NEWS

လက်ဝါးအထည်ချုပ် စက်ရုံ ၁ HR မန်နေဂျာ ဝန်ထမ်းမှ တဆင့် ငွေတိုးချေး၊ ဝန်ထမ်းထွက်ပြေး၍ ချေးငွေမယူဘဲ နာမည်ပါသူတွေအား လစာမှ ဖြတ်ယူမည်ဆို

CoverLogo
445 Views
Myanmar Labour News ရှင့်။
ဘယ်သူကို အကူညီတောင်းရမှန်း မသိလို့ပါ။
လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် ၃ က လက်ဝါးအထည်ချုပ် စက်ရုံ ၁ မှာ လုပ်ကိုင်နေတာပါ။ ညီမတို့စက်ရုံမှာ ငွေတိုးပေးစားပါတယ်။ HR ဝန်ထမ်းတွေမှ တဆင့် ချေးငွေ ထုတ်ပေးတာ ပါ။
 
အခု HR Manager ကနေ ငွေထုတ်ပေးတဲ့ HR ဝန်ထမ်းက တိမ်းရှောင်နေပါတယ်။ ဒါပေမဲ့ သူလာပြတဲ့ စာရင်းထဲမှာ ချေးငွေမယူတဲ့သူတွေရဲ့ နာမည်တွေပါနေပါတယ်။ညီမတို့ တစ်ကြိမ်တစ်ခါမှ မချေးဘူးပါဖူး။ တခြားHRဝန်ထမ်းမှလဲ လက်မှတ်လိုက်ထိုးခိုင်းပါတယ်။
 
နာမည်ပါနေတဲ့ သူတွေကလည်း သေချာနားမလည်ပဲ ထိုးပေးလိုက်ကြပါတယ်။ လက်မှတ်မထိုးတဲ့ သူတွေကိုလည်း ထိုးထိုး၊ မထိုးထိုး လစာထုတ်ရင် လစာဖြတ်မှာလို့ပြောနေလို့ပါ။ တ‌ဦးခြင်း ထုတ်ထားတဲ့ ငွေပမာဏတွေက အများကြီးပါ။အတိုး အရင်း ၃ သိန်းလောက် ဖြတ်မှာပါ။ သေချာမေးတော့ လက်မှတ်ထိုးပြီးလို့ မဖြစ်မနေ ပေးရမယ် ပြောနေပါတယ်။
လစာထုတ်ရင် လစာထဲက အကုန်ဖြတ်မယ်ပြောတယ်။
 
လိမ်လည်သူက တိမ်းရှောင်‌နေတာ၊ ချေးငွေ မယူတဲ့ အလုပ်သမားတွေအတွက် အများကြီးနစ်နာရပါတယ်။ တယောက်ခြင်းဆီ ခေါ်ပြီး သေချာမေးမြန်းပြီး မှ လက်မှတ်ထိုးခိုင်းသင့်ပါတယ်။ တရားဝင်ချေးငွေလုပ်ငန်းလဲ မဟုတ်ပဲနဲ့ရှင်။ လုပ်ငန်းခွင်ထဲမှာ ငွေတိုးပေးစားတာ တရားဝင်ပါသလား။ ကုန်အမှတ်တံဆိပ်တွေ လိုက်နာရတဲ့ ETI ရဲ့ ကျင့်ဝတ်နဲ့ ညီပါသလား။
 
ခုဟာက Manager က သူရဲ့ HR၀န်ထမ်းကို သူဘာသာ ပိုက်ဆံထုတ်ပေးတာ ။ကျွန်မတို့ လက်နဲ့ ရုံးပေါ် တက်ယူထားတာလည်း မဟုတ်။ နာမည် စာရင်းတင်ထားတာနဲ့ ခုလိုမျိုး မလုပ်သင့်ဘူး ရှင့်။ နစ်နာသူ အလုပ်သမားက ၃၀ ကျော် ၊ ၄၀ ဝန်းကျင်ရှိပါတယ်။ တစ်ရုံလုံးလို ခန့်မှန်းလို့ မရပါဘူး။
 
HR Manager က ပြောတာက အလုပ်သမား တယောက်ကို အရင်း ၂ သိန်းခွဲစီကို နာမည်တွေနဲ့ ထုတ်သွားတာတဲ့။လောလောဆယ်တော့ HR ဝန်ထမ်းမှာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ HR Manager က ထွက်ပြေးတဲ့ သူကို ခေါ်လာရင် ရှင်းပေးမယ်လို့ပြောတယ်။ မဟုတ်ရင် နာမည်ပါနေသူ အားလုံးကို လစာထဲက အကုန်ဖြတ်မယ်လို့ပြောပါတယ်။
ချေးငွေမထုတ်ထားပဲ ညီမ ပိုက်‌ဆံ အဖြတ်မခံနိုင်ပါဘူးရှင့်။
 
Manager က ငွေတိုးပေးစားတာမို့ အကုန်ရှုတ်နေတာပါ ရှင့်။ သူ့လက်အောက်ဝန်ထမ်း ထွက်ပြေးမှ လက်မှတ်အတင်းလိုက် ထိုးခိုင်းပြီး၊ နာမည်နဲ့ဘယ်လောက်ယူထားတယ်ပြောမှ ညီမတို့ သိရတာပါ။ ပိုက်ဆံထုတ်ပေးစဉ်ထဲက ချေးတဲ့သူတွေကို ခေါ်မေးရမှာပါ။ ရုံးပေါ် လူစုပြီးတက်ပြောကြတာ လစာထဲက ဖြတ်မယ်ပဲပြောနေပါတယ် ရှင့်။
 
ကူညီပေးစေချင်ပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026