NEWS

မြန်မာအားသစ်မာန် ကားစက်ရုံ လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုမှုပြုလုပ်၊ စစ်တပ် ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်း

CoverLogo
1.5K Views

သာဓုကန်စက်မှုဇုန်က မြန်မာအားသစ်မာန်ကားစက်ရုံ (Myanmar Arr Thit Man Motor Co.,Ltd ) ကပါ ဗျ။  ဝန်ကြီးဌာနက အခြေခံလုပ်ခလစာတိုးပေးတာ အခြေခံလစာ ၄၈၀၀ ရတဲ့သူတွေပဲ အကျုံးဝင်ပြီး  ၄၈၀၀  အထက် ရတဲ့သူတွေအတွက်  အကျုံးမဝင်ဘူးလို့ စက်ရုံရဲ့ HR ဌာနက ပြောပါတယ်။  

ကျေနပ်ရင် လုပ်၊ မကျေနပ်ရင် လက်မှတ်ထိုးအလုပ်ထွက်ဆိုပြီး ရင့်ရင့်သီးသီးပြောပါတယ်။


အလုပ်သမားခေါင်းဆောင်တွေတော့  လစာတိုးပေးပါတယ်။ အဲဒီခေါင်းဆောင်ဆိုတာ WCC အလုပ်သမား ကိုယ်စားလှယ် ၃ ယောက်ပါ။ 


သူတို့ကို လစာတိုးပေးထားတဲ့အတွက် ဝန်ထမ်းတွေဘက်ကနေ ကူပြောပေး၊ ရပ်တည် ပေးတာလည်း မရှိပါဘူး။  အလုပ်သမားတွေကို ပြောဆိုတာက  HR လက်ထောက် ကိုမြတ်သူ ပါ။ 


ဒီနေ့ ဩဂုတ် ၃၀ ရက်မှာ စက်ရုံလုပ်သားအားလုံး လုပ်ခလစာတိုးမြှင်ဖို့ အလုပ်သမားခေါင်းဆောင် ၅ ယောက်က လွဲပြီး ကျန်အလုပ်သမားအကုန် ဆန္ဒပြကြပါတယ်။ အဲ့လို ဆန္ဒပြတဲ့အတွက် ညစာလည်း မကျွေးပါဘူး။


ပြီးတော့ “မနက်ဖြန် လုပ်နိုင်တဲ့သူလုပ်၊ မလုပ်နိုင်တဲ့သူ လက်မှတ်ထိုးပြီး ထွက်ပါတဲ့” အလုပ်သမားတွေ ဘာဆက်လုပ်ရမှန်း  မသိလို့ပါ။ ကူညီပေးစေလိုပါတယ်ဗျ။ 


အလုပ်သမားတွေက လုပ်ခ ၆၀၀၀၀ တိုးပေးဖို့အတွက် တောင်းဆိုကြတာပါ။ ဒါကလည်း လုပ်ငန်းခွင်အတွင်း ဒဏ်ကြေး ဖြတ်မှုတွေက လစာရဲ့လေး၊ငါးဆ အထိရှိပါတယ်။ ကားစက်ရုံ ဆိုတော့ တခါတလေ  လုပ်ငန်းပိုင်း ထိခိုက်မှုတွေ ရှိပါတယ်။  ကားတစ်ခုခု ထိခိုက်မှုဖြစ်ရင် ကာလတန်ဖိုးအတိုင်းပေးလျှော်ခိုင်းပါတယ်။


ကုန်စျေးနှုန်း အရမ်းတက်တဲ့တွက် ရတဲ့လုပ်ခလစာနဲ့  ရပ်တည်ဖို့က ခက်ခဲပါတယ်ဗျ။ အများနည်းတူ  လုပ်ခရချင်တာပါ။  
အခုကာလမှာ အလုပ်ကိုင်ရှားပါး၊ ကုန်စျေးနှုန်းလည်း မြင့်တော့  ဝန်ထမ်းအတော်များများက အလုပ်ပြုတ်မှာ လည်း ကြောက်နေကြတယ်။


အလုပ်သမားခေါင်းဆောင်တွေကလည်း ရပိုင်ခွင့်တခုတည်း ကြည့်ပါတယ်။ ခုညနေ  ဝန်ထမ်းတွေ ဆန္ဒပြလိုတဲ့ ညနေစာ ချက်ပြီးထားတောင် မကျွေးခိုင်းပါဘူး။


အခုလည်း အလုပ်သမားခေါင်းဆောင်တွေက ခြိမ်းခြောက်နေပါတယ်။ အလုပ်သမား ခေါင်းဆောင်ရှိရင် ဝန်ထမ်းခေါ်ဖို့ လွယ်တယ်လို့ ပြောပြီး လက်ရှိ ပေးနေတဲ့ လုပ်ခလစာကို လက်ခံကြောင်း အတင်း လက်မှတ်ထိုးခိုင်း နေပါတယ်။


အလုပ်သမားတွေက ညှိုနှိုင်းပြီး လုပ်ပေးစေချင်တာပါ။  အခုက ကြေညာချက်မိတ္တူနဲ့ တိုးပေးတဲ့ လုပ်ခလစာက ၄၈၀၀ ရတဲ့သူနဲ့ပဲ ဆိုင်တယ်၊ ကျန်တဲ့သူနဲ့ မဆိုင်ဘူးဆိုပြီး ပြောနေတာပါ။ ကြိုက်တဲ့ နေရာတိုင်လို့လည်း ရင့်ရင်သီးသီး ပြောပါတယ်။ 


လုပ်ခတိုးလိုချင်ရင် အားလုံးကို ၆၈၀၀ နဲ့ပဲ တွက်ပေးမယ်၊ ကျန်တာမပေးဘူး။ဒါမှ မကျေနပ်ရင် အလုပ်ထွက်ကြ ဆိုပြီး ပြောပါတယ်။ အရမ်း နိုင်ထက်စီးလွန်း  နိုင်လွန်းတာပါ။ နိုင်ငံရေး  မကောင်းတာကို အခွင့်အရေးယူပြီး တခုခုဆို ကြိုက်တဲ့နေရာသွားတိုင်၊  မကျေနပ် ထွက်ကြ ၊ လျော်ကြေးတပြားမှ မပေးနိုင်ဘူးပဲ ပြောနေပါတယ်။ 


အရင်အပတ်တုန်းကလည်း စစ်ပွဲတွေရပ်ဖို့နဲ့ စစ်တပ်ကိုထောက်ခံပါတယ်ဆိုပြီး အတင်းအကျပ် လက်မှတ် ထိုးခိုင်းပါတယ်။  အလုပ်သမားတွေက ဘယ်သူမှ မထိုးတော့ ခေါင်းဆောင်ဆိုသူတွေ သူတို့ဘာသာ ထိုးလိုက် တယ်လို့တော့ ပြောပါတယ်။ သေချာတော့ မသိရပါဘူး။ အလုပ်သမားတွေ လက်မှတ်မထိုးတာတော့ သေချာ ပါတယ်။ 


တတ်နိုင်သလောက် ကူညီပေးကြပါဗျ။ တောင်းဆိုပါတယ်။ 


#Note (မြန်မာ အားသစ်မာန် စက်ရုံ (Myanmar Arr Thit Man Motor Co.,Ltd )က ကျောက်ဆည်မြို့ အခြေစိုက် ကြံနှစ်ကောင်  ဘိလပ်မြေစက်ရုံကိုလည်း ပိုင်ဆိုင်ထားပြီး လက်ရှိ စက်ရုံကတော  Changan မော်တော်ယာဉ် ထုတ်လုပ်နေတယ်လို့ သိထားရပါတယ်။ မော်တော်ယာဉ် စက်ရုံမှာ တရုတ်နိုင်ငံသား ဝန်ထမ်းတွေလည်း ရှိနေပြီး မြန်မာ-  တရုတ် ဖက်စပ်တည်ထောင်  ထားတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ စက်ရုံအတွင်း လုပ်သား ၁၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ရှိပါတယ်။)
Photo- Google


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026