NEWS

လုပ်အားခခေါင်းပုံဖြတ်မှုကို တိုင်ကြားသော် လည်း စက်ရုံဘက်က တာဝန်ယူမှုမရှိ

CoverLogo
386 Views

တရုတ်နိုင်ငံသားပိုင် LUCKY FORTUNE GARMENT မှာ အထည်ကြေးတွေကို ပွင့်လင်းမြင်သာစွာ ချမပြဘဲ စံချိန် ပြည့်မီအောင် ချုပ်လုပ်လို့ရလာတဲ့ အထည်ဆုကြေးတွေကို စူပါ၊ လီတာက လုပ်အားခခေါင်းပုံဖြတ်ပြီး ယူနေတာကို စက်ရုံဘက်ကို တိုင်ကြားပေမယ့် တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို အင်းစိန်မြို့နယ်၊  ရွှေပြည်သာ စက်မှုဇုန် (၄) ၊ ဆရာဦးထွန်းလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သား အင်အား (၁၀၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂမရှိဘဲ ချိုးဖောက်တာ တွေ လုပ်ဆောင်နေကာ CLOSSHI၊ RESTORATION စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ 

 

“စက်ရုံမှ အထည်ကြေးက လတိုင်းပြဿနာတက်နေတာပါ။ အလုပ်ရှင်ဘက်ကလည်း အထည်ကြေးကို မြင်သာ အောင် ချမပြဘူး။ အပတ်စဉ်ဆိုကြေးတွေဆိုလဲ စူပါတွေ၊ လီတာတွေက ဖြတ်စားတော့ စက်သမားတွေအတွက် ဘယ်လောက်မှ မရတော့ဘူး။ နေ့တိုင်းဆို အလုပ်ရှင်ဘက်က သတ်မှတ်ထားတဲ့ အထည်စံချိန်ရရင် စူပါက တစ်ရက်ကို နှစ်သောင်းရပါတယ်။ စက်ချုပ်သမားတွေက အသဲအသန်ချုပ်ပြီး တစ်ပြားမှ မရပါဘူး။ တစ်ပတ်လုံး ဖင်ပူအောင် အကြောတက်ခံ အော်စူပါ၊ စူပါတွေက အထည်စံချိန်မပြည့်ရင် အော်ဟစ်ဆဲဆိုခံပြီးချုပ်လို့ သတ်မှတ် ထားတဲ့စံချိန်ကိုမီရင် တစ်လိုင်းကို ဆယ်သိန်းရပါတယ်။ အဲဒီဆုကြေးကို စူပါက နှစ်သိန်း၊ လီတာက တစ်သိန်းယူပါ တယ်။ ကျန်တဲ့ပိုက်ဆံကို လိုင်းသားတွေ (၄၅) ယောက်လောက်က ခွဲယူရပါတယ်။ စူပါတွေ၊ လီတာတွေက မတရား ခေါင်းပုံဖြတ်တာကို ဖြေရှင်းပေးဖို့ပြောတော့ production manager ကိုယ်တိုင်က စူပါလို လိုချင်ရင် သူတို့လို အနေ အထားရောက်အောင်လုပ်ဆိုတဲ့ပုံစံ ပြောပါတယ်။ အရင်ကလည်း အထည်ကြေးတွေနဲ့ ခဏခဏ ပြဿနာတက် ပြီး တိုင်တာလည်း ရှိပါတယ်။ ဒါပေမယ့် စက်ရုံဘက်က တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူပေးတာ မရှိပါဘူး”လို့ စက်ရုံအလုပ်သမားတစ်ယောက်က ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ ရှောင်တခင်ခွင့်၊ ဆေးခွင့် တိုင်ကြားတာကိုလည်း ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေပြီး အော စူပါ။ လီတာတွေနဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ခွင့်တင်ပေးပြီး သူတို့နဲ့ ဆက်ဆံရေး အဆင်မပြေရင် ခွင့်တိုင်လည်း မပေးဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။ 

 

ဒီလို ခွဲခြားဆက်ဆံတာကြောင့် ခွင့်မရတဲ့ အလုပ်သမားတွေဟာ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပေးတဲ့ (၉၀၀၀) ကျပ်၊ ရက်မှန်ကြေး (၄၀၀၀၀) ကျပ်ထဲက (၂၀၀၀၀) ကျပ်ကို ဖြတ်တောက်ခံနေရတာ ဖြစ်ပါတယ်။ 

 

“အလုပ်ထဲမှာ အသက် (၁၄)၊ (၁၅) (၁၆) နှစ် အရွယ်အလုပ်သမားတွေလည်း ရှိပါတယ်။ သူတို့ကိုလည်း ကျန်းမာရေး ကောင်း၊ မကောင်း ဆရာဝန်ဆေးထောက်ခံချက် မယူဘဲနဲ့ လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းပါတယ်။ ဆဲဆို တာတွေ လုပ်ပါတယ်။ စက်ရုံမှာ အလုပ်သမားက (၁၀၀၀) ကျော်ရှိပေမယ့် ဆေးခန်းမှာ အခြေခံထားရမယ့်ဆေး လည်း မရှိပါဘူး။ လုပ်ငန်းခွင်ထဲမှာ WCC ရှိပေမယ့် အလုပ်ရှင်ဖက်က ဖွဲ့စည်းပေးထားတော့ လုပ်ငန်းခွင်ထဲက အခက်အခဲတွေကိုလည်း ဖြေရှင်းပေးတာ မရှိပါဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိမှာ စက်ရုံအလုပ်သမားတွေက ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။ 

 

စက်ရုံအလုပ်သမားတွေအနေနဲ့ ခွင့်တိုင်ကြားပါက ပေးဖို့နဲ့ ခွဲခြားဆက်ဆံတာ မလုပ်ဖို့၊ အော်စူပါ၊ စူပါတွေက သတ်မှတ်စံချိန်မရပါက ဆဲဆိုအော်ဟစ်တာ မလုပ်ဖို့၊ အသက်မပြည့်သေးတဲ့ အလုပ်သမားတွေကို လူကြီးအလုပ်သ မားတွေတန်းတူ မခိုင်းဖို့၊ မဆဲဖို့၊ အလုပ်သမားတွေကို ပေးတဲ့အထည်ကြေးကို ပွင့်လင်းမြင်သာအောင် ချပြဖို့နဲ့ အလုပ်သမားတွေဆီက အထည်ကြေး ခေါင်းပုံမဖြတ်ဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။ 

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026