NEWS

မလေးရှားတွင် အော်ပရာစီစီမံချက်ဖြင့် နေအိမ်တိုက်ခန်းများအတွင်းထိလိုက်လံဖမ်းဆီးနေ

CoverLogo
2.1K Views

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို နေအိမ်တိုက်ခန်းများအတွင်းအထိ ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဩဂုတ်လ ၉ ရက် က မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ဖမ်းစီးခံရတဲ့အထဲမှာတော့ အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၄၁ ဦးနှင့် ကလေး နှစ်ဦး ပါဝင်တယ်။ မြန်မာပြည်မှာက မအလ ကြောင့်ဒုက္ခရောက်လို့ မလေးရှားကို အလည်နဲ့လာ၊ အောက်လမ်းနဲ့လာကြနဲ့ မလေးရှားမှာက ဒီနှစ်ကုန်ထိ အော်ပရာစီအခြေနေက ကောင်းမှာမဟုတ်ဘူး။ ဒီတော့ ဒီရက်ပိုင်းအတွင်းတွေမှာ မလေးရှားလာမဲ့သူတွေ၊ မလေးရှားအတွင်းမှာ နေထိုင်ကြတဲ့ တရားမ၀င်အလုပ်သမားတွေ သတိနဲ့နေကြပါခဗျာ။ မလေးရှား အော်ပရာစီကတော့ ပုံမှန်စွဲနေကြဆိုပေမဲ့ သတိရှိဖို့လိုပါတယ်။ ကြောက်ဖို့ပြောနေတာ မဟုတ်ပါဘူး။ သတိနဲ့နေဖို့ အသိပေးတာပါခဗျာ။ အလည်နဲ့ တက်လာမဲ့သူတွေ အောက်လမ်းနဲ့တက်လာမဲ့သူတွေလည် အချိန်အနည်းငယ်စောင့်လိုက်လို့ ဘာမှ မဖြစ်သွားပါဘူး။ ဒီအချိန်မှာတော့ငြိမ်နေတာပဲကောင်းပါတယ်”လို့ မလေးရှားရောက်မြန်မာအလုပ်သမား တစ်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဩဂုတ်လ ၉ ရက် ညသန်းခေါင်အချိန်မှာ  မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက်ကာတိုက်ခန်းတံခါးများဖြိုဖျက်ကာ ၀င်ရောက်ဖမ်းဆီးမှုတွေပြလုပ်နေတာပဲဖြစ်ပါတယ်။

ဒါဟာ လူနေတိုက်ခန်းတွေမှာ  နိုင်ငံခြားသားတွေ တရားမဝင် ဝင်ရောက်နေထိုင်နေတယ်လို့ သတင်းပေးလာတာကြောင့် အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာမှာ တံခါးဖွင့်ပေးခြင်းမရှိတာကြောင့် တံခါးများရိုက်ဖွင့်ခဲ့ပြီး  မြန်မာအလုပ်သမား ၁၁၅ဦး အပါအဝင် နိုင်ငံခြားသား ၁၇၅ ဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံသား ၁၁၅ ဦး၊ အင်ဒိုနီးရှား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ နီပေါ ၉ ဦး၊ သီရိလင်္ကာ ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ပါဝင်ပြီး ဖမ်းဆီးခံရသူအများစုသည် မလေးရှားနိုင်ငံတွင် သန့်ရှင်းရေး၊ စားသောက်ဆိုင်အကူ၊ စက်ရုံ အလုပ်ရုံများမှ အအလုပ်သမားနှင့် ဆိုင်အလုပ်သမားများဖြစ်ကြပြီး အထောက်အထားမရှိခြင်း၊ အလည်ဗီဇာသက်တမ်းကုန်နေခြင်း၊ Work Permit သက်တမ်းကုန်နေခြင်းတို့ တွေ့ရှိရကြောင်း ဖော်ပြထားတာပါ။

ဒါ့အပြင် ဖမ်းဆီးစစ်ဆေးခံရသော မြန်မာအလုပ်သမားအချို့တွင် UNHCR က ထုတ်ပေးထားသော ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည်ကို တွေ့ရပြီး ၎င်းတို့သည် မိသားစုအလိုက် နေထိုင်နေကြတာဖြစ်ပြီး  ရခိုင်ပြည်နယ်မှ UNHCR ကတ် ကိုင်ဆောင်ထားသူများသည်လည်း တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ခေါ်တင်ကာ နေထိုင်နေကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မလေးရှာအစိုးရသည် ၂၀၂၂ ခုနှစ် မေ ၃၀ ရက်အထိ တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို နေရပ်ပြန်ရန် ထုတ်ပြန်ခဲ့ပြီး ဇူလိုင်၃၀ရက်မှစ၍ အော်ပရာစီစီမံချက်ဖြင့် စက်ရုံ ၊ အလုပ်ရုံများနှင့် ရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာနေရာများတွင် တရားမဝင် အလုပ်သမားများကို ရှာဖွေစစ်ဆေး၊ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေတာပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေအရေးနဲ့ပက်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUGက ထုတ်ပြန်ထားပါတယ်။

MyanmarLabourNews


Related posts

Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026