NEWS

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပိုင်းမှာ တိုက်ပွဲပြင်းထန်ခြင်းကြောင့် MoU လုပ်သား၁၅၀၀ ခန့်ပိတ်မိနေ

CoverLogo
1K Views

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပိုင်းမှာ  တိုက်ပွဲများ ပြင်းထန်နေတာကြောင့်   ထိုင်းနိုင်ငံသို့ MoUစနစ်ဖြင့် သွားရောက်လုပ်ကိုင်မဲ့ မြန်မာအလုပ်သမားများ ၁၅၀၀ခန့်အထိ ပိတ်မိနေတယ်လို့  ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ သိရပါတယ်။

"' ဟုတ်တယ်။ ပိတ်မိနေကြတယ်။ ၁၅၀၀ လောက်ရှိပါတယ်။ ကျွန်တော့ဆီကတော့မပါသွားဘူး။ သတိပေးစာထုတ်ပီးနောက်မထွက်ကြဘူး အရင်ရက်ကတည်းကပိတ်မိနေတာ'' လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီမှ တာဝန်ရှိသူကဆိုပါတယ်။

အဆိုပါ အလုပ်သမားများတွေဟာ  တိုက်ပွဲစတင်ဖြစ်ပွားတဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှ စ၍ အာရှလမ်းမကြီး တလျှောက် ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့စတဲ့နေရာတွေ ပိတ်မိနေကြခြင်းဖြစ်ပြီးအဆိုပါ ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ  မြဝတီဘက်ခြမ်းမှ တဆင့်ထိုင်းနိုင်ငံရှိ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊  စိုက်ပျိုးရေး လုပ်ငန်းနဲ့ လူသုံးကုန် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရန် သွားရောက်ကြမဲ့လုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်ခြင်းနဲ့ပတ်သက်ပြီး အောက်တိုဘာ၁၈ရက်နေ့က မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင်ဖြစ်ပွားနေတ​​ တိုက်ပွဲကြောင့်  ကော့ကရိတ်နဲ့မြ၀တီကြားတွင်  လိုင်စင်ရအေဂျင်စီအချို့စေလွှတ်ခွင့်ရထားတဲ့  အလုပ်သမားများပိတ်မိနေတာတွေရှိနေပြီး ဘားအံနှင့်ကျုံဒိုးမြို့တို့မှာ စောင့်ဆိုင်းနေရတာတွေကြောင့်  အောက်တိုဘာ၁၉ရက်နေ့မှ အောက်တိုဘာ၂၁ရက်အထိ  ထိုင်းနိုင်ငံသို့စေလွှတ်ခွင့်ရထားတဲ့ လိုင်စင်ရအေ ဂျင်စီများအနေဖြင့် မြေပြင်အခြေအနေများကို သေချာစွာစုံစမ်းလေ့လာပြီးမှသာ ဆောင်ရွက်ရန် MOEAF က အောက်တ်ိုဘာ၁၉ရက်က ထုတ်ပြန်လိုက်တာပါ။

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား  အောက်တိုဘာ ၁၈ ရက်ညနေပိုင်းမှစတင်၍ စစ်ေကာင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ပေါ်နေတာကြောင့်  အာရှလမ်းမကြီးအား မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့အတွက်  မဲဆောက်မြို့ရှိ ထိုင်း-မြန်မာနယ်စပ်အမှတ်(၂) ချစ်ကြည်ရေးတံတားတွင်လည်း ကုန်တင်ယာဉ်အများအပြား ရပ်တန့်ထားရတယ်လို့  သိရပါတယ်။

MyanmarLabourNews
migrantworkers


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026