NEWS

လုပ်ငန်းခွင်အတွင်းအလုပ်မလုပ်ဘဲ ဆန္ဒဖော်ထုတ်ပြီးနောက် ဆင်ဖြူတော် အထည်ချုပ်ကလုပ်သား ၅၀၀ ကျော်လုပ်အားခအပြည့်ပြန်ရဟုဆို

CoverLogo
1.4K Views

မတ်လက လုပ်ခဲ့တဲ့လုပ်ခလစာကိုစက်ရုံဖက်ကဝန်ထမ်းတွေရဲ့လစာထုတ်ရက်ရောက်မှ ၃၅ ရာခိုင်နှုန်းသာပေးတော့မယ်လို့ပြောလာတဲ့အတွက်ဆင်ဖြူတော်(C.K.J Myanmar)အထည်ချုပ်စက်ရုံကအလုပ်သမား၅၀၀ ကျော်ဟာ လုပ်ငန်းခွင်မဝင်ပဲ ၂ ရက်တာဆန္ဒပြနေရာကနေ ဒီကနေ့ဧပြီ ၇ ရက်နေ့မှာပဲလုပ်အားအပြည့်အဝပြန်လည်ရရှိသွားပြီလို့သိရပါတယ်။

အဆိုပါစက်ရုံဟာကိုရီးယားလူမျိုးတဦးလုပ်ကိုင်နေတဲ့အထည်ချုပ်စက်ရုံဖြစ်ပြီးရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သမဝါယမှတ်တိုင်အနီးမှာလုပ်သား ၅၀၀ နီးပါးနဲ့လည်ပတ်နေတဲ့စက်ရုံတခုဖြစ်ပါတယ်။

"သူတို့ဖက်ကကျန်တာကိုဘယ်နေ့ဘယ်ရက်ပေးပါမယ်လို့အစောကြီးထဲကပြောရင်ဒါမျိုးမဖြစ်ဖူးလစာထုတ်ရက်မှ ၃၅ ရာခိုင်နှုန်းပဲပေးနိုင်မယ်ပြောလို့ဖြစ်ရတာခုတော့လစာအပြည့်ပြန်ရပါပြီ"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

လုပ်ခလစာဖြတ်တောက်ခံရတဲ့အပေါ်အလုပ်သမားတွေဖက်ကလုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေတဲ့အပေါ်မှာလဲစက်ရုံဖက်ကအလုပ်သမားတွေကိုခြိမ်းခြောက်နေတာတွေရှိခဲ့တဲ့အပြင်ဆန္ဒပြတဲ့ရက်တွေအတွက်လုပ်ခလစာမပေးဖူးလို့ပြောခဲ့တာတွေရှိတယ်လို့လဲအလုပ်သမားတွေကပြောပါတယ်။

"နင်တို့ကိုဒေးကြေးကျွမ်းကျင်ကြေးတွေဖြတ်ပစ်မယ်ပြောတယ် ကျမတို့ကတော့အရင်လစာတောင်မရှင်းသေးတာဘာလို့လုပ်ရမှာလဲဆိုပြီးတော့ကိုပေပြီးဆန္ဒပြခဲ့တာ အဲ့ဒါဖြတ်လားမဖြတ်လားနောက်လစောင့်ကြည့်ရမှာပေါ့"လို့အလုပ်သမားတဦးကထပ်ပြောပါတယ်။

အဆိုပါစက်ရုံမှာသမဂ္ဂရှိပေမယ့်ယခုလက်ရှိအနေအထားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ပါက ဘယ်လိုမှကူညီခွင့်မရဖြစ်နေတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

လက်ရှိအနေအထားမှာတော့ဆင်ဖြူတော် အထည်ချုပ်စက်ရုံမှလုပ်ခလစာအပြည့်မပေးချေနိုင်တဲ့အတွက်တခြားစက်ရုံတခုမှဝန်ထမ်းလစာငွေအကူအညီပေးမယ်လို့ကြားသိနေရပေမယ့်အလုပ်သမားတွေအနေနဲ့စက်ရုံဖက်ကအပြည့်ပေးချေမှု့ရှိမရှိကိုလက်ရှိအချိန်အထိလုပ်ငန်းခွင်မဝင်သေးဘဲ ဆက်လက်စောင့်ကြည့်ခဲ့ပြီးတော့ဒီကနေ့ညနေပိုင်းမှာပဲလစာအပြည့်အဝရရှိခဲ့တာလို့သိရပါတယ်။

ဆင်ဖြူတော်(CKJ) အထည်ချုပ်စက်ရုံဟာ Export အထည်တွေ၊အပါးထည်တွေချုပ်လုပ်ပြီးစျေးကွက်ကိုပြန်လည်တင်ပို့နေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026