NEWS

လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ Dishang Fashion Garment အလုပ်သမားတွေ ပြော

CoverLogo
1.8K Views

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထပ် ပိုတဲ့ စံချိန်တွေ သတ်မှတ်တောင်းဆိုပြီး စံချိန်မပြည့်ပါက သတိပေးလက်မှတ်ထိုးခိုင်းတာ ဉပဒေပါခွင့်တွေ ခံစားခွင့်မပေးဘဲ အဆိုပါရက်တွေမှာ စံချိန်ပြည့်အောင် ဖြည့်ပေးရတယ်လို့ Dishang Fashion Garment  အလုပ်သမားတွေက ပြောဆိုပါတယ်။

Only , Pimkie, စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမား ၁၂၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြိုု့နယ် ရွှေသံလွင်စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာရှိပြီး စက်ရုံမှာ တရုတ်နိုင်ငံသားတွေက အလုပ်သမားတွေကို တိုက်ရိုက် ခိုင်းစေတာ ခြေထောက်ဖြင့် ထိုးပြပြီး ခိုင်းစေတာ တွေနဲ့ စူပါ လီဒါတွေကလည်း ညစ်ညမ်းစွာဆဲဆိုတာတွေ ကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။

" မြန်မာနိုင်ငံရဲ့ ဉပဒေအရ တခြားနိုင်ငံသားက အလုပ်သမားကို တိုက်ရိုက်ခိုင်းစေခွင့်မရှိဘူး ပြီးတော့ ခြေထောက်နဲ့ ညွှန်ပြပြီး ခိုင်းတာက ဒီမှာအရမ်းရိုင်းတယ်လေနော် အလုပ်ရှင်ဆိုပြီး ရိုင်းလို့မရဘူးလေ လိုင်းစူပါတွေ ကတော့ ညစ်ညစ်ညမ်းညမ်းကို ဆဲတာ သူတို့ကျတော့ မြန်မာတွေလေ ဘယ်ကိုသွားတိုင်ရမလဲ" လို့ စက်ရုံကအမည်မဖော်လိုတဲ့အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန် အဆမတန်တိုးတောင်းကာ မပြည့်ရင် သတိပေးလက်မှတ်ထိုးခိုင်းပြီး ခွင့်မပေးတာ ခွဲခြားဆက်ဆံတာတွေ ညစ်ညမ်းစွာဆဲဆိုတာတွေအပြင် အလုပ်နားချိန်မှာ အစည်းအဝေးခေါ်တာ အလုပ်သမားတွေကို အပြစ်ပေးရာမှာ EC Contract ပါ အချက်တွေအတိုင်းမဟုတ်ဘဲ တစ်ဖက်သက်အပြစ်ပေးတာတွေ ပြုလုပ်တာတွေကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပြုပြင်ပေးစေလိုတယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026