေးဖို့လိုလားနေကြပါတယ်။

ဒီဘဂ်လားဒေ့ရှ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံဟာ EMPRELLA, PURE&HAPPY, 7/J1အစရှိတဲ့အမှတ်တံဆိပ်အထည်တွေချုပ်လုပ်ပြီး စျေးကွက်ကိုတင်ပို့ရောင်းချနေတာပဲဖြစ်ပါတယ်။


 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026