NEWS

လုပ်ခလစာပေးချေရာမှာ နှစ်ကြိမ်ခွဲပေးနေလို့ အလုပ်သမားတွေအခက်ကြုံနေ

CoverLogo
445 Views

စက်ရုံအလုပ်သမားတွေက တရုတ်အမျိုးသမီးက ဆဲဆိုတာ၊ တိုက်ရိုက်အုပ်ချုပ်တာ မလုပ်ဖို့၊ အလုပ်သမားတွေဆီက ဖြတ်ထားတဲ့ပိုက်ဆံတွေကို ကျန်ရှိတဲ့ အလုပ်သမားတွေကိ အမြန်ပေးဖို့၊ ဥပဒေအတိုင်း ခွင့်ခံစားခွင့်ပေးဖို့၊ အလုပ်သမားလစာကို အပြည့်အဝပေးဖို့၊ အောစူပါ၊ စူပါတွေက တစ်ကဒ်ကြေးပေးရာမှာ ဘက်မလိုက်ဖို့နဲ့ လုပ်ခလစာကို တစ်ဝက်စီ ခွဲမပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။ 

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ် ၊ ရွှေသံလွင် စက်မှုဇုန်၊ ချင်းတွင်းလမ်းမှာ ဖွင့်လှစ်ထားတာပါ။ လုပ်သားအင်အား (၅၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပြီး AMISU အမှတ်တံဆိပ် ဘောင်းဘီတွေ ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ စက်ရုံမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်ရှင်က အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

စက်ရုံမှာ အထည်စံချိန်တွေကို အဆမတန်လည်း တောင်းခံနေပြီး လူ(၃၀)ရှိတဲ့ စက်လိုင်းတစ်လိုင်းကို တစ်နာရီမှာ လိုင်းပေါက်အထည် ဘောင်းဘီ (၅၀) အထိ တောင်းခံနေပါတယ်။ 

ဒီလို အထည်စံချိန် ပြည့်မီရေးအတွက် စက်လိုင်းထဲမှာ အော်စူပါ၊ စူပါတွေက အော်ဟစ်ဆဲဆိုနေသလို တရုတ်အမျိုးသမီးကလည်း အထည်စံချိန်မပေးနိုင် ရင် ဆဲဆိုပြီး တိုက်ရိုက်အုပ်ချုပ်နေပါတယ်။ 

“ကျွန်မတို့က ဒေးကြေးရယ်။ ထောက်ပံ့ကြေး (၇၀၀၀)ကျပ်ရယ် အချိန်ပိုအိုတီကြေး (၁၇၀၀) ကျပ်ပဲ ရပါတယ်၊ တစ်ခြားဘာကြေးမှ မရှိပါဘူး။ နောက်ဥပဒေအတိုင်းလည်း ခွင့်မရပါဘူး။ နေထိုင်မကောင်းလို့ တစ်ရက်ပျက်ရင် ဒေးကြေး၊ တစ်ကတ်ကြေးအပါ လေးသောင်းလောက် အဖြတ်ခံရပါတယ်။ အခုဆို အလုပ်ရှင်က (၁၀)လပိုင်တုန်းက လစာကို ပိုက်ဆံမရှိလို့ဆိုပြီး (၁၅) ရက်တစ်ခါစီ ပေးနေပါတယ်။ စက်ရုံမှာရှိတဲ့ WCC ကော်မတီကလည်း အလုပ်ရှင်ဘက်ကိုပါပြီး အဖြတ်ခံရတဲ့ငွေတွေကို ပြန်ပေးဖို့နေနေသာ လစာပေးဖို့တောင် မရှိဘူး။ နင်တို့အကြွေးတွေလည်း ခေါင်းထဲမရှိဘူးဆိုပြီး ပြောပါတယ်”လို့ အလုပ်သမားက ပြောပါတယ်။ 

တရုတ်နိုင်ငံသားပိုင် Myanmar Jiale Fashion Co..Ltd မှာ စစ်အာဏာစသိမ်းကတည်းက ငွေသွင်း၊ ငွေထုတ် ခက်ခဲတာကို အကြောင်းပြကာ အလုပ်သမားတွေရဲ့ တစ်ကဒ်ကြေး (အထည်ကြေး) ဖြတ်တောက်တာကို လုပ်ဆောင်နေပါတယ်။ 

“စစ်ကောင်စီက အာဏာစသိမ်းကတည်းက ငွေသွင်းငွေထုတ် အဆင်မပြေလို့ဆိုပြီး အလုပ်သမားတွေရဲ့ တစ်ကဒ်အထည်ကြေး ပိုက်ဆံကို တစ်လအနည်းဆုံး တစ်သောင်းဖြတ်ပါတယ်။ ကျွန်မတို့ချုပ်တာ အထည်ကြေး တစ်သိန်းရရင် (၅၀) ရာခိုင်နှုန်းပဲ ထုတ်ပေးပါတယ်။ နောက်အထည်ကြေးက သိန်းကျော်တာတွေကို အလုပ်သမား ကို (၄၀) ရာခိုင်နှုန်း၌ ထုတ်ပေးပြီး (၆၀) ရာခိုင်နှုန်းကို အလုပ်ရှင်က ယူထားပါတယ်။ ဒီလိုလုပ်နေတာ အခုဆို သုံးနှစ်ကျော်သွားပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈) ရက်ကတော့ အလုပ်ရှင်က ပေးဖို့ကျန်နေတဲ့ ပိုက်ဆံတွေ ပေးမယ်ဆိုပြီး အလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းပါတယ်။ အလုပ်ထွက်မယ့်သူတွေက ဘယ်အချိန် လာထုတ် ရမလဲ။ လူစားထုတ်လို့ရလားမေးတော့ စက်ရုံဘက်က နိုင်ငံခြားသွားတာ မဟုတ်လို့ လွှဲစာနဲ့ ထုတ်မပေးဘူးလို့ ပြောပါတယ်။ ထုတ်ရမယ့်ရက်ကို ဖုန်းဆက်မယ်ပြောဆိုပြီး အခုထိမရသေးပါဘူး”လို့ စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာတော့ စက်ရုံအလုပ်သမားတွေဟာ သုံးနှစ်ကျော် ဖြတ်တောက်ခံထားရတဲ့ အထည်ကြေးတွေ စက်ရုံဘက်က ပြန်ထုတ်ပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။ 

လက်ရှိမှာ အလုပ်ရှင်ရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို စက်ရုံအလုပ်သမားတွေက ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026