NEWS

လုပ်ခလစာတိုးပေးဖို့ဆန္ဒပြတဲ့ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံက အလုပ်သမားတွေနဲ့အလုပ်ရှင်တို့ ပြေလည်မှုရရှိ

CoverLogo
609 Views

ရွှေပြည်သာမြို့နယ်  သာဓုကန်စက်မှုဇုန် ပုလဲလမ်းရှိ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံက  အလုပ်သမား ၂ထောင်ခန့်ဟာ  လုပ်ခလစာတိုးမြှင့်ပေးဖို့ စက်ရုံတွင်းဆန္ဒပြ တောင်းဆိုခဲ့ရာက အလုပ်ရှင်နဲ့ညှိနှိုင်းပြေလည်မှုရရှိခဲ့ပြီလို့  သိရပါတယ်။  

"ကျွန်မတို့ပြေလည်မှုရခဲ့ပါပြီ။ မနေ့ကညနေ၄နာရီကညှိပါတယ်။ အလုပ်သမားဝန်ကြီးကလည်း စက်ရုံကိုရောက်လာတယ်။ ညှိတော့ အလုပ်ရှင်ပေးတဲ့ ၈၈၀၀ နဲ့ပဲ အချိန်ပိုတစ်နာရီ ၂ထောင်ရယ် ရက်မှန်ကြေးကိုတော့ အလုပ်ရှင်မူလပေးတာထက်တစ်သောင်း တိုးပြီး ၃သောင်းပေးလိုက်တယ်။ အလုပ်ရှင်က ဒီလောက်ပဲပေး နိုင်မယ်။ ဒါတောင်များလှပြီပြောတယ်။  ဒါမှမကျေနပ်ဘူးလက်မ ခံနိုင်ဘူးဆိုရင် အလုပ်ထွက်။ လက်မခံတဲ့သူစာရင်းကောက်ယူတယ် အလုပ်သမားတွေအားလုံးကျေနပ်လိုက်ကြတယ်။ လူကြီးတွေရှေ့ မှာပဲစာချုပ်တစ်ခါတည်းချုပ်ပေးလိုက်တယ်" လို့ အလုပ်သမားတွေက ဆိုပါတယ်။ 

အဆိုပါစက်ရုံဟာ  တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ  အလုပ်သမား ၂ထောင်ခန့်နဲ့လည်ပတ်နေကာ  လည်သာပိုက်ဆံအိတ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။  

အလုပ်သမားတွေဟာ ထောက်ပံ့ကြေးနဲ့ဒေးကြေးအပါ  ၇၈၀၀ ကျပ် အချိန်ပိုကြေး ၁၇၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၂ သောင်းဖြင့် လုပ်ကိုင်နေတာဖြစ်ပြီးအခြားစက်ရုံတွေက တစ်နေ့လုပ်ခတိုးမြင့်ပေးလို့ စက်ရုံမှာလည်းဒေးကြေး တစ်သောင်းကျပ် အချိန်ပိုကြေး ၂ထောင်နဲ့ ရက်မှန်ကြေး ၄သောင်း ပေးဖို့ WCC မှတစ်ဆင့် အလုပ်ရှင်ထံသို့ တောင်းဆိုခဲ့ကြပေမဲ့လည်း  အချိန်ဆွဲနေတာတွေကြောင့်  အလုပ်သမား ၂ထောင်ခန့်က မတ်လ ၁၀ ရက်နဲ့ ၁၁ရက်နေ့တွေမှာ  စက်ရုံတွင်း မီးပိတ်ဆန္ဒပြတောင်းဆိုမှုကို ပြုလုပ်ခဲ့ပြီးအလုပ်ရှင်အလုပ်သမားနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ ညှိနှိုင်းချက်အရ ထောက်ပံ့ကြေးအပါ ဒေးကြေး ၈၈၀၀ကျပ် ၊ တစ်နာရီအိုတီ ၂ထောင်ကျပ်နဲ့ ရက်မှန်ကြေး ၃သောင်းကျပ်ဖြင့် အလုပ်သမားတွေလက်ခံကာ မတ်လ ၁၁ရက်ညနေပိုင်းက ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံဟာ ယခင်ကခွဲခြားဆက်ဆံတာတွေလည်းရှိခဲ့လို့ တိုင်ကြားခဲ့ဖူးသလို နေ့စားအလုပ်သမားအဖြစ် တစ်နှစ်ကျော်အထိ ခိုင်းစေခဲ့လို့ တိုင်ကြားခံခဲ့ရတာလည်းရှိပါတယ်။  

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026