NEWS

လုပ်ခ လစာဖြတ်တောက်မှုနဲ့ ရှောင်တခင်ခွင့်ခံစားခွင့်မရတဲ့အပေါ် ဖြေရှင်းပေးစေလို

CoverLogo
799 Views
 
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အနော်ရထာလမ်းနဲ့ ဧရာဝတီလမ်းထောင့် မှာဖြစ်လှစ်ထားတဲ့ Myanmar Fortress Wealth Garment ဟွာဖု (မြန်မာ) အထည်ချုပ်အလုပ်သမားတွေပါ။
 
စက်ရုံမှာ အလုပ်သမား ၁၃၀၀ ကျော်နဲ့ PORT AUTHORITY အမှတ်တံဆိပ်အထည်တွေချုပ်တာပါ။ လုပ်ငန်းခွင်မှာ သမဂ္ဂတော့မရှိပါဘူး၊ WCC တော့ရှိပါတယ်။
 
Myanmar Fortress Wealth Garment ဟွာဖု (မြန်မာ) အထည်ချုပ် စက်ရုံသည် Dishang Group ထဲက စက်ရုံတရုံဖြစ်ပါတယ်။
 
တိုင်ကြားလိုတဲ့အချက်ကတော့ ရှောင်တခင်ခွင့်မရတာပါ၊ ရှောင်တခင်ခွင့်ဆိုတာ အလုပ်သမားဥပဒေအရ အရေးပေါ် အကြောင်းကိစ္စ ရှိလို့ တိုင်ရတဲ့ခွင့်မျိုးပါ ။
 
ဒါကို လည်း စက်ရုံဘက်က ခွင့်ပြုထားပါတယ်။အရေးပေါ်တခုခု ဖြစ်လို့ ရှောင်တခင်ခွင့် ယူရင် စက်လိုင်းအလိုက် စူပါ ၊ လီတာတွေကို ဖုန်းဆက်ပြီးခွင့်တင်ဖို့ ပြောထားပါတယ်။
 
တကယ်တမ်းဖုန်းဆက်ပြီးခွင့်တိုင်ရင် စူပါတွေ လီတာတွေက ဖုန်းမကိုင်ပါဘူး။ ဖုန်းမကိုင်တဲ့အတွက် တရုံထဲလုပ်တဲ့ သူငယ်ချင်းတွေကတဆင့် ခွင့်တင်ပေမယ့် ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး ရက်မှန်ကြေးနဲ့ ဒေးကြေး စုစုပေါင်း ၄၀၀၀၀ ကျော်လောက် အဖြတ်ခံရပါတယ်။
 
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာမှုတွေရှိတဲ့အတွက် ခွင့်ကိစ္စတာဝန်ယူတဲ့ ကြီးကြပ်သူတွေအနေနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။
 
ခွင့်ဖြင့်ပျက်လျင် ရက်မှန်ကြေးက အဖြတ်ခံရပြီးသားဖြစ်ပါတယ်။ ခွင့်မပေးတော့ ဒေးကြေး ပါအဖြတ်ခံရပါတယ်။ ထို့တွက်ကြောင့် တစ်ရက်ပျက်လျှင် ၄၀,၀၀၀ ကျော် အဖြတ်ခံရပါတယ်။
 
လုပ်ငန်းခွင်မှာ အထည်စံချိန်းများကိုလည်း စက်ရုံဘက်မှ လိုင်းအလိုက်ရှိတဲ့ အလုပ်သမားထက် ပိုမိုတောင်းခံပြီး မရလျင် ဖိအားပေးခိုင်းစေတာ လုပ်ပါတယ်။
 
စက်ရုံထဲမှာ အသက်မပြည့်ကလေးလုပ်သားတွေရှိသလို လူငယ်လူရွယ်လုပ်သား များစွာ ခေါ်ယူလုပ်ကိုင်နေတာပါ။
နောက်တစ်ခုကတော့ စနေ့နေ့ ဆို အလုပ်ချိန်က နေ့တဝက်ဖြစ်ပါတယ်။
 
ကျန်နေ့တစ်ဝက်က အချိန်ပို ဖြစ်ပါတယ်။ အချိန်ပိုမဆင်းနိုင်သဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်သည့်အလုပ်သမားများကို စက်ရုံဘက်မှ အလုပ်ချိန် ၈ နာရီအပြည့်မဆင်းလို့ဆိုကာ တစ်လလုံး တနင်္ဂနွေနေ့ ၄ ပတ်ရှိလျင် စက်ရုံထောက်ပံ့ကြေး ၄၂၀၀ ကျပ်ကို တနင်္ဂနွေနေ့ ၄ ရက်ကို ဖြတ်တောက်ပါတယ်။
 
အလုပ်သမားများ အနေဖြင့် အလုပ်ချိန်ကို အပြည့်အဝ ဆင်းခဲ့ပြီးဖြစ်ပါတယ်။ ဒါကို စက်ရုံမန်နေဂျာနှင့် စက်ရုံတာဝန်ရှိသူများမှ စနေနေ့ကို အလုပ်ချိန် ၈ နာရီ အပြည့်မဆင်းလို့ဆိုကာ တစ်လလုံးရှိ တနင်္ဂနွေပိတ်ရက်များကို စက်ရုံထောက်ပံ့ကြေးကို ဖြတ်ပါတယ်။
 
အလုပ်သမားများအနေဖြင့် စနေနေ့ကို အလုပ်ချိန်အပြည့်အဝဆင်းပေးခဲ့ပြီး အချိန်ပို မဆင်းခဲ့တာ ဖြစ်ပါတယ်။ တပတ်လုံးတွက်အလုပ်ချိန်လည်းပြည့်မီခဲ့ပါတယ်။ စက်ရုံဘက်မှ စနေ့နေ့ အချိန်ပိုမဆင်းလို့ အလုပ်ချိန်မပြည့်ဘူးဆိုလျင်
၎င်းတစ်ပတ်တွက်ပဲမပြည့်ဖြစ်မည်ဖြစ်ပါတယ်။
 
ကျန် အပတ်တွေတွက် ဖြတ်စရာမလိုပါဘူး။ စက်ရုံမှ မန်နေဂျာနှင့် စက်ရုံတာဝန်ရှိသူများသည် ရှောင်တခင်ခွင့်တင်တော့လည်း အလုပ်သမားဥပဒေနှင့် ညီပါလျက်နဲ့ ခွင့်မပေးခြင်း၊ အလုပ်ချိန်ပြည့်မီ ပါသော်လည်း လုပ်အားခကို ခေါင်းပုံဖြတ်ခြင်း၊ စက်ရုံတာဝန်ရှိသူများသည် အလုပ်သမားဥပဒေများကို လေးစားမှုမရှိခြင်း၊ မလိုက်နာခြင်းဖြစ်ပါတယ်။
 
ထို့အပြင် အလုပ်သမားများအပေါ် အဓမ္မခေါင်းပုံဖြတ် နေခြင်းဖြစ်ပါတယ်။ ထို့တွက်ကြောင့်မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ထံမှတဆင့် အကူညီပေးပါရန် တိုင်ကြားအပ်ပါတယ်။
 
အလုပ်သမားတောင်းဆိုချက်များမှာ-
၁။ စနေနေ့ အချိန်ပိုမဆင်းသဖြင့် စက်ရုံထောက်ပံကြေး ၄၂၀၀ ကျပ်ကို ဖြတ်တောက်ခဲ့သည်များကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန်။
၂။ အထည်စံချိန်များကို အလုပ်သမားအရေးအတွက်ပေါ်မူတည်၍ မျှတစွာတောင်းပေးရန်။
၃။ ရှောင်တခင်ခွင့်ကို အလုပ်သမားဥပဒေနှင့် အညီလက်ခံပေးသွားရန် တောင်းဆိုပါတယ်ရှင့်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026