NEWS

မလေးရှားသို့သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၄၅ ဦး ထိုင်းတောင်ပိုင်း၌ ဖမ်းဆီးခံရ

CoverLogo
990 Views

မလေးရှားသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၅ ဦးတို့က   ထိုင်းနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်ဖြတ်ကျော်စဥ်  ထိုင်းလုံခြုံရေးတပ်ဖွဲ့ရဲ့ဖမ်းဆီး​ခြင်းကို ခံလိုက်ရတယ်လို့ ထိုင်းနိုင်ငံ-မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

''သူတို့က ပွဲစားကို ထိုင်းဘတ်ငွေသုံးသောင်းသို့မဟုတ် သုံးသောင်းခွဲပေးပီးတော့ မလေးရှားထိအလုပ်သွားလုပ်ဖို့အတွက် ထိုင်းနိုင်ငံတောင်ပိုင်းကိုဖြတ်သွားစဥ်ဖမ်းခံကြရတာပါ။ ဒီလိုပဲထိုင်းနိုင်ငံမှာ မကြာခဏဖမ်းခံကြရပါတယ်''လို့ ဆိုပါတယ်။

မလေးရှားသို့သွားရောက်လုပ်ကိုင်မည့်ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ  ထိုင်းနိုင်ငံ တောင်ပိုင်း စွန်ခရာခရိုင်မှတစ်ဆင့် မလေးရှားနိုင်ငံအထိကို ပွဲစားထံသို့ထိုင်းဘတ်ငွေပေးဆောင်းကြပြီး  ဝင်ရောက်လေ့ရှိရာမှာ  မြန်မာလုပ်သား ၄၅ဦးဟာလည်း ဇူလိုင်၁၃ရက်ညက ထိုင်းနိုင်ငံ၊ ပရာ့ကျွပ်ခရိုင်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

တရားမဝင်မြန်မာလုပ်သားများ အမြဲဖမ်းဆီးခံရတတ်တဲ့နေရာ ထိုင်းတောင်ပိုင်းက အလုပ်သမား အခွင့်အရေး လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့နေရာ ဖြစ်သလို လူမှောင်ခိုကူးတဲ့လမ်းကြောင်းတစ်ခုဖြစ်နေတယ်လို့လည်း သုံးသပ်ထားပါတယ်

ယင်းအလုပ်သမားများမှာ  အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား ၃၉ဦးတို့ ဖြစ်ပြီး  မကွေး၊ ရန်ကုန်၊ မြိတ်၊ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှ နေထိုင်သူတွေဖြစ်ကာ  ပွဲစားခဘတ်သုံးသောင်းနှင့်သုံးသောင်းခွဲကို မလေးရှားသို့ရောက်ရှိမှ ပေးချေရမည့်လမ်းကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေဆီ ထွက်ဆိုထားတာပဲဖြစ်ပါတယ်။

 


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026