NEWS

လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေဟုဆို

CoverLogo
2K Views

လုပ်ငန်းခွင်အတွင်းမှာ အလုပ်ချိန် ၈ နာရီခွဲကနေ ညနေ ၅ နာရီအထိ အလုပ်လုပ်ကိုင်နေရပေမယ့် လစာဖြတ်တောက်မှုတွေပြုလုပ်ပြီး လူမှုဖူလုံရေး အကျိုးခံစားခွင့်မရရှိတာ တနင်္ဂနွေအိုတီဆင်းခိုင်းပြီး လုပ်အားခမပေးတာ ဥပဒေပါ ခွင့်ခံစားခွင့်တွေ မရရှိတာ အစမ်းခန့်ကာလကို ၆ လအထိ ထားရှိတာတွေအပါအဝင် အလုပ်သမားဥပဒေပါ အခွင့်အရေးများချိုးဖောက်ခံနေရတယ်လို့ လှိုင်သာယာ ရွှေသံလွင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Win Shwe Wah Trading CO,LTD  ဝန်ထမ်းတွေက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ ရုံးချုပ် ဖွင့်လှစ်ထားကာ အဆိုပါကုမ္ပဏီသည် လယ်ယာသုံး စက်ပစ္စည်း ရောင်းဝယ်ရေး ပြုလုပ်တာဖြစ်ပြီး  အလုပ်သမား (၁၅၀)ကျော်ဖြင့်လုပ်ငန်းလည်ပတ်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်ချိန် တစ်နေ့ကို ၈ နာရီ ခွဲ ဆင်းရပြီး လစာ ၃ သိန်းအောက်ဝန်ထမ်းကို ၈၀ ရာခိုင်နှုန်း၊ ၃ သိန်းအထက်ကို ၇၀ ရာခိုင်နှုန်း သာပေးချေနေတာဖြစ်ပြီး HR က ၉၀ ရာခိုင်နှုန်း သတ်မှတ်ထားလို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားတွေက ပြောဆိုပါတယ်။

“သူဌေးကနိုင်ငံခြားခဏသွားနေလို့HR နဲ့ GM နဲ့ကလုပ်ချင်တိုင်းလုပ်နေပြီး၊ သူတို့ လစာဖြတ်ချင်တဲ့သူဖြတ် အပြည့်ပေးချင်တဲ့သူပေးပြီး၊အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံခြင်း ပြုလုပ်နေပါတယ်" လို့ အဆိုပါ ကုမ္ပဏီက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း လူမှုဖူလုံရေးကြေးများ ဖြတ်တောက်ထားပေမယ့် လူမှုဖူလုံရေးဆေးခန်းမှာ ပြသဖို့ အခက်တွေ့နေရတယ်လို့ လည်း ဆိုပါတယ်။

“အရောင်းTergetတွေသတ်မှတ်ထားပြီးအရောင်းTerget၅၀ရာခိုင်နှုန်းမပြည့်ရင်လစာအပြည့်မပေးဘူးပြောပါတယ်။Tergetလိုတဲ့ဝန်ထမ်းကျထပ်မဖြည့်ပေးဘဲ၊ အကြွေးနဲ့အရစ်ကျအရောင်းပိတ်ထားတော့ Sale Terget ကမပြည့်ဘူးဖြစ်နေပါတယ် ဒီအခြေအနေကြောင့်အလုပ်ချိန်အပြည့်တက်ပြီး၊ လစာကျ၂၀% ၃၀%အလျော့ခံရခြင်း၊ ရုံးတက်လက်မှတ်ထိုးရက်နဲ့တောင် သူတို့ အလုပ်ကိစ္စနဲ့အပြင်သွားလို့သူတို့မမြင်မိတာကို လစာဖြတ်‌တောက်ခံရတယ်” လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အစမ်းခန့်ဝန်ထမ်းများကို ၃ လကနေ ၆ လအထိ အတည်ခန့်အပ်ခြင်းမပြုဘဲ ထားတာ တနင်္ဂနွေပိတ်ရက်ကိုလည်းOTကြေးမပေးဘဲထမင်းဖိုးဆိုပြီး၂၅၀၀ ကျပ်၃၅၀၀ကျပ်ပဲပေးပြီး၊ ခိုင်းစေနေတယ်လို့ သိရပါတယ်။

“HR ကသူအဆင်မပြေတဲ့အလုပ်သမားဆိုရင်အလုပ်ထုတ်ချင်ရင်လျော်ကြေးပေးရမှာကြောက်ပြီး အလုပ်သမားထွက်စာမတင်မချင်းကိုဖိအားပေးပါတယ်။ ဖိအားမခံနိုင်လို့ အလုပ်ကထွက်သွားကြသူအများကြီးပဲ” လို့ ယင်းကုမ္ပဏီမှဝန်ထမ်းတစ်ဦးက ပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ဉပဒေပါ ခံစားခွင့်တွေ အတိုင်း ခွင့်များရရှိလိုတာ ဉပဒေမဲ့ လစာဖြတ်တောက်မှုတွေ မပြုလုပ်ဖို့ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတာတွေ ရှောင်ရှားဖို့နဲ့ အိုတီဆင်းရတဲ့ လုပ်အားခများကို စနစ်တကျပေးချေဖို့ လိုလားနေတယ်လို့ သိရပါတယ်။


 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026