NEWS

မြန်မာအထည်ချုပ် ကဏ္ဍမှ လုပ်သားခြောက်သောင်းကျော်ဟာ အလုပ်သမား ရပိုင်ခွင့်နဲ့လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဖြစ်ပေါ်နေ

CoverLogo
750 Views

မြန်မာနိုင်ငံမှာ  စစ်အာဏာသိမ်းပြီးနောက်ပိုင်း  မြန်မာအထည်ချုပ် ကဏ္ဍမှ အလုပ်သမား ခြောက်သောင်းကျော်ဟာ အလုပ်သမား ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ပိုပိုများလာတယ်လို့ သိရပါတယ်။

ပြည်ပအခြေစိုက် စီးပွားရေးနှင့်လူ့အခွင့်အရေးအရင်းအမြစ်ဌာနအနေနဲ့  မြန်မာအထည်ချုပ် ကဏ္ဍမှ လုပ်သားခြောက်သောင်းကျော်ဟာ  အလုပ်သမား ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဖြစ်နေပြီး  အလုပ်သမားအခွင့်အရေးချိးဖောက်ခံရမှုဖြစ်စဉ်ပေါင်း ၁၀၄ မှုတို့ အပါ် အချက်အလက်စုဆောင်းပြီး အစီရင်ခံစာတစောင် ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ 

"အခွင့်အရေးချိုးဖောက်နေတာကတော့ Brand တွေကအများဆုံးဆိုတာ ခုမှအသံထွက်တာပါ။ ဖြစ်နေတာကတော့အရင်ကတည်းက အဲ့အပေါ်ကအသံမထွက်လာတာလည်းရှိတသလို ကရုမစိုက်မိတာလည်းရှိမယ်။ ကျွန်မတို့အနေနဲ့ကတော့ အရင်ကတည်းကပြောလာတယ်။ ခုလည်းပြောနေတယ်။ နောက်လည်းဆက်ပြောနေမယ်။ ချိုးဖောက်ရင်ချိုးဖောက်သလိုပြောပါမယ်။  ဘာလို့ သူတို့ကပိုချိုးဖောက်နေကြလည်းဆိုရင် Brand တွေက မြန်မာနိုင်ငံ မြန်မာလုပ်ငန်းရှင်တွေနဲ့  အထည်ချုပ်တွေနဲ့ တိုက်ရိုက်မရှိဘူး။ တရုတ်တို့ကိုရီးယားတို့ဂျပန်တို့ တရုတ်ကအများဆုံးပေါ့။ Brand နဲ့ တရုတ်နဲ့ချုပ်တာ ချုပ်ပြီးအဲ့ကုမ္ပဏီရဲ့လက်အောက်ခံကုမ္ပဏီက မြန်မာမှာလုပ်လို့ အဲ့Brand ကမြန်မာထဲကိုရောက်လာတာပါ။ သူတို့ကအစကတည်းကိုက အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာ။ တာ၀န်ယူမှုမ၇ှိတာ။ လစ်လျူရှုတာ အစိုးရကိုကရုမစိုက်တာ ငွေနဲ့ပေ့ါက်ပီး လုပ်ချင်တာတွေလုပ်နေတာကြောင့် သူတို့တွေကပ်ိုဆိုးတယ်လို့ပြောတာပါ" လို့ ဒါနဲ့ပတ်သက်လို့ အလုပ်သမားအရေးအစဉ်မပြတ်ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်မျိုးအေးက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအထည်ချုပ်လုပ်သားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေရာမှာ  Zara နဲ့ H&M အပါအဝင် ကမ္ဘာ့နာမည်ကြီး အထည်အလိပ်လုပ်ငန်းတွေနဲ့ နာမည်ကြီး Brand တွေ နာမည်ကြီးအထည်အလိပ်ချုပ်နေတဲ့ Adidas ၊ Inditex (Zara and Bershka) ၊ Fast Retailing (Uniqlo) ၊ Hennes & Mauritz (H&M) ၊ Primark အမှတ်တံဆိပ်တွေလည်း စာရင်းပါဝင်နေတယ်လို့  ပြည်ပအခြေစိုက် စီးပွားရေးနှင့်လူ့အခွင့်အရေးအရင်းအမြစ်ဌာနကဖော်ပြထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းတို့အဖွဲ့ပြုစုထားတဲ့  အစီရင်ခံစာမှာလည်း  အထည်ချုပ်စက်ရုံပေါင်း ၇၀ ရှိတဲ့အနက် ကမ္ဘာ့ နာမည်ကြီး ကုန်အမှတ်တံဆိပ် အထည်အလိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ စက်ရုံပေါင်း ၃၂ ရုံမှ အချက်အလက်တွေကိုလည်း ထည့်သွင်းထားတယ်လို့ South China Morning Post ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ  စစ်တပ်အာဏာမသိမ်းခင် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အား ၇ သိန်းခန့် ရှိပြီး အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာတင် အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံး ခဲ့ရပြီး အလုပ်ဆက်ရှိသူတွေထဲက ထက်ဝက်ကျော်လောက်ကလည်း အလုပ်ချိန်တွေ ဖြတ်တောက်ခံနေရတဲ့အကြောင်း (ILO) ကဖော်ပြထားပါတယ်။

အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုူတွေကို  ကိန်းဂဏန်းတွေအတိအကျဖော်ပြထားသော်လည်း လက်ရှိအနေအထားအရ အရေအတွက် တရား၀င်ပြောနိုင်တာတောင်မှ  အခွင့်အရေးချိုးဖောက်မှုတွေက လက်ရှိကိန်းဂဏန်းတွေအရ ပိုများနို်င်တယ်လို့လည်း  အလုပ်သမားအရေးဆောင်ရွက်သူတွေက သုံးသပ်ပြောဆိုထားပါတယ်။


 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026