NEWS

မြန်မာအမျိုးသမီး၆ ဦး ဒူဘိုင်းသို့အိမ်အကူလုပ်ရန်ထွက်ခွာလာရာမှအီရတ်နိုင်ငံသို့ ရောင်းစားခံခဲ့ရ

CoverLogo
2K Views

မြန်မာနိုင်ငံသူ ၆ ဦးဟာ ဒူဘိုင်းတွင်အလုပ်လုပ်ကိုင်ရန်သွားရောက်ရာမှ ဒူဘိုင်းမှတစ်ဆင့် အီရတ်နိုင်ငံသို့ ရောင်းစားခံခဲ့ရလို့ အခက်အခဲများကြုံတွေ့နေရတယ်လို့ ရောင်းစားခံခဲ့ရသူ၆ဦးကဆိုထားပါတယ်။ 

 

၎င်းတို့၆ဦးဟာ ဒူဘိုင်းမှတဆင့် အီရတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းခံခဲ့ရပြီး အီရတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရသော်လည်း လုပ်ခလစာရရှိခြင်းမရှိတာကြောင့် မြန်မာ အေးဂျင့်ဖြစ်သူအား ဆက်သွယ်အကြောင်းကြားရာ လျော်ကြေးငွေအမေရိကန်ဒေါ်လာငါးထောင်ပြန်လည်ပေးလျော်မှသာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။  

 

"မြန်မာနိုင်ငံကနေ ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ ရန်ကုန်က အေးဂျင့် ဒေါ်ဇာဇာအောင်အဆက်အသွယ်နဲ့ ၆ ယောက်လာခဲ့တာပါ ဒူဘိုင်းရောက်တော့ ဒူဘိုင်းက အေးဂျင့် ကိုထူးကျော်က လေဆိပ်မှာလာကြိုပြီး ကုလားလင်မယား ၂ ယောက်ဆီကိုပို့ခဲ့ပါတယ်။ ကျွန်မသုံးလကျော်နေပြီ ကျွန်မတို့ကိုအဆင်ပြေလားတစ်ခွန်းမှမပြောဘူး။ အဆက်သွယ်တွေဖြတ်ထားပြီး နောက်ပိုင်းကလူတွေကလည်း အကုန်ဘလော့ထားတယ်။ မြန်မာအေးဂျင့်တွေဆီစာပို့တယ် စာတောင်၀င်မကြည့်ဘူး။ ဒူဘိုင်းကိုလာရာကနေ ခုအီရတ်ကိုပို့ခံထားရပါတယ်။ ကျွန်မတို့မြန်မာလူကုန်တားကိုတိုင်ကြားထားပါတယ်။ ကျွန်မတို့ဘာမှမထူးပါဘူး။ ကျွန်မတို့ထမင်းတစ်နပ်ပဲကျွေးပါတယ်။ မသေရုံပဲစားနေရပါတယ်။ ကျွန်မတို့ရဲ့Live ကိုကြည့်ပြီးတာနဲ့များများ Share ပေးကြပါ။ ကျွန်မတို့၆ယောက်ကိုကူညီပေးကြပါ။ ခုအေးဂျင့်မှာနေရတာအတော်ကိုဒုက္ခရောက်ပါတယ်။ ထမင်းကလည်းမသေရုံစားရတာပါ”လို့ ဆိုပါတယ်။  

 

"အေးဂျင့် ဒေါ်ဇာဇာအောင်ကိုပြောတော့ ကျွန်မတို့ကိုဆူတယ် နောက်ပြီး ဒေါ်လာ ၅၀၀၀ လျော်ပြီးပြန်ခိုင်းတယ် လစာလည်းမရဘဲနဲ့ ကျွန်မတို့က မလျော်နိုင်ဘူးလေ ထမင်းကလည်းတစ်ခါတစ်လေမှစားရတာ"လို့ ဆိုပါတယ်။  

 

အဲ့ဒီအလုပ်သမား၆ဦးကို တစ်ခါတစ်ရံနေ့စားခေါ်ခိုင်းတာဖြစ်ပြီး အဲ့ဒီနေ့စားခ မြန်မာငွေတစ်သိန်းရရှိတာကို အလုပ်သမားတွေကိုနှစ်သောင်းပေးပြီး အေးဂျင့်ကရှစ်သောင်းယူပြီး ထမင်းကိုလည်းသုံးနပ်မစားရဘဲ တစ်နပ်သာစားရတယ်လို့ ဆိုပါတယ်။ 

 

“ကျွန်မတို့အိမ်တွေဝိုင်းတွေပေါင်ပြီးလာရတာပါ။ ခုအိမ်ကနောက်ပိုင်းကလူတွေကပါ ကျွန်မတို့ကိုလိုက်ကူနေရတာပါ။ အဆင်မပြေလို့အလုပ်လာလုပ်တာ။ အီရတ်မှာရောင်းစားခံနေရပါတယ်။ နေ့စားကလည်းရတဲ့တစ်သိန်းကနေ သုံးပုံတစ်ပုံပဲပေးပါတယ်။ ဘယ်သူဌေးဆီမှာပဲ လုပ်လုပ်သူတို့က၂ပုံယူပြီး ကျွန်မတို့ကိုတစ်ပုံပဲပေးပါတယ်”လို့ ဆိုပါတယ်။  

 

အဆိုပါအလုပ်သမားတွေဟာ မြန်မာနိုင်ငံကနေစတင်ထွက်ခွာစဉ်က ဒေါ်လာသုံးရာရမယ်ဆိုတာကြောင့် ထွက်ခွာလုပ်ကိုင်ခဲ့ကြတာဖြစ်ပေမဲ့ အလုပ်ရှင်သူဌေးအိမ်ရောက်ရာတွင် အေးဂျင့်ကဒေါ်လာ၉၀၀ တောင်းတာကြောင့် သူဌေးကမပေးနိုင်ဘူးဆိုကာမြန်မာအေးဂျင့်နဲ့သူဌေးနဲ့ညှိမရတဲ့အကြောင်း သူဌေးကမြန်မာဘာသာပြန်ဆိုပြသပြီး အေးဂျင့်ဆီပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး အေးဂျင့်ဆီအရောက်မှာလည်း နေ့စားခလုပ်ကိုင်စေကာရရှိတဲ့နေ့စားခတစ်သိန်းထဲက နှစ်သောင်းသာရရှိတယ်လို့ သိရပါတယ်။  

 

၎င်းတို့၆ ဦးဟာ ၎င်းတို့ကြုံ တွေ့နေရသည့် အခက်အခဲများအား မြန်မာနိုင်ငံရှိ မိသားစုဝင်များထံဆက်သွယ်အကြောင်းကြားခဲ့သဖြင့် မြန်မာနိုင်ငံရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံဆက်သွယ်အကြောင်းကြား တိုင် တန်းထားတယ်လို့လည်း သိရပါတယ်။ 

 

အဲ့ဒီလိုဖြစ်စဉ်တွေဟာ ဒူဘိုင်းကမြန်မာအလုပ်သမားအများစုရင်ဆိုင်ရတာတွေဖြစ်ပြီး လက်ရှိမှာလည်းမြန်မာအလုပ်သမား၆၀ဦးခန့်ဟာ ဒူဘိုင်းမှာအလုပ်ရရှိမယ်ဆိုတာကြောင့် ထွက်ခွာခဲ့ရာကနေ မြန်မာအေးဂျင့်ရဲ့အခန်းကျဉ်းထဲမှာပဲ အလုပ်မရသေးဘဲ စုပြုံနေရကာတစ်နေ့တစ်နေ့ မသေရုံသာထမင်းမျှတစားနေရတာတွေလည်း များစွာရှိနေတယ်လို့သိရပါတယ်။  

 

ဒူဘိုင်းမှာအိမ်အကူသွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီးအိမ်အကူအလုပ်သမားတွေဟာ ဒူဘိုင်းမှာအလုပ်ရမယ်ဆိုကာ ခေါ်ဆိုခဲ့ပေမဲ့ မိမိတို့ရရှိတဲ့လစာထက်အေးဂျင့်ကပိုတောင်းပြီးအမြဲယူလေ့ရှိတာကြောင့် အေးဂျင့်နဲ့သူဌေးကြားညှိမရတာမျိုးတွေဖြစ်ကာ အလုပ်မရှိတော့ဘဲ မြန်မာအေးဂျင့်ရဲ့အခန်းကျဉ်းထဲမှာ ဖိနှိပ်ခံရမှုတွေနဲ့ တစ်နေ့ထမင်းတစ်နပ်သာစားသောက်နေခဲ့ရတဲ့သူတွေက အိမ်အကူလုပ်ကိုင်ကြသူတိုင်း ခံစားရတယ်လို့လည်း ယင်းတို့ရဲ့ပြောကြားချက်တွေအရ သိရပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026